ဒမ်ဖရီးစ်ကိုခေါ်ယူဖို့ အင်တာမီလန်နဲ့ ယူနိုက်တက်ဆွေးနွေးနေပြီလို့ သတင်းထွက်လာ

ယူနိုက်တက်အသင်းဟာ နယ်သာလန် wing back ကစားသမား

ဒမ်ဖရီးစ်ကိုခေါ်ယူဖို့အတွက် အင်တာမီလန်အသင်းနဲ့ဆွေးနွေးမှုတွေ

စတင်နေပြီလို့ The Sun သတင်းစာကဖော်ပြလိုက်ပါတယ်။

ဒမ်ဖရီးစ်ဟာ ကာတာကမ္ဘာ့ဖလားမှာ နယ်သာလန်အတွက်

ပုံမှန်ခြေစွမ်းပြခဲ့သူဖြစ်ပြီး တောင်ပံတစ်လျှောက်အတက်၊

အဆင်းကစားနိုင်တာကြောင့် ယူနိုက်တက်နည်းပြတန်ဟတ်က

သဘောကျနေတာဖြစ်တယ်။ ကာယကံရှင်ကိုယ်တိုင်က

ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့ဖို့ချိတ်ဆက်နေပါတယ်။

အီတလီသတင်းစာ Tuttomercato ရဲ့အဆိုအရတော့

ပေါင် ၃၅ သန်းပေးမယ်ဆိုရင် ဒမ်ဖရီးစ်ကိုရနိုင်တယ်လို့

သိရပါတယ်။ အသက် ၂၆နှစ်အရွယ်ကစားသမားဟာ

၂၀၂၁ မှာ အင်တာမီလန်ကိုရောက်လာခဲ့သူဖြစ်ပြီး စီးရီးအေ

ကလပ်ဘက်ကထွက်ခွာဖို့ကိုလမ်းဖွင့်ပေးထားတာဖြစ်တယ်။

လက်ရှိမှာတော့ ယူနိုက်တက်ကခေါ်ယူဖို့ဆွေးနွေးနေပြီး

ရီစီဂျိမ်းစ်ကိုဒဏ်ရာကြောင့်ဆုံးရှုံးထားတဲ့ ချဲလ်ဆီးကလည်း

စိတ်ဝင်စားမှုရှိတယ်လို့ သတင်းထွက်နေပါတယ်။ ချာလ်တန်နဲ့

ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ ဒါလော့ဒဏ်ရာ

ရသွားတဲ့နောက် သရဲနီတွေဟာညာနောက်ခံနေရာအတွက်

လိုအပ်ချက်ရှိလာတာဖြစ်တယ်။ ယူနိုက်တက်နဲ့သတင်း

ထွက်လာတဲ့နောက် အင်တာက ဗီရိုနာကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့

ပွဲမှာတော့ ဒမ်ဖရီးစ်ကိုအရန်ခုံမှာသာမြင်ခဲ့ရတာပါ။

ဒီရာသီ စီးရီးအေမှာ ၁၇ပွဲ(ပွဲတိုင်းနီးပါး)ပါဝင်ကစားခဲ့တဲ့

ဒမ်ဖရီးစ်တစ်ယောက်အရန်ခုံရောက်သွားတာဟာ

အသင်းမပြောင်းခင်ဒဏ်ရာရသွားမှာစိုးတာကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။

zawgyi

ဒမ္ဖရီးစ္ကိုေခၚယူဖို႔ အင္တာမီလန္နဲ႔ ယူႏိုက္တက္ေဆြးေႏြးေနၿပီလို႔ သတင္းထြက္လာ

ယူႏိုက္တက္အသင္းဟာ နယ္သာလန္ wing back ကစားသမား

ဒမ္ဖရီးစ္ကိုေခၚယူဖို႔အတြက္ အင္တာမီလန္အသင္းနဲ႔ေဆြးေႏြးမႈေတြ

စတင္ေနၿပီလို႔ The Sun သတင္းစာကေဖာ္ျပလိုက္ပါတယ္။

ဒမ္ဖရီးစ္ဟာ ကာတာကမာၻ႔ဖလားမွာ နယ္သာလန္အတြက္

ပုံမွန္ေျခစြမ္းျပခဲ့သူျဖစ္ၿပီး ေတာင္ပံတစ္ေလွ်ာက္အတက္၊

အဆင္းကစားႏိုင္တာေၾကာင့္ ယူႏိုက္တက္နည္းျပတန္ဟတ္က

သေဘာက်ေနတာျဖစ္တယ္။ ကာယကံရွင္ကိုယ္တိုင္က

ပရီးမီးယားလိဂ္ကိုေျပာင္းေ႐ႊ႕ဖို႔ခ်ိတ္ဆက္ေနပါတယ္။

အီတလီသတင္းစာ Tuttomercato ရဲ႕အဆိုအရေတာ့

ေပါင္ ၃၅ သန္းေပးမယ္ဆိုရင္ ဒမ္ဖရီးစ္ကိုရႏိုင္တယ္လို႔

သိရပါတယ္။ အသက္ ၂၆ႏွစ္အ႐ြယ္ကစားသမားဟာ

၂၀၂၁ မွာ အင္တာမီလန္ကိုေရာက္လာခဲ့သူျဖစ္ၿပီး စီးရီးေအ

ကလပ္ဘက္ကထြက္ခြာဖို႔ကိုလမ္းဖြင့္ေပးထားတာျဖစ္တယ္။

လက္ရွိမွာေတာ့ ယူႏိုက္တက္ကေခၚယူဖို႔ေဆြးေႏြးေနၿပီး

ရီစီဂ်ိမ္းစ္ကိုဒဏ္ရာေၾကာင့္ဆုံးရႈံးထားတဲ့ ခ်ဲလ္ဆီးကလည္း

စိတ္ဝင္စားမႈရွိတယ္လို႔ သတင္းထြက္ေနပါတယ္။ ခ်ာလ္တန္နဲ႔

ကစားခဲ့တဲ့ ကာရာေဘာင္းဖလားပြဲစဥ္မွာ ဒါေလာ့ဒဏ္ရာ

ရသြားတဲ့ေနာက္ သရဲနီေတြဟာညာေနာက္ခံေနရာအတြက္

လိုအပ္ခ်က္ရွိလာတာျဖစ္တယ္။ ယူႏိုက္တက္နဲ႔သတင္း

ထြက္လာတဲ့ေနာက္ အင္တာက ဗီ႐ိုနာကို ၁-၀ နဲ႔အႏိုင္ရခဲ့တဲ့

ပြဲမွာေတာ့ ဒမ္ဖရီးစ္ကိုအရန္ခုံမွာသာျမင္ခဲ့ရတာပါ။

ဒီရာသီ စီးရီးေအမွာ ၁၇ပြဲ(ပြဲတိုင္းနီးပါး)ပါဝင္ကစားခဲ့တဲ့

ဒမ္ဖရီးစ္တစ္ေယာက္အရန္ခုံေရာက္သြားတာဟာ

အသင္းမေျပာင္းခင္ဒဏ္ရာရသြားမွာစိုးတာေၾကာင့္ျဖစ္ႏိုင္တယ္လို႔ သုံးသပ္ေနၾကပါတယ္။