ဒန်နီအဲလ်ဗက်စ်ဟာ တစ်လကိုလစာ ၁ ယူရိုနဲ့ ဘာစီလိုနာဆီ ပြန်ရောက်လာ

ဘာစီလိုနာအသင်းဟာ သူတို့ရဲ့နောက်ခံလူဟောင်းဖြစ်တဲ့ ဒန်နီအဲလ်ဗက်စ်ကို

တစ်လ လစာ ၁ ယူရိုနဲ့ပြန်လည်ခေါ်ယူလိုက်ပြီဖြစ် ကြောင်းအတည်ပြု

ကြေညာလိုက်ပါတယ်။ ဘရာဇီးညာနောက်ခံလူဖြစ်တဲ့ အဲလ်ဗက်စ်ဟာ

အသက် ၃၈ နှစ်ရှိပြီဖြစ်ပြီး နည်းပြသစ်လည်း ဖြစ်၊ သူ့ရဲ့ကစာဖော်ဟောင်းလည်းဖြစ်တဲ့

ဇာဗီ ရဲ့ပထမဆုံးခေါ်ယူမှုလည်းဖြစ်လာပါတယ်။ ဘာစီလိုနာအသင်းဟာ

ဘဏ္ဍာရေးပြဿ နာအကြီးအကျယ်ကြုံတွေ့နေရတာကြောင့် အဲလ်ဗက်စ်ကို

လစာမပေးနိုင်ဘဲတစ်လကို ၁ ယူရိုနဲ့သာခေါ်ယူခဲ့တာဖြစ်လို့အများကလည်း

အံအားသင့်နေကြရပါတယ်။

ဒါပေမယ့် အဲလ်ဗက်စ်ကိုယ်တိုင်ကပြီးခဲ့လက

ဘာစီလိုနာကသာသူ့ကိုအလိုရှိမယ်ဆိုရင်ကူညီပေးဖို့အဆင် သင့်ရှိနေပြီး

သူ့ဖုန်းကိုဆက်လိုက်ရုံပါဘဲလို့ လူသိရှင်ကြားပြောကြားခဲ့သူဖြစ်ပါတယ်။

သူဟာလာမယ့်တစ်ပတ်မှာ ဘာစီလိုနာနဲ့လေ့ကျင့်ခန်းတွေစတင်ပြုလုပ်တော့မှာဖြစ်ပေမယ့်

အပြောင်းအရွှေ့စည်းမျဥ်းအရလာမယ့် ဇန် နဝါရီ ၁ ရောက်မှသာ

တရားဝင်ပါဝင်ကစားနိုင်မှာပါ။ ဘာစီလိုနာအသင်းကကြေညာချက်ထုတ်ပြန်ရာမှာ

အဲလ်ဗက်စ်ကိုခေါ်ယူဖို့မူအရ သဘောတူညီချက်ရရှိထားပြီး ရာသီကုန်ချိန်အထိ

အသင်းအတွက်ပါဝင်ကူညီ ကစားပေးသွားမှာဖြစ်ကြောင်းဖော်ပြသွားပါတယ်။

ဘရာ ဇီးအသင်းအတွက် ၁၁၉ ပွဲကစားပေးထားတဲ့အဲလ်ဗက်စ်ဟာပြီးခဲ့တဲ့

စက်တင်ဘာလကဘရာဇီးကလပ် ဆော်ပိုလိုနဲ့လမ်းခွဲခဲ့သူဖြစ်ပြီး သူ့ကစားဖော်ဟောင်း

ဇာဗီနဲ့လက်တွဲပြီး ဘာစီလိုနာကိုပြန်လည်ဦးမော့လာအောင်လုပ်ပေးနိုင်မယ်လို့လည်း

ယုံကြည်နေပါတယ်။ သူ ဟာ ၂၀၀၈ တုန်းက ဆီဗီလာကနေဘာစီလိုနာဆီ

ပြောင်းလာသူဖြစ်ပြီး စုစုပေါင်း ၃၉၁ ပွဲကစားခဲ့ကာ လာလီဂါချန်ပီယံ ၆ ကြိမ်နဲ့

ချန်ပီ ယံလိဂ် ၃ ကြိမ်ရရှိခဲ့ပါတယ်။ သူဟာ ၂၀၁၆ မှာဘာစီလိုနာကနေထွက်ပြီးတဲ့နောက်

ဂျူဗင်တပ် နဲ့ပီအက်စ်ဂျီအသင်းတွေမှာလည်း ကစား ခဲ့ပါသေးတယ်။ အဲလ်ဗက်စ်ဟာ

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ဘရာဇီးအသင်းကိုဦးဆောင်ပြီးရွှေတံဆိပ်ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

