
လေ့ကျင့်ရေးအစီအစဉ်တွေ လုပ်နေရင်း ရခဲ့တဲ့ ဒဏ်ရာကြောင့် တိုက်စစ်မှူး ဘန်ဇီမာဟာ ပြင်သစ်လက်ရွေးစင်အသင်းကနေ နုတ်ထွက်ရတော့မယ် အခြေအနေမျိုး ရောက်နေတယ်လို့ သတင်းထွက်လာပါတယ်။





၂၀၂၂ ဘလွန်းဒီအောဆုရှင် ဘန်ဇီမာဟာ စနေနေ့ညပိုင်းတုန်းက လုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်ကို စွန့်ခွာခဲ့ရတဲ့ ကစားသမားဖြစ်ပြီး ဒဏ်ရာပြင်းထန်မှုနဲ့ ပတ်သက်ပြီးတော့လည်း အသင်းတာဝန်ရှိသူတွေက





စိုးရိမ်နေတယ်လို့ သိရ ပါတယ်။ ရီးရဲလ်တိုက်စစ်မှူးရဲ့ ဒဏ်ရာကို လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ် ပြီးတဲ့နောက်မှာ ပေါင်ခြံကြွက်သား ဒဏ်ရာဆိုတာကို အတည်ပြုနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်
ပြင်သစ်အသင်း လူစာရင်းမှာ ပါဝင်လာနိုင်ဖို့အတွက် အတော်လေးကို သံသယဖြစ်စရာ ကောင်းနေတယ်လို့ သိရပါတယ်။ နောက် ပြီး ကာတာရဲ့ အထူးကု ဆေးခန်းတစ်ခုထဲကနေပြီး ထွက်လာတဲ့
ဘန်ဇီမာရဲ့ ရုပ်သံဖိုင်တစ်ခုဟာလည်း လူမှုကွန်ရက်ပေါ်မှာ ချက်ချင်းဆိုသလို ပျံ့နှံ့သွား ခဲ့ပါတယ်။ ဒီဗီဒီယိုမှာတော့ ဘန်ဇီမာဟာ သူ့ရဲ့ ညာဘက် ခြေထောက်လေးကို အသာအယာ ဆုပ်ကိုင်ရင်းနဲ့





လမ်းလျှောက်လာပြီး ကားထဲကို ဝင်သွားခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ဒဏ်ရာ မပြင်းထန်လောက်ဘူးလို့ ထင်ရပေမဲ့ ပွဲကစားနိုင်လောက်တဲ့အထိ အချိန်မီ ပြန်ကောင်းနိုင်မလားဆို
တာကလည်း သံသယရှိစရာပါ။ ပြင်သစ် လက်ရွေးစင် အသင်းဟာ လာမယ့် အင်္ဂါနေ့မှာ အုပ်စု အဖွင့်ပွဲအဖြစ် သြစတြေးလျအသင်းနဲ့ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ လက်ရှိချန်ပီယံပြင်သစ်ဟာ





အခု ပြိုင်ပွဲမှာသာ ဗိုလ်စွဲ ခဲ့မယ်ဆိုရင် ၁၉၆၂ ခုနှစ်က ဗိုလ်စွဲခဲ့တဲ့ ဘရာဇီးအသင်းနောက်ပိုင်း ချန်ပီယံဆုကို ပထမဆုံးအကြိမ် ထိန်းသိမ်းထားနိုင်တဲ့ ပထမဆုံး နိုင်ငံအသင်း ဖြစ်လာတော့မှာပါ။
ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ဘောလုံးရာသီမှာ ကမ္ဘာ့အဆင့် ခြေစွမ်းကို ပြသနိုင်ခဲ့တဲ့ ဝါရင့် ကစားသမားဖြစ်ပြီး ပြိုင်ပွဲစုံ ၄၄ ဂိုး သွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ၁၅ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တဲ့





ကစားသမား ဖြစ်ပါတယ်။ ဒါ့အပြင် လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားပါ။ ဒါပေမဲ့ ဒီရာသီမှာတော့ ဒူးဒဏ်ရာ၊ တံကောက်ကြော ဒဏ်ရာတွေ ရှိနေတဲ့အတွင်
ရီးရဲလ်နဲ့အတူ မျှော်လင့်ထားသလောက် ခြေစွမ်း မပြနိုင်တဲ့ ကစားသမားပါ။





(Zawgyi)
ဒဏ္ရာရသြားတဲ့ ဘန္ဇီမာဟာ ျပင္သစ္အတြက္ ကစားေပးႏိုင္ပါေတာ့မလား
ေလ့က်င့္ေရးအစီအစဥ္ေတြ လုပ္ေနရင္း ရခဲ့တဲ့ ဒဏ္ရာေၾကာင့္ တိုက္စစ္မႉး ဘန္ဇီမာဟာ ျပင္သစ္လက္ေ႐ြးစင္အသင္းကေန ႏုတ္ထြက္ရေတာ့မယ္ အေျခအေနမ်ိဳး ေရာက္ေနတယ္လို႔





