
ဆွေးနွေးမှုဟာ နောက်ဆုံးအချီအရောက်မှာ
သဘောတူညီမှုမရဘဲ ပျက်ပြယ်သွားခဲ့ပါတယ်။
ဒါကြောင့် အဲဒီပြင်သစ်သားဟာ လာမယ့်ဇန်နဝါရီမှာ
တခြားကလပ်တွေနဲ့ အပြောင်းအရွှေ့ကိစ္စစကားပြောလို့ ရသွားပါပြီ။
ဒမ်ဘီလီဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းနောက်ဆုံး ၆ လထဲ
ရောက်တော့မှာဖြစ်ပြီး ဘာစီလိုနာဘက်က ကစားသမားဟာ
စာချုပ်သစ်ချုပ်ချင်နေတယ်လို့ ဆိုနေပေမယ့် ဒမ်ဘီလီကတော့
ဆွေးနွေးမှုတွေမှာ ထပ်ခါထပ်ခါနောက်ဆုတ်နေတာပါ။
ဘာစီလိုနာဟာ ဇန်နဝါရီမတိုင်ခင်မှာ ဒမ်ဘီလီဆီကနေ
အဖြေတစ်ခုရဖို့ မျှော်လင့်ထားတာပါ။
ဒါပေမဲ့ စပိန်က AS သတင်းစာရဲ့ဖော်ပြချက်အရ ဘာစီလိုနာဘက်က
လစာလျှော့ချင်နေမှုကို ဒမ်ဘီလီနဲ့သူ့အေးဂျင့်တို့က စိတ်ပျက်နေတယ်လို့ သိရပါတယ်။
ကလပ်ရဲ့ငွေကြေးအခြေအနေကြောင့် ဒမ်ဘီလီဘက်က
လစာလျှော့ပေးဖို့ အစီအစဉ်ရှိပေမယ့် လစာလျှော့တဲ့ငွေတွေနဲ့
မန်စီတီးက ဖာရန်တောရက်စ်ကို ခေါ်ယူခဲ့တာနဲ့ပတ်သက်လို့ မကျေနပ်ဖြစ်နေပါတယ်။
ဒါ့အပြင် ဒမ်ဘီလီရဲ့အေးဂျင့်က ပိုပြီးမြင့်မားတဲ့လစာနဲ့ ကမ်းလှမ်းလာမယ့်
အခြားအသင်းတွေရှိနေတာကိုလည်း သတိထားမိနေပါတယ်။
ဒါကြောင့်လည်း ဒမ်ဘီလီအတွက် စာချုပ်သစ်ဆွေးနွေးမှုဟာ ပျက်ပြယ်သွားခဲ့တာပါ။
ဘာစီလိုနာကလည်း ရာသီကုန်မှာ အလွတ်ထွက်ခွင့်ပေးလိုက်တာထက်
လာမယ့်ဇန်နဝါရီမှာပဲ ဒမ်ဘီလီကိုရောင်းချမယ့်အနေအထားရှိပါတယ်။
၂၄ နှစ်အရွယ် အဲဒီပြင်သစ်သားကို ခေါ်ယူလိုတဲ့အသင်းတွေကလည်း မရှားပါဘူး။
တကယ်လို့ ဒမ်ဘီလီကို ရောင်းချမယ်ဆိုရင် ဘာစီလိုနာတွက်တော့
ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုတော့ ဖြစ်မှာပါ။
ဘာကြောင့်လဲဆိုတော့ ၂၀၁၇ မှာ ဒေါ့မန်ကနေ ခေါ်ယူခဲ့စဉ်က
ဒမ်ဘီလီအတွက် ပေါင် ၁၃၅.၅ သန်းတောင်ပေးခဲ့ရတာပါ။
zawgyi