zawgyi

ဒန္နီအဲလ္ဗက္စ္ဟာ တစ္လကိုလစာ ၁ ယူ႐ိုနဲ႔ ဘာစီလိုနာဆီ ျပန္ေရာက္လာ

ဘာစီလိုနာအသင္းဟာ သူတို႔ရဲ႕ေနာက္ခံလူေဟာင္းျဖစ္တဲ့ ဒန္နီအဲလ္ဗက္စ္ကို

တစ္လ လစာ ၁ ယူ႐ိုနဲ႔ျပန္လည္ေခၚယူလိုက္ၿပီျဖစ္ ေၾကာင္းအတည္ျပဳ

ေၾကညာလိုက္ပါတယ္။ ဘရာဇီးညာေနာက္ခံလူျဖစ္တဲ့ အဲလ္ဗက္စ္ဟာ

အသက္ ၃၈ ႏွစ္ရွိၿပီျဖစ္ၿပီး နည္းျပသစ္လည္း ျဖစ္၊ သူ႔ရဲ႕ကစာေဖာ္ေဟာင္းလည္းျဖစ္တဲ့

ဇာဗီ ရဲ႕ပထမဆုံးေခၚယူမႈလည္းျဖစ္လာပါတယ္။ ဘာစီလိုနာအသင္းဟာ

ဘ႑ာေရးျပႆ နာအႀကီးအက်ယ္ႀကဳံေတြ႕ေနရတာေၾကာင့္ အဲလ္ဗက္စ္ကို

လစာမေပးႏိုင္ဘဲတစ္လကို ၁ ယူ႐ိုနဲ႔သာေခၚယူခဲ့တာျဖစ္လို႔အမ်ားကလည္း

အံအားသင့္ေနၾကရပါတယ္။ ဒါေပမယ့္ အဲလ္ဗက္စ္ကိုယ္တိုင္ကၿပီးခဲ့လက

ဘာစီလိုနာကသာသူ႔ကိုအလိုရွိမယ္ဆိုရင္ကူညီေပးဖို႔အဆင္ သင့္ရွိေနၿပီး

သူ႔ဖုန္းကိုဆက္လိုက္႐ုံပါဘဲလို႔ လူသိရွင္ၾကားေျပာၾကားခဲ့သူျဖစ္ပါတယ္။

သူဟာလာမယ့္တစ္ပတ္မွာ ဘာစီလိုနာနဲ႔ေလ့က်င့္ခန္းေတြစတင္ျပဳလုပ္ေတာ့မွာျဖစ္ေပမယ့္

အေျပာင္းအေ႐ႊ႕စည္းမ်ဥ္းအရလာမယ့္ ဇန္ နဝါရီ ၁ ေရာက္မွသာ

တရားဝင္ပါဝင္ကစားႏိုင္မွာပါ။ ဘာစီလိုနာအသင္းကေၾကညာခ်က္ထုတ္ျပန္ရာမွာ

အဲလ္ဗက္စ္ကိုေခၚယူဖို႔မူအရ သေဘာတူညီခ်က္ရရွိထားၿပီး ရာသီကုန္ခ်ိန္အထိ

အသင္းအတြက္ပါဝင္ကူညီ ကစားေပးသြားမွာျဖစ္ေၾကာင္းေဖာ္ျပသြားပါတယ္။

ဘရာ ဇီးအသင္းအတြက္ ၁၁၉ ပြဲကစားေပးထားတဲ့အဲလ္ဗက္စ္ဟာၿပီးခဲ့တဲ့

စက္တင္ဘာလကဘရာဇီးကလပ္ ေဆာ္ပိုလိုနဲ႔လမ္းခြဲခဲ့သူျဖစ္ၿပီး သူ႔ကစားေဖာ္ေဟာင္း

ဇာဗီနဲ႔လက္တြဲၿပီး ဘာစီလိုနာကိုျပန္လည္ဦးေမာ့လာေအာင္လုပ္ေပးႏိုင္မယ္လို႔လည္း

ယုံၾကည္ေနပါတယ္။ သူ ဟာ ၂၀၀၈ တုန္းက ဆီဗီလာကေနဘာစီလိုနာဆီ

ေျပာင္းလာသူျဖစ္ၿပီး စုစုေပါင္း ၃၉၁ ပြဲကစားခဲ့ကာ လာလီဂါခ်န္ပီယံ ၆ ႀကိမ္နဲ႔

ခ်န္ပီ ယံလိဂ္ ၃ ႀကိမ္ရရွိခဲ့ပါတယ္။ သူဟာ ၂၀၁၆ မွာဘာစီလိုနာကေနထြက္ၿပီးတဲ့ေနာက္

ဂ်ဴဗင္တပ္ နဲ႔ပီအက္စ္ဂ်ီအသင္းေတြမွာလည္း ကစား ခဲ့ပါေသးတယ္။ အဲလ္ဗက္စ္ဟာ

၂၀၂၀ တိုက်ိဳအိုလံပစ္ၿပိဳင္ပြဲမွာ ဘရာဇီးအသင္းကိုဦးေဆာင္ၿပီးေ႐ႊတံဆိပ္ရယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။