ဒဏ်ရာထပ်ရသွားလို့ အရန်ခုံတန်းမှာ ဝမ်းနည်းပက်လက် ငိုကြွေးခဲ့တဲ့ ဘမ်းဖို့ဒ်

လိဒ်ယူနိုက်တက်တိုက်စစ်မှူး ပက်ထရစ်ဘမ်းဖို့ဒ်ဟာ

ယမန်နေ့ညက ဝုဗ်ကို အံ့အားသင့်ဖွယ်အနိုင်ရခဲ့တဲ့ပွဲမှာ
ဒဏ်ရာထပ်ရသွားလို့ ဝမ်းနည်းစွာနဲ့ မျက်ရည်တွေကျခဲ့ပါတယ်။
ဘမ်းဖို့ဒ်ဟာ ပထမပိုင်းမှာ ဘောလုံးပျက်သွားတာကို လိုက်ယူဖို့
ကြိုးစားစဉ် ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာဖြစ်ပြီး
အရန်ခုံတန်းမှာ မျက်ရည်တွေကျဆင်းခဲ့တာဖြစ်ပါတယ်။

တံကောက်ကြောဒဏ်ရာကနေ အခုမှ ပြန်လည်သက်သာလာရုံပဲ
ရှိသေးတဲ့ ဘမ်းဖို့ဒ်အတွက်တော့ တကယ့်ကို
စိတ်ပျက်စရာကောင်းပြီး သူလည်း အရန်ခုံတန်းမှာ
မျက်နှာကို တီရှပ်နဲ့ အုပ်ကာ ခံစားချက်ကို မထိန်းနိုင်ဘဲ မျက်ရည်တွေကျခဲ့တာပါ။
ဘမ်းဖို့ဒ်ဟာ ပထမပိုင်းမှာ ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့ပြီး

ဦးဆောင်ဂိုးသွင်းနိုင်ဖို့တောင် နီးစပ်ခဲ့ပေမယ့်
သူ့ဲရဲ့ကန်သွင်းချက်က ဂိုးတိုင်ဘေးကနေ ကပ်ထွက်သွားပါတယ်။
ဒါပေမဲ့ အသက် ၂၈ နှစ်အရွယ်ရှိ ဘမ်းဖို့ဒ်ဟာ
ပွဲချိန် ၂၃ မိနစ်အရောက်မှာပဲ ခြေကျင်းဝတ်ဒဏ်ရာ
ရခဲ့ပြီး အမြင့်ဘောကို လက်ခံရယူဖို့ ကြိုးစားစဉ်

ဒဏ်ရာရခဲ့တာဖြစ်ကာ ခြေကျင်းဝတ်ကို ဖိရင်း
ကွင်းထဲမှာ ထိုင်ချလိုက်ရပါတယ်။
အင်္ဂလန်လက်ရွေးစင် ဘမ်းဖို့ဒ်ဟာ တံကောက်ကြော
ဒဏ်ရာကြောင့် ကာလရှည်အနားယူနေရာကနေ
ဒီပွဲကျမှ ပွဲထွက်စာရင်းမှာ ပြန်ပါလာတာဖြစ်ပြီး

အဲဒီပွဲမှာ လော်ရန်တေးနဲ့ ကလစ်ချ်တို့လည်း
ဒဏ်ရာပြဿနာတွေကြောင့် လူစားလဲခံခဲ့ရပါတယ်။
ဒါပေမဲ့ လိဒ်ယူနိုက်တက်ဟာ အိမ်ရှင်ဝုဗ်ကို
၂-၀ ဂိုးနဲ့ အရေးနိမ့်နေရာကနေ ဒုတိယပိုင်းမှာ
၃ဂိုးအထိ သွင်းယူကာ အဖိုးတန် ၃ မှတ်ရယူနိုင်ခဲ့ပြီး

အသင်းကလည်း တန်းဆင်းဇုန်ထဲက
ဝက်ဖို့ဒ်နဲ့ ၇မှတ်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

