
ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့ရဲ့ဝါရင့်ကွင်းလယ်လူဖြစ်တဲ့ လူကာမိုဒရစ်ကို
စာချုပ်သက်တမ်းတိုးလိုနေပြီး ၂၀၂၃ အထိအသင်းမှာ ဆက်ရှိစေဖို့
ရည်ရွယ်ကြိုးစားနေကြောင်း မာကာ သတင်းစာကြီးကဖော်ပြလိုက်ပါတယ်။
ခရိုအေးရှားကွင်းလယ််လူဖြစ်တဲ့ မိုဒရစ်ဟာ အသက် ၃၆ နှစ်ရှိနေပြီဖြစ်ပေမယ့်
အဆင့်မြင့်မားစွာကစားနိုင်စွမ်းရှိနေသေးပြီးပွဲစဥ်တစ်ခုကို
လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိနေပါသေးတယ်။ သူဟာ ခရိုအေးရှားအသင်းကို
၂၀၁၈ ကမ္ဘာ့ဖလားမှာဗိုလ်လုပွဲတက်အောင် ဦးဆောင်နိုင်ခဲ့ပြီးနောက်
လက်ရွေးစင်ဘဝကနေ အနားယူ နိုင်တယ်လို့ ခန့်မှန့်းခဲ့ကြပေမယ့်
အခုချိန်အထိပါဝင်ကစားနေဆဲဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ
အောင်မြင်စေဖို့လည်း ကူညီပေးနိုင် ခဲ့ပါတယ်။ မကြာသေးခင်က
ရီးရဲလ်ကသူတို့ရဲ့မဟာပြိုင်ဘက် ဘာစီလိုနာ ကိုအနိုင်ရခဲ့ရာမှာလည်း
၂၀၁၈အတွက် Ballon d’Or ဆုရှင်မိုဒရစ်ဟာအသင်းကို
မောင်းနှင်ပေးနိုင်သူဖြစ်ခဲ့ပါတယ်။ ရီးရဲလ်ကိုရောက်လာတာ ၉ နှစ်ရှိပြီဖြစ်တဲ့
မိုဒရစ်ဟာ ပြန်လည်မွမ်းမံပြီးတဲ့ ဘာနေဗျူးကွင်းကြီးမှာကစားလိုတဲ့ဆန္ဒ
ရှိနေတဲ့အတွက် သူတို့အကြားမှာ မကြာခင်သဘောတူညီချက်ရလိမ့်မယ်လို့လည်းသိရပါတယ်။
ဘာနေဗျူးကွင်းကိုအကြီးစားပြင်ဆင်မှုတွေပြုလုပ်နေ ပြီး
၂၀၂၂ မှာပြီးစီးမှာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၃ အထိစာချုပ်ဖြစ်ခဲ့ရင်
မိုဒရစ်ဟာ ရီးရဲလ်မှာ ၁၁ ရာသီကြာကစားတဲ့မှတ်တမ်းကိုရရှိ မှာဖြစ်ပါတယ်။
သူရီးရဲလ်ကိုမရောက်ခင်မှာ မန်ယူကအသည်းအသန်အလိုရှိခဲ့သေးပြီး
အဲဒီတုန်းကသူ့အသင်းဖြစ်တဲ့ စပါးဟာပြောင်း ရွှေ့ကြေးပိုပေးခဲ့တဲ့
ရီးရဲလ်ကိုဘဲရောင်းချလိုက်တာဖြစ်ပါတယ်။ သူ့ကိုလက်ရှိနည်းပြအန်စလော့တီ
ရီးရဲလ်ကိုပထမအကြိမ်ကိုင်တွယ်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကခေါ်ယူခဲ့ တာဖြစ်ပြီး
ကွင်းလယ်မှာ တိုနီခရူးစ်နဲ့တွဲဖက်ကာအထိုင်ချခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာ အန်စလော့တီဟာရီးရဲလ်နဲ့လမ်းခွဲခဲ့သေး ပေမယ့် မိုဒရစ်နဲ့
ခရူးစ် တို့အတွဲဟာမကြာသေးခင်နှစ်တွေက ရီးရဲလ်မက်ဒရစ်အသင်း
ချန်ပီယံလိဂ်ဖလားကို ၄ ကြိမ်ရယူနိုင်ခဲ့မှုမှာ အဓိ ကကျတဲ့ထောက်တိုင်တွေ
ဖြစ်ခဲ့ပါတယ်။ အန်စလော့တီဟာပြီးခဲ့တဲ့နွေရာသီက ရီးရဲလ်ကို
ပြန်လည်တာဝန်ယူခဲ့ပြီးနောက် ကွင်းလယ်ပိုင်း မှာ မိုဒရစ်ကိုသာမက
ခရူးစ်နဲ့ ကက်စ်မဲရိုး တို့ကိုအားထားနေဆဲဖြစ်လို့ ကျန်တဲ့နှစ်ယောက်ကိုလည်း
ရီးရဲလ်က စာချုပ်သစ်ချုပ်လိုနေတယ်လို့ သိရပါတယ်။
zawgyi
