ဒမ်ဖရီးစ်ရဲ့ အေးဂျင့်ဗြိတိန်ရောက်နေပြီး နယ်သာလန်ကြယ်ပွင့်အတွက် သရဲနီနဲ့ ငှက်ကျားတို့အပြိုင်ဖိုက်ရဖို့ရှိနေ

အင်တာမီလန်တောင်ပံကစားသမား ဒမ်ဖရီးစ်ရဲ့အေးဂျင့်ဖြစ်သူဟာ

ဗြိတိန်ကိုရောက်ရှိနေပြီဖြစ်သလို ယူနိုက်တက်၊ နယူးကာဆယ်တို့နဲ့

အပြောင်းအရွှေ့ကိစ္စစကားပြောဆိုဖို့ရှိနေပါတယ်။ ယူနိုက်တက်နည်းပြ

တန်ဟတ်ဟာ ဒမ်ဖရီးစ်ကိုခေါ်ယူဖို့အတွက် တိုက်ရိုက်စကား

ပြောဆိုမှုတွေပြုလုပ်ထားတယ်လို့လည်း သတင်းထွက်နေတာဖြစ်တယ်။

အခြားတစ်ဖက်မှာလည်း နယူးကာဆယ်အသင်းက နယ်သာလန်နဲ့အတူ

ကမ္ဘာ့ဖလားမှာခြေစွမ်းပြခဲ့တဲ့ ဒမ်ဖရီးစ်ကိုလိုက်လံချိတ်ဆက်နေတာပါ။

တန်ဟတ်ကတော့ ဒါလော့ဒဏ်ရာရသွားချိန်မှာ ဘစ်ဆာကာရဲ့

အနာဂတ်ကလည်းမရေရာတာကြောင့် ညာနောက်ခံလူနေရာအတွက်

အစားထိုးမှုတစ်ခုလုပ်ဖို့ကြိုးစားနေတာဖြစ်တယ်။ အီတလီသတင်းစာ

Calciomercato ရဲ့ဖော်ပြချက်အရတော့ ဒမ်ဖရီးစ်ရဲ့အေးဂျင့်

ပီမန်တာဟာ ဗြိတိန်ကိုခရီးနှင်ခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်တွေနဲ့

ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ အင်တာမီလန်အသင်းကတော့

နယ်သာလန်ကြယ်ပွင့်အတွက် ပေါင် ၃၅ သန်း ကနေ ပေါင် ၄၅ သန်း

အတွင်းရရှိပါက ရောင်းချဖို့ရှိနေတာဖြစ်တယ်။ ဒမ်ဖရီးစ်အနေနဲ့ကတော့

ဇန်နဝါရီမှာထွက်ခွာခွင့်မရခဲ့ဘူးဆိုရင်တောင် ရာသီကုန်မှာ

အင်တာမီလန်ကိုသေချာပေါက်ကျောခိုင်းမယ်လို့ သတင်းထွက်နေပါတယ်။

zawgyi

ဒမ္ဖရီးစ္ရဲ႕ ေအးဂ်င့္ၿဗိတိန္ေရာက္ေနၿပီး နယ္သာလန္ၾကယ္ပြင့္အတြက္ သရဲနီနဲ႔ ငွက္က်ားတို႔အၿပိဳင္ဖိုက္ရဖို႔ရွိေန

အင္တာမီလန္ေတာင္ပံကစားသမား ဒမ္ဖရီးစ္ရဲ႕ေအးဂ်င့္ျဖစ္သူဟာ

ၿဗိတိန္ကိုေရာက္ရွိေနၿပီျဖစ္သလို ယူႏိုက္တက္၊ နယူးကာဆယ္တို႔နဲ႔

အေျပာင္းအေ႐ႊ႕ကိစၥစကားေျပာဆိုဖို႔ရွိေနပါတယ္။ ယူႏိုက္တက္နည္းျပ

တန္ဟတ္ဟာ ဒမ္ဖရီးစ္ကိုေခၚယူဖို႔အတြက္ တိုက္႐ိုက္စကား

ေျပာဆိုမႈေတြျပဳလုပ္ထားတယ္လို႔လည္း သတင္းထြက္ေနတာျဖစ္တယ္။

အျခားတစ္ဖက္မွာလည္း နယူးကာဆယ္အသင္းက နယ္သာလန္နဲ႔အတူ

ကမာၻ႔ဖလားမွာေျခစြမ္းျပခဲ့တဲ့ ဒမ္ဖရီးစ္ကိုလိုက္လံခ်ိတ္ဆက္ေနတာပါ။

တန္ဟတ္ကေတာ့ ဒါေလာ့ဒဏ္ရာရသြားခ်ိန္မွာ ဘစ္ဆာကာရဲ႕

အနာဂတ္ကလည္းမေရရာတာေၾကာင့္ ညာေနာက္ခံလူေနရာအတြက္

အစားထိုးမႈတစ္ခုလုပ္ဖို႔ႀကိဳးစားေနတာျဖစ္တယ္။ အီတလီသတင္းစာ

Calciomercato ရဲ႕ေဖာ္ျပခ်က္အရေတာ့ ဒမ္ဖရီးစ္ရဲ႕ေအးဂ်င့္

ပီမန္တာဟာ ၿဗိတိန္ကိုခရီးႏွင္ခဲ့ၿပီး ပရီးမီးယားလိဂ္ကလပ္ေတြနဲ႔

ေဆြးေႏြးသြားမယ္လို႔ သိရပါတယ္။ အင္တာမီလန္အသင္းကေတာ့

နယ္သာလန္ၾကယ္ပြင့္အတြက္ ေပါင္ ၃၅ သန္း ကေန ေပါင္ ၄၅ သန္း

အတြင္းရရွိပါက ေရာင္းခ်ဖို႔ရွိေနတာျဖစ္တယ္။ ဒမ္ဖရီးစ္အေနနဲ႔ကေတာ့

ဇန္နဝါရီမွာထြက္ခြာခြင့္မရခဲ့ဘူးဆိုရင္ေတာင္ ရာသီကုန္မွာ

အင္တာမီလန္ကိုေသခ်ာေပါက္ေက်ာခိုင္းမယ္လို႔ သတင္းထြက္ေနပါတယ္။