Zawgyi

ဒဏ္ရာထပ္ရသြားလို႔ အရန္ခုံတန္းမွာ ဝမ္းနည္းပက္လက္ ငိုေႂကြးခဲ့တဲ့ ဘမ္းဖို႔ဒ္
လိဒ္ယူႏိုက္တက္တိုက္စစ္မႉး ပက္ထရစ္ဘမ္းဖို႔ဒ္ဟာ
ယမန္ေန႔ညက ဝုဗ္ကို အံ့အားသင့္ဖြယ္အႏိုင္ရခဲ့တဲ့ပြဲမွာ
ဒဏ္ရာထပ္ရသြားလို႔ ဝမ္းနည္းစြာနဲ႔ မ်က္ရည္ေတြက်ခဲ့ပါတယ္။
ဘမ္းဖို႔ဒ္ဟာ ပထမပိုင္းမွာ ေဘာလုံးပ်က္သြားတာကို လိုက္ယူဖို႔

ႀကိဳးစားစဥ္ ေျခက်င္းဝတ္ဒဏ္ရာရခဲ့တာျဖစ္ၿပီး
အရန္ခုံတန္းမွာ မ်က္ရည္ေတြက်ဆင္းခဲ့တာျဖစ္ပါတယ္။
တံေကာက္ေၾကာဒဏ္ရာကေန အခုမွ ျပန္လည္သက္သာလာ႐ုံပဲ
ရွိေသးတဲ့ ဘမ္းဖို႔ဒ္အတြက္ေတာ့ တကယ့္ကို
စိတ္ပ်က္စရာေကာင္းၿပီး သူလည္း အရန္ခုံတန္းမွာ

မ်က္ႏွာကို တီရွပ္နဲ႔ အုပ္ကာ ခံစားခ်က္ကို မထိန္းႏိုင္ဘဲ မ်က္ရည္ေတြက်ခဲ့တာပါ။
ဘမ္းဖို႔ဒ္ဟာ ပထမပိုင္းမွာ ပုံမွန္ေျခစြမ္းျပသႏိုင္ခဲ့ၿပီး
ဦးေဆာင္ဂိုးသြင္းႏိုင္ဖို႔ေတာင္ နီးစပ္ခဲ့ေပမယ့္
သူ႔ဲရဲ႕ကန္သြင္းခ်က္က ဂိုးတိုင္ေဘးကေန ကပ္ထြက္သြားပါတယ္။
ဒါေပမဲ့ အသက္ ၂၈ ႏွစ္အ႐ြယ္ရွိ ဘမ္းဖို႔ဒ္ဟာ

ပြဲခ်ိန္ ၂၃ မိနစ္အေရာက္မွာပဲ ေျခက်င္းဝတ္ဒဏ္ရာ
ရခဲ့ၿပီး အျမင့္ေဘာကို လက္ခံရယူဖို႔ ႀကိဳးစားစဥ္
ဒဏ္ရာရခဲ့တာျဖစ္ကာ ေျခက်င္းဝတ္ကို ဖိရင္း
ကြင္းထဲမွာ ထိုင္ခ်လိုက္ရပါတယ္။
အဂၤလန္လက္ေ႐ြးစင္ ဘမ္းဖို႔ဒ္ဟာ တံေကာက္ေၾကာ

ဒဏ္ရာေၾကာင့္ ကာလရွည္အနားယူေနရာကေန
ဒီပြဲက်မွ ပြဲထြက္စာရင္းမွာ ျပန္ပါလာတာျဖစ္ၿပီး
အဲဒီပြဲမွာ ေလာ္ရန္ေတးနဲ႔ ကလစ္ခ်္တို႔လည္း
ဒဏ္ရာျပႆနာေတြေၾကာင့္ လူစားလဲခံခဲ့ရပါတယ္။
ဒါေပမဲ့ လိဒ္ယူႏိုက္တက္ဟာ အိမ္ရွင္ဝုဗ္ကို

၂-၀ ဂိုးနဲ႔ အေရးနိမ့္ေနရာကေန ဒုတိယပိုင္းမွာ
၃ဂိုးအထိ သြင္းယူကာ အဖိုးတန္ ၃ မွတ္ရယူႏိုင္ခဲ့ၿပီး
အသင္းကလည္း တန္းဆင္းဇုန္ထဲက
ဝက္ဖို႔ဒ္နဲ႔ ၇မွတ္အထိ တက္လွမ္းႏိုင္ခဲ့ပါတယ္။