ဒမ်ဘီလီက အမ်ဘက်ပီထက် ပိုကောင်းတယ်ဆိုတဲ့ ဘာစီလိုနာဥက္ကဌ

မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့သတင်းတွေအရဆိုရင်

ဘာစီလိုနာဥက္ကဌလာပေါ်တီဟာ သူ့အသင်းကစားသမားဒမ်ဘီလီကို

ပီအက်စ်ဂျီကြယ်ပွင့်အမ်ဘက်ပီနဲ့ နှိုင်းယှဉ်မှုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဲဒီပြင်သစ်တောင်ပံကစားသမားဟာ ၂၀၁၇ တုန်းက ဘာစီလိုနာကို

မျှော်လင့်ချက်ကြီးမားစွာနဲ့ ရောက်လာခဲ့တာဖြစ်ပေမယ့်

ဒဏ်ရာနဲ့ကြံ့ခိုင်မှုပိုင်းဆိုင်ရာပြသနာတွေကြောင့် ထင်ထားသလို မဖြစ်ခဲ့ပါဘူး။

ကြံ့ခိုင်နေချိန်မှာတောင် ဒမ်ဘီလီဟာ သူ့အတွက်ပေးရတဲ့ဈေးနဲ့

ထိုက်တန်တဲ့ခြေစွမ်းမျိုး မပြနိုင်ဖြစ်နေပါတယ်။

အဲဒါကြောင့်လည်း အဲဒီဒေါ့မန်ကစားသမားဟောင်းရဲ့ နူးကမ့်က

အနာဂါတ်နဲ့ပတ်သက်လို့ ခန့်မှန်းပြောဆိုမှုတွေ အမျိုးမျိုးရှိခဲ့ပါတယ်။

ဒါပေမဲ့ ဘာစီလိုနာဟာ သူ့ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့လုပ်နေသလို