သတင္းထြက္လာပါတယ္။ ၂၀၂၂ ဘလြန္းဒီေအာဆုရွင္ ဘန္ဇီမာဟာ စေနေန႔ညပိုင္းတုန္းက လုပ္ခဲ့တဲ့ ေလ့ က်င့္ေရးအစီအစဥ္ကို စြန႔္ခြာခဲ့ရတဲ့ ကစားသမားျဖစ္ၿပီး ဒဏ္ရာျပင္းထန္မႈနဲ႔
ပတ္သက္ၿပီးေတာ့လည္း အသင္းတာဝန္ရွိသူေတြက စိုးရိမ္ေနတယ္လို႔ သိရ ပါတယ္။ ရီးရဲလ္တိုက္စစ္မႉးရဲ႕ ဒဏ္ရာကို လိုအပ္တဲ့ စစ္ေဆးမႈေတြ ျပဳလုပ္ ၿပီးတဲ့ေနာက္မွာ ေပါင္ၿခံႂကြက္သား





ဒဏ္ရာဆိုတာကို အတည္ျပဳႏိုင္ခဲ့ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ ျပင္သစ္အသင္း လူစာရင္းမွာ ပါဝင္လာႏိုင္ဖို႔အတြက္ အေတာ္ေလးကို သံသယျဖစ္စရာ ေကာင္းေနတယ္လို႔ သိရပါတယ္။
ေနာက္ ၿပီး ကာတာရဲ႕ အထူးကု ေဆးခန္းတစ္ခုထဲကေနၿပီး ထြက္လာတဲ့ ဘန္ဇီမာရဲ႕ ႐ုပ္သံဖိုင္တစ္ခုဟာလည္း လူမႈကြန္ရက္ေပၚမွာ ခ်က္ခ်င္းဆိုသလို ပ်ံ႕ႏွံ႔သြား ခဲ့ပါတယ္။ ဒီဗီဒီယိုမွာေတာ့
ဘန္ဇီမာဟာ သူ႔ရဲ႕ ညာဘက္ ေျခေထာက္ေလးကို အသာအယာ ဆုပ္ကိုင္ရင္းနဲ႔ လမ္းေလွ်ာက္လာၿပီး ကားထဲကို ဝင္သြားခဲ့တာကိုလည္း ေတြ႕ရပါတယ္။ ဒါေၾကာင့္ ဒဏ္ရာ





မျပင္းထန္ေလာက္ဘူးလို႔ ထင္ရေပမဲ့ ပြဲကစားႏိုင္ေလာက္တဲ့အထိ အခ်ိန္မီ ျပန္ေကာင္းႏိုင္မလားဆို တာကလည္း သံသယရွိစရာပါ။ ျပင္သစ္ လက္ေ႐ြးစင္ အသင္းဟာ
လာမယ့္ အဂၤါေန႔မွာ အုပ္စု အဖြင့္ပြဲအျဖစ္ ၾသစေၾတးလ်အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရေတာ့မွာ ျဖစ္ပါတယ္။ လက္ရွိခ်န္ပီယံျပင္သစ္ဟာ အခု ၿပိဳင္ပြဲမွာသာ ဗိုလ္စြဲ ခဲ့မယ္ဆိုရင္ ၁၉၆၂ ခုႏွစ္က ဗိုလ္စြဲခဲ့တဲ့





ဘရာဇီးအသင္းေနာက္ပိုင္း ခ်န္ပီယံဆုကို ပထမဆုံးအႀကိမ္ ထိန္းသိမ္းထားႏိုင္တဲ့ ပထမဆုံး ႏိုင္ငံအသင္း ျဖစ္ လာေတာ့မွာပါ။ ဘန္ဇီမာဟာ ၿပီးခဲ့တဲ့ ၂၀၂၁-၂၂ ေဘာလုံးရာသီမွာ
ကမာၻ႔ အဆင့္ ေျခစြမ္းကို ျပသႏိုင္ခဲ့တဲ့ ဝါရင့္ ကစားသမားျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၄၄ ဂိုး သြင္းႏိုင္ခဲ့သလို ဂိုးဖန္တီးမႈလည္း ၁၅ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့တဲ့ ကစားသမား ျဖစ္ပါတယ္။
ဒါ့အျပင္ လာလီဂါနဲ႔ ခ်န္ပီယံလိဂ္ဖလားတို႔ကိုလည္း ဆြတ္ခူးႏိုင္ ခဲ့တဲ့ ကစားသမားပါ။ ဒါေပမဲ့ ဒီရာသီမွာေတာ့ ဒူးဒဏ္ရာ၊ တံေကာက္ေၾကာ ဒဏ္ရာေတြ ရွိေနတဲ့အတြင္





ရီးရဲလ္နဲ႔အတူ ေမွ်ာ္လင့္ထားသေလာက္ ေျခစြမ္း မျပႏိုင္တဲ့ ကစားသမားပါ။