ဒမ်ဘီလီကို စာချုပ်သစ်ချုပ်ရင်ချုပ်၊ မဟုတ်ရင် အသင်းကနေထွက်သွားဖို့ ဇာဗီ သတိပေး

ဘာစီလိုနာအသင်းနည်းပြဇာဗီက အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား

ဒမ်ဘီလီကို စာချုပ်သစ်ချုပ်ရင်လည်းချုပ်၊ မဟုတ်ရင်လည်း

အသင်းကနေထွက်သွားဖို့ ပြတ်ပြတ်သားသားသတိပေးလိုက်ပြီဖြစ်ပါတယ်။

အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်တိုက်စစ်ကစားသမား

ဒမ်ဘီလီဟာ ၂၀၁၇ ခုနှစ်တုန်းက ဒေ့ါမွန်အသင်းကနေ

ဘာစီလိုနာအသင်းကို ပေါင်(၉၇)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး

အစောပိုင်းနှစ်တွေတုန်းက အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့်

နောက်ပိုင်းမှာတော့ ဒဏ်ရာတွေနဲ့သာ ရုန်းကန်ခဲ့ရသလို

ဒီရာသီ လာလီဂါမှာလည်း(၆)ပွဲသာကစားခဲ့ရပါတယ်။

ဒမ်ဘီလီရဲ့လက်ရှိစာချုပ်က အခုရာသီကုန်ကျရင်

သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် ဘာစီလိုနာအသင်းက

စာချုပ်သစ်ချုပ်ဖို့ကြိုးစားနေပေမယ့် ကစားသမားက

လစာငွေတိုးမြှင့်လိုချင်နေတာကြောင့် အဆင်မပြေဖြစ်နေပြီး ကြန့်ကြာနေတာပါ။

အခုအချိန်မှာ ဇာဗီလည်း စိတ်မရှိတော့တဲ့အတွက်

ဒမ်ဘီလီကို စာချုပ်သစ်ချုပ်မလား၊ အခုဇန်နဝါရီမှာ အသင်းကနေ

ထွက်မလားလို့ ရွေးချယ်ခိုင်းလိုက်ပြီဖြစ်ပါတယ်။

ဇာဗီက “ဒမ်ဘီလီရဲ့စာချုပ်အနေအထားနဲ့ပတ်သက်တဲ့ကိစ္စက

နည်းနည်းတော့ ရှုပ်ထွေးမှုရှိပါတယ်။ အသင်းအနေနဲ့

ဒမ်ဘီလီ စာချုပ်သစ်မချုပ်ဘူးဆိုရင် သူ့အနေအထားနဲ့ပတ်သက်ပြီး

တစ်ခုခုစဉ်းစားဆုံးဖြတ်သွားဖို့ ဆုံးဖြတ်ချက်ချမှတ်ပြီးသားပါ။

မက်တဲယူးအလီမန်နီ(ဘာစီလိုနာအမှုဆောင်ချုပ်)ဆိုရင်

ဒမ်ဘီလီရဲ့အေးဂျင့်နဲ့စာချုပ်ကိစ္စအတွက် ဆွေးနွေးနေတာက

(၅)လအထိကြာမြင့်နေပြီဖြစ်တာကြောင့်

ကျွန်တော်တို့ နောက်ထပ်မစောင့်ဆိုင်းလိုတော့ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ဒမ်ဘီလီကိုခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းက

စိတ်ဝင်စားခဲ့ဖူးပြီး ဒီရာသီအစပိုင်းက အပြောင်းအရွှေ့ကိစ္စအတွက်

ဆွေးနွေးမှုတွေလုပ်ခဲ့ပေမယ့် နောက်ဆုံးမှာ

ဆန်ချိုကို ခေါ်ယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

zawgyi

ဒမ္ဘီလီကို စာခ်ဳပ္သစ္ခ်ဳပ္ရင္ခ်ဳပ္၊ မဟုတ္ရင္ အသင္းကေနထြက္သြားဖို႔ ဇာဗီ သတိေပး

ဘာစီလိုနာအသင္းနည္းျပဇာဗီက အသင္းရဲ႕ေတာင္ပံတိုက္စစ္ကစားသမား

ဒမ္ဘီလီကို စာခ်ဳပ္သစ္ခ်ဳပ္ရင္လည္းခ်ဳပ္၊ မဟုတ္ရင္လည္း

အသင္းကေနထြက္သြားဖို႔ ျပတ္ျပတ္သားသားသတိေပးလိုက္ၿပီျဖစ္ပါတယ္။

အသက္(၂၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ျပင္သစ္တိုက္စစ္ကစားသမား