ထိပ်တန်းကစားသမားတစ်ယောက်အဖြစ် သူ့စွမ်းဆောင်နိုင်မှုကို ယုံကြည်နေဆဲပါပဲ။

စပိန်ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ နာဗာရိုကလည်း

အသင်းဥက္ကဌလာပေါ်တီဟာ ၂၄ နှစ်အရွယ် ဒမ်ဘီလီကို

မြင့်မြင့်မားမားသတ်မှတ်ထားဆဲဖြစ်ကြောင်း ဆိုပါတယ်။

ဒမ်ဘီလီဟာ ပီအက်စ်ဂျီက အမ်ဘက်ပီထက်တောင် ပိုကောင်းကြောင်း

လာပေါ်တီက ပြောခဲ့တယ်လို့ နာဗာရိုက ဆိုခဲ့တာပါ။

ဒမ်ဘီလီဟာ အဲဒီကာတာလန်ကလပ်အတွက် ၈၁ ပွဲမှာ ၁၈ ဂိုးသာ

သွင်းပေးနိုင်သေးပေမယ့် အမ်ဘက်ပီကတော့ ပီအက်စ်ဂျီအတွက်

၁၈၇ ပွဲမှာ ၁၃၉ ဂိုးသွင်းပေးထားတာပါ။ ဒီလိုပဲ ဘာစီလိုနာနည်းပြသစ်ဇာဗီကလည်း

သူ့ရဲ့သတင်းစာရှင်းလင်းပွဲမှာ ဒမ်ဘီလီကို စာချုပ်သက်တမ်းတိုးနိုင်ဖို့

အရေးကြီးကြောင်း ဖွင့်ဟထားပါတယ်။

ပြန်လည်ခေါ်ယူထားတဲ့ အသင်းဂန္ထဝင်ဒန်နီအဲလ်ဗက်စ်ကလည်း

ဒမ်ဘီလီဟာ ကလပ်အတွက် အရေးပါကြောင်း အခိုင်အမာဆိုခဲ့ပါတယ်။

Zawgyi

ဒမ္ဘီလီက အမ္ဘက္ပီထက္ ပိုေကာင္းတယ္ဆိုတဲ့ ဘာစီလိုနာဥကၠဌ

မၾကာေသးခင္က ထြက္ေပၚခဲ့တဲ့သတင္းေတြအရဆိုရင္

ဘာစီလိုနာဥကၠဌလာေပၚတီဟာ သူ႔အသင္းကစားသမားဒမ္ဘီလီကို

ပီအက္စ္ဂ်ီၾကယ္ပြင့္အမ္ဘက္ပီနဲ႔ ႏႈိင္းယွဥ္မႈလုပ္ခဲ့ေၾကာင္း သိရပါတယ္။

အဲဒီျပင္သစ္ေတာင္ပံကစားသမားဟာ ၂၀၁၇ တုန္းက ဘာစီလိုနာကို

ေမွ်ာ္လင့္ခ်က္ႀကီးမားစြာနဲ႔ ေရာက္လာခဲ့တာျဖစ္ေပမယ့္

ဒဏ္ရာနဲ႔ႀကံ့ခိုင္မႈပိုင္းဆိုင္ရာျပသနာေတြေၾကာင့္ ထင္ထားသလို မျဖစ္ခဲ့ပါဘူး။

ႀကံ့ခိုင္ေနခ်ိန္မွာေတာင္ ဒမ္ဘီလီဟာ သူ႔အတြက္ေပးရတဲ့ေဈးနဲ႔

ထိုက္တန္တဲ့ေျခစြမ္းမ်ိဳး မျပႏိုင္ျဖစ္ေနပါတယ္။

အဲဒါေၾကာင့္လည္း အဲဒီေဒါ့မန္ကစားသမားေဟာင္းရဲ႕ ႏူးကမ့္က

အနာဂါတ္နဲ႔ပတ္သက္လို႔ ခန႔္မွန္းေျပာဆိုမႈေတြ အမ်ိဳးမ်ိဳးရွိခဲ့ပါတယ္။

ဒါေပမဲ့ ဘာစီလိုနာဟာ သူ႔ကို စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔လုပ္ေနသလို

ထိပ္တန္းကစားသမားတစ္ေယာက္အျဖစ္ သူ႔စြမ္းေဆာင္ႏိုင္မႈကို ယုံၾကည္ေနဆဲပါပဲ။

စပိန္ဂ်ာနယ္လစ္တစ္ေယာက္ျဖစ္တဲ့ နာဗာ႐ိုကလည္း

အသင္းဥကၠဌလာေပၚတီဟာ ၂၄ ႏွစ္အ႐ြယ္ ဒမ္ဘီလီကို

ျမင့္ျမင့္မားမားသတ္မွတ္ထားဆဲျဖစ္ေၾကာင္း ဆိုပါတယ္။

ဒမ္ဘီလီဟာ ပီအက္စ္ဂ်ီက အမ္ဘက္ပီထက္ေတာင္ ပိုေကာင္းေၾကာင္း

လာေပၚတီက ေျပာခဲ့တယ္လို႔ နာဗာ႐ိုက ဆိုခဲ့တာပါ။

ဒမ္ဘီလီဟာ အဲဒီကာတာလန္ကလပ္အတြက္ ၈၁ ပြဲမွာ ၁၈ ဂိုးသာ

သြင္းေပးႏိုင္ေသးေပမယ့္ အမ္ဘက္ပီကေတာ့ ပီအက္စ္ဂ်ီအတြက္

၁၈၇ ပြဲမွာ ၁၃၉ ဂိုးသြင္းေပးထားတာပါ။ ဒီလိုပဲ ဘာစီလိုနာနည္းျပသစ္ဇာဗီကလည္း

သူ႔ရဲ႕သတင္းစာရွင္းလင္းပြဲမွာ ဒမ္ဘီလီကို စာခ်ဳပ္သက္တမ္းတိုးႏိုင္ဖို႔

အေရးႀကီးေၾကာင္း ဖြင့္ဟထားပါတယ္။

ျပန္လည္ေခၚယူထားတဲ့ အသင္းဂႏၴဝင္ဒန္နီအဲလ္ဗက္စ္ကလည္း

ဒမ္ဘီလီဟာ ကလပ္အတြက္ အေရးပါေၾကာင္း အခိုင္အမာဆိုခဲ့ပါတယ္။