ဒဏ်ရာပြဿနာတွေကိုဖြေရှင်းဖို့ အချိန်မီဈေးကွက်ဆင်းနေတဲ့ လီဗာပူးရဲ့ ကွင်းလယ်အိပ်မက်

ရာသီအစမှာတင် ဒဏ်ရာရကစားသမားစာရင်းတိုးလာမှု ပြဿနာကိုဖြေရှင်းဖို့ ဈေးကွက်ဆင်းနေတဲ့ လီဗာပူးဟာ အက်သလက်တီကို ကွင်းလယ်လူ မားကို့စ်အယ်လ်လိုရန်တီကိုခေါ်ဖို့ ပြင်ဆင်မှုတွေလုပ်နေပါ တယ်။

လက်ရှိမှာ အဓိကကွင်းလယ်လူနှစ်ယောက်ဖြစ်တဲ့ သီယာဂိုနဲ့ ကီတာတို့အပြင် တခြားကစားတချို့လည်း ဒဏ်ရာပြဿတွေရှိနေခဲ့တာပါ။ ပြီးခဲ့တဲ့ မန်ယူနဲ့ပွဲမတိုင်အထိ လီဗာပူးရဲ့ ဒဏ်ရာရကစားသမားစာရင်းဟာ ၉ ယောက်အထိရှိနေခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း နည်းပြ ကလော့ပ်အနေနဲ့ ကွင်းလယ်ကစားသမား တစ်ယောက်ကို အပူတပြင်းရှာဖွေနေခဲ့ရတာဖြစ်တယ်။ ရာသီအစ (၃)ပွဲမှာ ၂ ပွဲသရေ တစ်ပွဲရှုံးပြီး အဆင့် (၁၆) အထိရောက်သွားတဲ့ လီဗာပူးကို ပြန်ဆွဲတင်ဖို့ဆိုရင်

နည်းပြ ကလော့ပ်အနေနဲ့ ပထမဆုံးဖြေရှင်းရမှာလည်း ကစားသမားသစ်ခေါ်ယူနိုင်ရေးပဲဖြစ်နေပါတယ်။ အဓိကအနေနဲ့ကွင်းလယ်ပြဿနာကို ဖြေရှင်းဖို့လိုအပ် နေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာ အက်သလက်တီကိုကတော့

သူ့တို့ရဲ့ကစားသမားနဲ့ပတ်သက်ပြီး တုံ့ပြန်မှု တွေမရှိသေးပါဘူး။ ဒါပေမယ့် အက်သလက်တီကိုဟာ အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ သူ့တို့ကစား သမားတွေနဲ့ပတ်သက်ပြီး ကမ်းလှမ်းမှုအတော်များများကို ပယ်ချထားခဲ့တာဖြစ်ပါတယ်။

အဓိကအနေနဲ့ အယ်လ် လိုရန်တီအပါအဝင် ဂျာအိုဖီးလစ်၊ မိုရာတာနဲ့ မားသီးယပ်စ်တို့အတွက် ကမ်းလှမ်းမှုတွေကို ပယ်ချထားခဲ့တာပါ။ လီဗာပူးလိုချင်နေတဲ့ အယ်လ်လိုရန်တီဟာ အက်သလက်တီကိုနည်းပြ ဆီမြွန်နီအတွက်

ကွင်းလယ်မှာသာမက ခံစစ်ပိုင်းအတွက်ပါ အရေးပါနေတဲ့သူလည်းဖြစ်နေပါတယ်။ ဒါကြောင့် လီဗာပူးရဲ့ကွင်းလယ်အိပ်မက် အကောင်အထည်ပေါ်ပါ့မလားဆိုတာတော့ စောင့်ကြည့်ရပါဦးမယ်။

(zawgyi)

ရာသီအစမွာတင္ ဒဏ္ရာရကစားသမားစာရင္းတိုးလာမႈ ျပႆနာကိုေျဖရွင္းဖို႔ ေဈးကြက္ဆင္းေနတဲ့ လီဗာပူးဟာ အက္သလက္တီကို ကြင္းလယ္လူ မားကို႔စ္အယ္လ္လိုရန္တီကိုေခၚဖို႔ ျပင္ဆင္မႈေတြလုပ္ေနပါ တယ္။

လက္ရွိမွာ အဓိကကြင္းလယ္လူႏွစ္ေယာက္ျဖစ္တဲ့ သီယာဂိုနဲ႔ ကီတာတို႔အျပင္ တျခားကစားတခ်ိဳ႕လည္း ဒဏ္ရာျပႆေတြရွိေနခဲ့တာပါ။ ၿပီးခဲ့တဲ့ မန္ယူနဲ႔ပြဲမတိုင္အထိ လီဗာပူးရဲ႕ ဒဏ္ရာရကစားသမားစာရင္းဟာ ၉ ေယာက္အထိရွိေနခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္လည္း နည္းျပ ကေလာ့ပ္အေနနဲ႔ ကြင္းလယ္ကစားသမား တစ္ေယာက္ကို အပူတျပင္းရွာေဖြေနခဲ့ရတာျဖစ္တယ္။ ရာသီအစ (၃)ပြဲမွာ ၂ ပြဲသေရ တစ္ပြဲရႈံးၿပီး အဆင့္ (၁၆) အထိေရာက္သြားတဲ့ လီဗာပူးကို

ျပန္ဆြဲတင္ဖို႔ဆိုရင္ နည္းျပ ကေလာ့ပ္အေနနဲ႔ ပထမဆုံးေျဖရွင္းရမွာလည္း ကစားသမားသစ္ေခၚယူႏိုင္ေရးပဲျဖစ္ေနပါတယ္။ အဓိကအေနနဲ႔ကြင္းလယ္ျပႆနာကို ေျဖရွင္းဖို႔လိုအပ္ ေနတာလည္းျဖစ္ပါတယ္။

လက္ရွိမွာ အက္သလက္တီကိုကေတာ့ သူ႔တို႔ရဲ႕ကစားသမားနဲ႔ပတ္သက္ၿပီး တုံ႔ျပန္မႈ ေတြမရွိေသးပါဘူး။ ဒါေပမယ့္ အက္သလက္တီကိုဟာ အခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ သူ႔တို႔ကစား သမားေတြနဲ႔ပတ္သက္ၿပီး ကမ္းလွမ္းမႈအေတာ္မ်ားမ်ားကို

ပယ္ခ်ထားခဲ့တာျဖစ္ပါတယ္။ အဓိကအေနနဲ႔ အယ္လ္ လိုရန္တီအပါအဝင္ ဂ်ာအိုဖီးလစ္၊ မိုရာတာနဲ႔ မားသီးယပ္စ္တို႔အတြက္ ကမ္းလွမ္းမႈေတြကို ပယ္ခ်ထားခဲ့တာပါ။ လီဗာပူးလိုခ်င္ေနတဲ့ အယ္လ္လိုရန္တီဟာ

အက္သလက္တီကိုနည္းျပ ဆီႁမြန္နီအတြက္ ကြင္းလယ္မွာသာမက ခံစစ္ပိုင္းအတြက္ပါ အေရးပါေနတဲ့သူလည္းျဖစ္ေနပါတယ္။ ဒါေၾကာင့္ လီဗာပူးရဲ႕ကြင္းလယ္အိပ္မက္ အေကာင္အထည္ေပၚပါ့မလားဆိုတာေတာ့ ေစာင့္ၾကည့္ရပါဦးမယ္။