ဒမ္ဘီလီဟာ ၂၀၁၇ ခုႏွစ္တုန္းက ေဒ့ါမြန္အသင္းကေန

ဘာစီလိုနာအသင္းကို ေပါင္(၉၇)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး

အေစာပိုင္းႏွစ္ေတြတုန္းက အသင္းအတြက္ ေျခစြမ္းျပကစားႏိုင္ခဲ့ေပမယ့္

ေနာက္ပိုင္းမွာေတာ့ ဒဏ္ရာေတြနဲ႔သာ ႐ုန္းကန္ခဲ့ရသလို

ဒီရာသီ လာလီဂါမွာလည္း(၆)ပြဲသာကစားခဲ့ရပါတယ္။

ဒမ္ဘီလီရဲ႕လက္ရွိစာခ်ဳပ္က အခုရာသီကုန္က်ရင္

သက္တမ္းကုန္ဆုံးမွာျဖစ္တာေၾကာင့္ ဘာစီလိုနာအသင္းက

စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ႀကိဳးစားေနေပမယ့္ ကစားသမားက

လစာေငြတိုးျမႇင့္လိုခ်င္ေနတာေၾကာင့္ အဆင္မေျပျဖစ္ေနၿပီး ၾကန႔္ၾကာေနတာပါ။

အခုအခ်ိန္မွာ ဇာဗီလည္း စိတ္မရွိေတာ့တဲ့အတြက္

ဒမ္ဘီလီကို စာခ်ဳပ္သစ္ခ်ဳပ္မလား၊ အခုဇန္နဝါရီမွာ အသင္းကေန

ထြက္မလားလို႔ ေ႐ြးခ်ယ္ခိုင္းလိုက္ၿပီျဖစ္ပါတယ္။

ဇာဗီက “ဒမ္ဘီလီရဲ႕စာခ်ဳပ္အေနအထားနဲ႔ပတ္သက္တဲ့ကိစၥက

နည္းနည္းေတာ့ ရႈပ္ေထြးမႈရွိပါတယ္။ အသင္းအေနနဲ႔

ဒမ္ဘီလီ စာခ်ဳပ္သစ္မခ်ဳပ္ဘူးဆိုရင္ သူ႔အေနအထားနဲ႔ပတ္သက္ၿပီး

တစ္ခုခုစဥ္းစားဆုံးျဖတ္သြားဖို႔ ဆုံးျဖတ္ခ်က္ခ်မွတ္ၿပီးသားပါ။

မက္တဲယူးအလီမန္နီ(ဘာစီလိုနာအမႈေဆာင္ခ်ဳပ္)ဆိုရင္

ဒမ္ဘီလီရဲ႕ေအးဂ်င့္နဲ႔စာခ်ဳပ္ကိစၥအတြက္ ေဆြးေႏြးေနတာက

(၅)လအထိၾကာျမင့္ေနၿပီျဖစ္တာေၾကာင့္

ကြၽန္ေတာ္တို႔ ေနာက္ထပ္မေစာင့္ဆိုင္းလိုေတာ့ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ဒမ္ဘီလီကိုေခၚယူဖို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းက

စိတ္ဝင္စားခဲ့ဖူးၿပီး ဒီရာသီအစပိုင္းက အေျပာင္းအေ႐ႊ႕ကိစၥအတြက္

ေဆြးေႏြးမႈေတြလုပ္ခဲ့ေပမယ့္ ေနာက္ဆုံးမွာ

ဆန္ခ်ိဳကို ေခၚယူဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။