ဒမ်ဘီလီဟာ လေ့ကျင့်ရေးကွင်းကို (၃)မိနစ်နောက်ကျပြီးမှရောက်ခဲ့တဲ့ ဒဏ်ငွေချမှတ်ခံရဖို့ရှိနေ

ဘာစီလိုနာအသင်းတောင်ပံတိုက်စစ်ကစားသမားအူစမန်ဒမ်ဘီလီဟာ

လေ့ကျင့်ရေးကွင်းကို သတ်မှတ်ထားတဲ့အချိန်ထက် (၃)မိနစ်နောက်ကျပြီးမှ

ရောက်ခဲ့တာကြောင့် နည်းပြသစ်ဇာဗီလက်ထက်မှာ ပထမဆုံးဒဏ်ငွေရိုက်ခံရမယ့်

ကစားသမားဖြစ်လာဖို့ရှိနေပါပြီ။ ပြီးခဲ့တဲ့တစ်ပတ်က ဘာစီလိုနာအသင်း

နည်းပြသစ်အဖြစ်ခန့်အပ်ခံခဲ့ရသူဇာဗီဟာ ကစားသမားတွေမဖြစ်မနေလိုက်နာရမယ့်

စည်းကမ်း(၁၀)ချက်ကို သတ်မှတ်လိုက်ပြီး မလိုက်နာတဲ့သူတွေကို

ဒဏ်ငွေချမှတ်သွားမှာဖြစ်သလို အဲဒီစည်းကမ်းတွေထဲမှာ မနက်တိုင်း

ပုံမှန်(၁၀)နာရီစတင်မယ့် လေ့ကျင့်ခန်းအစီအစဉ်ကို မနက်(၈:၃၀)နောက်ဆုံးထားပြီးတော့

လေ့ကျင့်ရေးကွင်းဆီရောက်ရမှာဖြစ်ပါတယ်။

ဇာဗီက အသင်းသားတွေကြားမှာ စည်းလုံးမှုရှိအောင် လေ့ကျင့်ခန်းမစခင် အဆာပြေမနက်စာကို

အားလုံးစုပြီးစားသောက်တဲ့ပုံစံမျိုး ဖန်တီးချင်တာဖြစ်ပြီး ဒမ်ဘီလီဟာ

ကံမကောင်းစွာနဲ့ပဲ မနက်(၈:၃၃)အချိန်မှ လေ့ကျင့်ရေးကွင်းဆီရောက်လာလို့

ဒဏ်ငွေချမှတ်ခံရဖို့ရှိနေတာပါ။ ESPN သတင်းဌာနက သတင်းထောက်တစ်ဦးဖြစ်တဲ့

ယော်ဒီဘလန်ကိုဒတ်ချ်က “ဒမ်ဘီလီဟာ လေ့ကျင့်ရေးကွင်းကို နောက်ကျပြီးမှ

ရောက်လာတဲ့အတွက် ဒဏ်ငွေဆောင်ရမယ့် ပထမဆုံးဘာစီလိုနာကစားသမား

ဖြစ်လာတော့မှာပါ။ သူက လေ့ကျင့်ရေးကွင်းကို မနက်(၈:၃၃)မိနစ်မှာရောက်ခဲ့ပေမယ့်

အဝတ်လဲခန်းထဲကို (၈:၃၀)ထက်နောက်မကျဘဲ အရောက်လာရမယ်ဆိုပြီး

စည်းကမ်းသတ်မှတ်ထားတာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က ဒေ့ါမွန်အသင်းဆီကနေ ဘာစီလိုနာကိုပြောင်းရွှေ့ခဲ့သူ

ဒမ်ဘီလီဟာ ဘာစီလိုနာကစားသမားဘဝတစ်လျှောက် ဒဏ်ရာပြဿနာတွေနဲ့သာ

ရုန်းကန်နေရပြီး ဒူးဒဏ်ရာကြောင့် (၅)လအထိအနားယူခဲ့ရပြီးမှ အခုလအစောပိုင်းက

ဒိုင်နမိုကိဗစ်နဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပေမယ့် ဘယ်ဘက်တံကောက်ကြေ

ာကြွက်သားဒဏ်ရာ ထပ်မံရရှိခဲ့တာဖြစ်ပါတယ်။ အခုလောလောဆယ်

ဒမ်ဘီလီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သတင်းအမျိုးမျိုးထွက်နေပေမယ့်

ဇာဗီကတော့ ဒမ်ဘီလီကို အသင်းမှာဆက်ရှိနေအောင် ကြိုးပမ်းသွားမယ်လို့ဆိုခဲ့ပါတယ်။