
မကြာသေးခင်က ဒဏ်ရာပြသနာတွေနဲ့ကြုံခဲ့ပေမယ့်လည်း
လက်ရွေးစင်အသင်းအတွက် မက်ဆီကိုခေါ်ယူခဲ့တဲ့ အာဂျင်တီးနားရဲ့ဆုံးဖြတ်ချက်နဲ့
ပတ်သက်လို့ ပီအက်စ်ဂျီအသင်းအမှုဆောင်ချုပ်လီယိုနာဒိုတစ်ယောက် ဒေါသထွက်နေပါတယ်။
၃၄ နှစ်အရွယ် အဲဒီအာဂျင်တီးနားသားဟာ ဒူးနဲ့တံကောက်ကြောဒဏ်ရာတွေကြောင့်
ပီအက်စ်ဂျီရဲ့နောက်ဆုံး ၂ ပွဲကို လွဲချော်ခဲ့တာပါ။ မက်ဆီဟာ သူ့နိုင်ငံအသင်းရဲ့
အသင်းခေါင်းဆောင်ဖြစ်ပြီး ဘရာဇီး၊ ဥရုဂွေးတို့နဲ့လာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲတို့အတွက်
သွားရောက်ပူးပေါင်းမှာပါ။ မက်ဆီနဲ့ပီအက်စ်ဂျီတို့ရဲ့စာချုပ်ထဲမှာ
ကလပ်ပွဲတွေထက် နိုင်ငံအသင်းပွဲတွေကို သူဦးစားပေးမယ်ဆိုတဲ့အချက်ကို ထည့်သွင်းထားတာပါ။
ဒါပေမဲ့ လက်ရှိအခြေအနေအတွက်တော့ မကျေနပ်ဘူးဆိုတာ
ပီအက်စ်ဂျီအမှုဆောင်ချုပ်လီယိုနာဒိုဟာ ပြင်သစ်သတင်းစာတစ်စောင်ကို အခုလိုပြောခဲ့ပါတယ်။
”ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အပြည့်အဝမကောင်းသေးတဲ့ကစားသမားတစ်ယောက်ကို
လက်ရွေးစင်အသင်းအတွက် စေလွှတ်ဖို့တော့ ကျွန်တော်တို့ သဘောမတူညီနိုင်ပါဘူး။
ဒါဟာ ယေဘုယျလည်း မကျပါဘူး။ ဒီလိုအခြေအနေမျိုးတွေဟာ
ဖီဖာနဲ့တကယ်သဘောတူညီမှုရဖို့ ထိုတ်တန်ပါတယ်”လို့ လီယိုနာဒိုက ပြောခဲ့တာပါ။
လက်ရှိအချိန်ထိတော့ မက်ဆီဟာ ပီအက်စ်ဂျီကစားသမားဘဝမှာ
မျှော်လင့်ထားသလောက် မစွမ်းဆောင်နိုင်သေး ဖြစ်နေပါတယ်။
သူဟာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲအရပ်ရပ်မှာ ၈ ပွဲသာကစားရသေးပြီး
ပြည်တွင်းလီဂူးပြိုင်ပွဲမှာ အခုချိန်ထိကို ဂိုးမသွင်းနိုင်သေးတာပါ။
zawgyi
ဒဏ္ရာျပသနာေတြနဲ႔ႀကဳံခဲ့တဲ့ မက္ဆီကို လက္ေ႐ြးစင္အသင္းအတြက္ ေခၚယူတာနဲ႔ပတ္သက္လို႔ လီယိုနာဒို ေဒါသထြက္ေန
မၾကာေသးခင္က ဒဏ္ရာျပသနာေတြနဲ႔ႀကဳံခဲ့ေပမယ့္လည္း
လက္ေ႐ြးစင္အသင္းအတြက္ မက္ဆီကိုေခၚယူခဲ့တဲ့ အာဂ်င္တီးနားရဲ႕ဆုံးျဖတ္ခ်က္နဲ႔
ပတ္သက္လို႔ ပီအက္စ္ဂ်ီအသင္းအမႈေဆာင္ခ်ဳပ္လီယိုနာဒိုတစ္ေယာက္ ေဒါသထြက္ေနပါတယ္။
၃၄ ႏွစ္အ႐ြယ္ အဲဒီအာဂ်င္တီးနားသားဟာ ဒူးနဲ႔တံေကာက္ေၾကာဒဏ္ရာေတြေၾကာင့္
ပီအက္စ္ဂ်ီရဲ႕ေနာက္ဆုံး ၂ ပြဲကို လြဲေခ်ာ္ခဲ့တာပါ။ မက္ဆီဟာ သူ႔ႏိုင္ငံအသင္းရဲ႕
အသင္းေခါင္းေဆာင္ျဖစ္ၿပီး ဘရာဇီး၊ ဥ႐ုေဂြးတို႔နဲ႔လာမယ့္ကမာၻ႔ဖလားေျခစစ္ပြဲတို႔အတြက္
သြားေရာက္ပူးေပါင္းမွာပါ။ မက္ဆီနဲ႔ပီအက္စ္ဂ်ီတို႔ရဲ႕စာခ်ဳပ္ထဲမွာ
ကလပ္ပြဲေတြထက္ ႏိုင္ငံအသင္းပြဲေတြကို သူဦးစားေပးမယ္ဆိုတဲ့အခ်က္ကို ထည့္သြင္းထားတာပါ။
ဒါေပမဲ့ လက္ရွိအေျခအေနအတြက္ေတာ့ မေက်နပ္ဘူးဆိုတာ
ပီအက္စ္ဂ်ီအမႈေဆာင္ခ်ဳပ္လီယိုနာဒိုဟာ ျပင္သစ္သတင္းစာတစ္ေစာင္ကို အခုလိုေျပာခဲ့ပါတယ္။
”ႀကံ့ခိုင္မႈပိုင္းဆိုင္ရာ အျပည့္အဝမေကာင္းေသးတဲ့ကစားသမားတစ္ေယာက္ကို
လက္ေ႐ြးစင္အသင္းအတြက္ ေစလႊတ္ဖို႔ေတာ့ ကြၽန္ေတာ္တို႔ သေဘာမတူညီႏိုင္ပါဘူး။
ဒါဟာ ေယဘုယ်လည္း မက်ပါဘူး။ ဒီလိုအေျခအေနမ်ိဳးေတြဟာ
ဖီဖာနဲ႔တကယ္သေဘာတူညီမႈရဖို႔ ထိုတ္တန္ပါတယ္”လို႔ လီယိုနာဒိုက ေျပာခဲ့တာပါ။
လက္ရွိအခ်ိန္ထိေတာ့ မက္ဆီဟာ ပီအက္စ္ဂ်ီကစားသမားဘဝမွာ
ေမွ်ာ္လင့္ထားသေလာက္ မစြမ္းေဆာင္ႏိုင္ေသး ျဖစ္ေနပါတယ္။
သူဟာ ပီအက္စ္ဂ်ီအတြက္ ၿပိဳင္ပြဲအရပ္ရပ္မွာ ၈ ပြဲသာကစားရေသးၿပီး
ျပည္တြင္းလီဂူးၿပိဳင္ပြဲမွာ အခုခ်ိန္ထိကို ဂိုးမသြင္းႏိုင္ေသးတာပါ။