
ဝုဗ်အသင်းတိုက်စစ်မှူး ဟွမ်ဟီချန်းဟာ ယမန်နေ့ညက
အဲဗာတန်ကို ဝ-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တင်ပါးဒဏ်ရာ
ရခဲ့ပေမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံး ၂ပွဲအတွက်
တောင်ကိုရီးယားအသင်းမှာ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။
ဟွမ်ဟီချန်းဟာ ပွဲချိန် ၁၆ မိနစ်မှာပဲ တင်ပါးဒဏ်ရာကြောင့်
လူစားလဲခံခဲ့ရပေမယ့် တောင်ကိုရီးယားနည်းပြ ပေါ်လိုဘင်တိုကတော့
မတ်လ ၂၄ နဲ့ ၂၉ ရက်နေ့တွေမှာ အီရန်၊ ယူအေအီးတို့နဲ့
ကစားရမယ့် ခြေစစ်ပွဲတွေအတွက် ၂၅ ဦး့ပါ လူစာရင်းမှာ
ဟွမ်ဟီချန်းကို ထည့်သွင်းရွေးချယ်ခဲ့တာပါ။
အသက် ၂၆ နှစ်အရွယ်ရှိ ဟွမ်ဟီချန်းဟာ အဲဗာတန်ကွင်းလယ်လူ
ဗန်ဒီဘိခ်နဲ့ ထိမိခဲ့တာဖြစ်ပြီး တံကောက်ကြောဒဏ်ရာကြောင့်
၂ လကြာ အနားယူနေရာကနေ ပြန်ကစားနိုင်တာ
သိပ်မကြာသေးချိန်မှာ နောက်ထပ်ဒဏ်ရာရခဲ့တာပါ။
ဟွမ်ဟီချန်းဟာ တံကောက်ကြောဒဏ်ရာကြောင့်
ဇန်နဝါရီလအတွင်း လက်ဘနွန်၊ ဆီးရီးယားတို့နဲ့ကစားခဲ့တဲ့
ခြေစစ်ပွဲတွေကို လွဲချော်ခဲ့ရပြီး အသင်းကလည်း
၂ပွဲစလုံး အနိုင်ရကာ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။
တောင်ကိုရီးယားဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်
တတိယဆင့်မှာ ထိပ်ဆုံးက အီရန်အသင်းရဲ့နောက်
၂ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေပြီး
ဘင်တိုက အီရန်ကို အနိုင်ယူကာ အုပ်စုပထမအဖြစ်
အဆုံးသတ်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၀ကြိမ်မြောက်ကမ္ဘာ့ဖလားအဖြစ်
ပါဝင်ကစားခွင့်ရရှိထားတဲ့ တောင်ကိုရီးယားဟာ
ဆိုးလ်မှာ အီရန်ကို အရင်ဆုံးဧည့်ခံကစားရမှာဖြစ်ပြီး
အဲဒီနောက် မတ်လ ၂၉ ရက်နေ့၊ ဒူဘိုင်းမှာ
အိမ်ရှင် ယူအေအီးနဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။