ဒမ္ဘီလီနဲ႔ ဘာစီလိုနာတို႔ၾကား ေနာက္ဆုံးအခ်ီအေရာက္မွာ သေဘာတူညီမႈမရဘဲ ပ်က္ျပယ္သြားခဲ့
ေဆြးေႏြးမႈဟာ ေနာက္ဆုံးအခ်ီအေရာက္မွာ
သေဘာတူညီမႈမရဘဲ ပ်က္ျပယ္သြားခဲ့ပါတယ္။
ဒါေၾကာင့္ အဲဒီျပင္သစ္သားဟာ လာမယ့္ဇန္နဝါရီမွာ
တျခားကလပ္ေတြနဲ႔ အေျပာင္းအေ႐ႊ႕ကိစၥစကားေျပာလို႔ ရသြားပါၿပီ။
ဒမ္ဘီလီဟာ ဘာစီလိုနာနဲ႔ စာခ်ဳပ္သက္တမ္းေနာက္ဆုံး ၆ လထဲ
ေရာက္ေတာ့မွာျဖစ္ၿပီး ဘာစီလိုနာဘက္က ကစားသမားဟာ
စာခ်ဳပ္သစ္ခ်ဳပ္ခ်င္ေနတယ္လို႔ ဆိုေနေပမယ့္ ဒမ္ဘီလီကေတာ့
ေဆြးေႏြးမႈေတြမွာ ထပ္ခါထပ္ခါေနာက္ဆုတ္ေနတာပါ။
ဘာစီလိုနာဟာ ဇန္နဝါရီမတိုင္ခင္မွာ ဒမ္ဘီလီဆီကေန
အေျဖတစ္ခုရဖို႔ ေမွ်ာ္လင့္ထားတာပါ။
ဒါေပမဲ့ စပိန္က AS သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ဘာစီလိုနာဘက္က
လစာေလွ်ာ့ခ်င္ေနမႈကို ဒမ္ဘီလီနဲ႔သူ႔ေအးဂ်င့္တို႔က စိတ္ပ်က္ေနတယ္လို႔ သိရပါတယ္။
ကလပ္ရဲ႕ေငြေၾကးအေျခအေနေၾကာင့္ ဒမ္ဘီလီဘက္က
လစာေလွ်ာ့ေပးဖို႔ အစီအစဥ္ရွိေပမယ့္ လစာေလွ်ာ့တဲ့ေငြေတြနဲ႔
မန္စီတီးက ဖာရန္ေတာရက္စ္ကို ေခၚယူခဲ့တာနဲ႔ပတ္သက္လို႔ မေက်နပ္ျဖစ္ေနပါတယ္။
ဒါ့အျပင္ ဒမ္ဘီလီရဲ႕ေအးဂ်င့္က ပိုၿပီးျမင့္မားတဲ့လစာနဲ႔ ကမ္းလွမ္းလာမယ့္
အျခားအသင္းေတြရွိေနတာကိုလည္း သတိထားမိေနပါတယ္။
ဒါေၾကာင့္လည္း ဒမ္ဘီလီအတြက္ စာခ်ဳပ္သစ္ေဆြးေႏြးမႈဟာ ပ်က္ျပယ္သြားခဲ့တာပါ။
ဘာစီလိုနာကလည္း ရာသီကုန္မွာ အလြတ္ထြက္ခြင့္ေပးလိုက္တာထက္
လာမယ့္ဇန္နဝါရီမွာပဲ ဒမ္ဘီလီကိုေရာင္းခ်မယ့္အေနအထားရွိပါတယ္။
၂၄ ႏွစ္အ႐ြယ္ အဲဒီျပင္သစ္သားကို ေခၚယူလိုတဲ့အသင္းေတြကလည္း မရွားပါဘူး။
တကယ္လို႔ ဒမ္ဘီလီကို ေရာင္းခ်မယ္ဆိုရင္ ဘာစီလိုနာတြက္ေတာ့
ႀကီးမားတဲ့ဆုံးရႈံးမႈတစ္ခုေတာ့ ျဖစ္မွာပါ။
ဘာေၾကာင့္လဲဆိုေတာ့ ၂၀၁၇ မွာ ေဒါ့မန္ကေန ေခၚယူခဲ့စဥ္က
ဒမ္ဘီလီအတြက္ ေပါင္ ၁၃၅.၅ သန္းေတာင္ေပးခဲ့ရတာပါ။