ဒရစ္ကိုစာခ်ဳပ္သက္တမ္းတိုးလိုေနၿပီး ၂၀၂၃ အထိအသင္းမွာ ဆက္ရွိေစဖို႔ ရည္႐ြယ္ႀကိဳးစားေနတဲ့ ရီးရဲလ္
ရီးရဲလ္မက္ဒရစ္အသင္းဟာ သူတို႔ရဲ႕ဝါရင့္ကြင္းလယ္လူျဖစ္တဲ့ လူကာမိုဒရစ္ကို
စာခ်ဳပ္သက္တမ္းတိုးလိုေနၿပီး ၂၀၂၃ အထိအသင္းမွာ ဆက္ရွိေစဖို႔
ရည္႐ြယ္ႀကိဳးစားေနေၾကာင္း မာကာ သတင္းစာႀကီးကေဖာ္ျပလိုက္ပါတယ္။
ခ႐ိုေအးရွားကြင္းလယ္္လူျဖစ္တဲ့ မိုဒရစ္ဟာ အသက္ ၃၆ ႏွစ္ရွိေနၿပီျဖစ္ေပမယ့္
အဆင့္ျမင့္မားစြာကစားႏိုင္စြမ္းရွိေနေသးၿပီးပြဲစဥ္တစ္ခုကို
လႊမ္းမိုးႏိုင္စြမ္းအျပည့္ရွိေနပါေသးတယ္။ သူဟာ ခ႐ိုေအးရွားအသင္းကို
၂၀၁၈ ကမာၻ႔ဖလားမွာဗိုလ္လုပြဲတက္ေအာင္ ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္
လက္ေ႐ြးစင္ဘဝကေန အနားယူ ႏိုင္တယ္လို႔ ခန႔္မွန႔္းခဲ့ၾကေပမယ့္
အခုခ်ိန္အထိပါဝင္ကစားေနဆဲျဖစ္ၿပီး ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲ
ေအာင္ျမင္ေစဖို႔လည္း ကူညီေပးႏိုင္ ခဲ့ပါတယ္။ မၾကာေသးခင္က
ရီးရဲလ္ကသူတို႔ရဲ႕မဟာၿပိဳင္ဘက္ ဘာစီလိုနာ ကိုအႏိုင္ရခဲ့ရာမွာလည္း
၂၀၁၈အတြက္ Ballon d’Or ဆုရွင္မိုဒရစ္ဟာအသင္းကို
ေမာင္းႏွင္ေပးႏိုင္သူျဖစ္ခဲ့ပါတယ္။ ရီးရဲလ္ကိုေရာက္လာတာ ၉ ႏွစ္ရွိၿပီျဖစ္တဲ့
မိုဒရစ္ဟာ ျပန္လည္မြမ္းမံၿပီးတဲ့ ဘာေနဗ်ဴးကြင္းႀကီးမွာကစားလိုတဲ့ဆႏၵ
ရွိေနတဲ့အတြက္ သူတို႔အၾကားမွာ မၾကာခင္သေဘာတူညီခ်က္ရလိမ့္မယ္လို႔လည္
းသိရပါတယ္။ ဘာေနဗ်ဴးကြင္းကိုအႀကီးစားျပင္ဆင္မႈေတြျပဳလုပ္ေန ၿပီ
း ၂၀၂၂ မွာၿပီးစီးမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ၂၀၂၃ အထိစာခ်ဳပ္ျဖစ္ခဲ့ရင္
မိုဒရစ္ဟာ ရီးရဲလ္မွာ ၁၁ ရာသီၾကာကစားတဲ့မွတ္တမ္းကိုရရွိ မွာျဖစ္ပါတယ္။
သူရီးရဲလ္ကိုမေရာက္ခင္မွာ မန္ယူကအသည္းအသန္အလိုရွိခဲ့ေသးၿပီး
အဲဒီတုန္းကသူ႔အသင္းျဖစ္တဲ့ စပါးဟာေျပာင္း ေ႐ႊ႕ေၾကးပိုေပးခဲ့တဲ့
ရီးရဲလ္ကိုဘဲေရာင္းခ်လိုက္တာျဖစ္ပါတယ္။ သူ႔ကိုလက္ရွိနည္းျပအန္စေလာ့တီ
ရီးရဲလ္ကိုပထမအႀကိမ္ကိုင္တြယ္ခဲ့တဲ့ ၂၀၁၂ ခုႏွစ္ကေခၚယူခဲ့ တာျဖစ္ၿပီး
ကြင္းလယ္မွာ တိုနီခ႐ူးစ္နဲ႔တြဲဖက္ကာအထိုင္ခ်ခဲ့တာျဖစ္ပါတယ္။
ေနာက္ပိုင္းမွာ အန္စေလာ့တီဟာရီးရဲလ္နဲ႔လမ္းခြဲခဲ့ေသး ေပမယ့္ မိုဒရစ္နဲ႔
ခ႐ူးစ္ တို႔အတြဲဟာမၾကာေသးခင္ႏွစ္ေတြက ရီးရဲလ္မက္ဒရစ္အသင္း
ခ်န္ပီယံလိဂ္ဖလားကို ၄ ႀကိမ္ရယူႏိုင္ခဲ့မႈမွာ အဓိ ကက်တဲ့ေထာက္တိုင္ေတြ
ျဖစ္ခဲ့ပါတယ္။ အန္စေလာ့တီဟာၿပီးခဲ့တဲ့ေႏြရာသီက ရီးရဲလ္ကို
ျပန္လည္တာဝန္ယူခဲ့ၿပီးေနာက္ ကြင္းလယ္ပိုင္း မွာ မိုဒရစ္ကိုသာမက
ခ႐ူးစ္နဲ႔ ကက္စ္မဲ႐ိုး တို႔ကိုအားထားေနဆဲျဖစ္လို႔ က်န္တဲ့ႏွစ္ေယာက္ကိုလည္း
ရီးရဲလ္က စာခ်ဳပ္သစ္ခ်ဳပ္လိုေနတယ္လို႔ သိရပါတယ္။