
ပြီးခဲ့တဲ့ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ အောက်တန်းအသင်းငယ်လီနာရက်နဲ့
စပိန်ဘုရင့်ဖလားပွဲမှာလည်း ဘာစီလိုနာရဲ့အဓိကစားကစားနှစ်ယောက်ဟာ
ဒဏ်ရာပြသနာနဲ့ ကြုံခဲ့ရပါတယ်။ ကွင်းလယ်လူဖရန်ကီဒီဂျောင်နဲ့
နောက်ခံလူအာရူဂျိုတို့ဖြစ်ပြီး အဲဒီပွဲမှာ ဒဏ်ရာတွေကြောင့် လူစားလဲခံခဲ့ရတာပါ။
အဲဒီပွဲမှာ ဘာစီလိုနာဟာ ပထမပိုင်းအပြီး ၁-၀ နဲ့ရှုံးနေခဲ့ပေမယ့်
ဒုတိယပိုင်းမှာ ဒမ်ဘီလီနဲ့ ဂျတ်ဂလာတို့ရဲ့ဂိုးတွေကြောင့် ၂-၁ နဲ့ နိုင်ခဲ့တာပါ။
စပိန်ဘုရင့်ဖလားမှာ နောက်တစ်ဆင့်တက်နိုင်ခဲ့ပေမယ့် ဒဏ်ရာတွေကြောင့်
ဘာစီလိုနာအတွက် ပေးဆပ်မှုကြီးမားခဲ့ပါတယ်။
ဥရုဂွေးလက်ရွေးစင်အာရူဂျိုဟာ ပွဲထွက်ကစားခဲ့ပေမယ့်
ခါးဒဏ်ရာရသွားပုံပေါ်တာကြောင့် ပထမပိုင်းအပြီးမှာပဲ
ပီကေးနဲ့လူစားလဲလိုက်ရပါတယ်။
နယ်သာလန်ကွင်းလယ်လူဖရန်ကီဒီဂျောင်ရဲ့အဖြစ်ကတော့ ပိုဆိုးပါတယ်။
သူဟာ ဒုတိယပိုင်းစမှ လူစားဝင်လာတာဖြစ်ပေမယ့်
ကြွက်သားဒဏ်ရာရသွားပုံရတာကြောင့် ပွဲပြီးတဲ့အထိ မကစားနိုင်ဘဲ
လက်ကျန် ၁၅ မိနစ်အလိုမှာ လူစားလဲခံလိုက်ရတာပါ။
ဒါကြောင့်လည်း ဘာစီလိုနာရဲ့ဒဏ်ရာပြသနာအခြေအနေဟာ ပိုမိုဆိုးရွားလာပါတယ်။
အထူးသဖြင့် ကိုဗစ်ကြောင့်လည်း ဘာစီလိုနာရဲ့ဒဏ်ရာကစားသမားစာရင်းဟာ
၁၅ ယောက်လောက်တောင် ဖြစ်နေပါတယ်။
အဓိကကစားသမားတွေထဲကဆိုရင် ကွင်းလယ်လူပတ်ဒရီဟာ
ကြွက်သားပြသနာကြောင့် ၃ လကျော်တောင်နားခဲ့ရတာပါ။
ပြီးခဲ့တဲ့ရာသီက ပွဲပေါင်းများစွာကစားခဲ့ရတဲ့ အဲဒီ ၁၉ နှစ်သားဟာ
ဒီရာသီမှာ ၄ ပွဲသာ ကစားရသေးတယ်။
ဒါပေမဲ့ တိုက်စစ်မှာ အဓိကကျသူတွေဖြစ်ကြတဲ့ ဖာတီနဲ့ ဒီပေးတို့
ပြန်ကစားနိုင်တော့မှာဖြစ်လို့ ဘာစီလိုနာအတွက် အပေါင်းလက္ခဏာတစ်ခုပါ။
ဖာတီဆို ပြီးခဲ့တဲ့နိုဝင်ဘာအစောပိုင်းကတည်းက မကစားနိုင်ခဲ့တာဖြစ်ပြီး
ဒီပေးကလည်း ဒီဇင်ဘာအစောပိုင်းကတည်းက ဒဏ်ရာကြောင့် နားခဲ့ရသူဖြစ်ပါတယ်။
zawgyi
ဒဏ္ရာေတြရယ္နဲ႔ လုံးလည္ခ်ာလည္ျဖစ္ေနတဲ့ ဘာစီလိုနာ
ၿပီးခဲ့တဲ့ဗုဒၶဟူးညက ကစားခဲ့တဲ့ ေအာက္တန္းအသင္းငယ္လီနာရက္နဲ႔
စပိန္ဘုရင့္ဖလားပြဲမွာလည္း ဘာစီလိုနာရဲ႕အဓိကစားကစားႏွစ္ေယာက္ဟာ
ဒဏ္ရာျပသနာနဲ႔ ႀကဳံခဲ့ရပါတယ္။ ကြင္းလယ္လူဖရန္ကီဒီေဂ်ာင္နဲ႔
ေနာက္ခံလူအာ႐ူဂ်ိဳတို႔ျဖစ္ၿပီး အဲဒီပြဲမွာ ဒဏ္ရာေတြေၾကာင့္ လူစားလဲခံခဲ့ရတာပါ။
အဲဒီပြဲမွာ ဘာစီလိုနာဟာ ပထမပိုင္းအၿပီး ၁-၀ နဲ႔ရႈံးေနခဲ့ေပမယ့္
ဒုတိယပိုင္းမွာ ဒမ္ဘီလီနဲ႔ ဂ်တ္ဂလာတို႔ရဲ႕ဂိုးေတြေၾကာင့္ ၂-၁ နဲ႔ ႏိုင္ခဲ့တာပါ။
စပိန္ဘုရင့္ဖလားမွာ ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့ေပမယ့္ ဒဏ္ရာေတြေၾကာင့္
ဘာစီလိုနာအတြက္ ေပးဆပ္မႈႀကီးမားခဲ့ပါတယ္။
ဥ႐ုေဂြးလက္ေ႐ြးစင္အာ႐ူဂ်ိဳဟာ ပြဲထြက္ကစားခဲ့ေပမယ့္
ခါးဒဏ္ရာရသြားပုံေပၚတာေၾကာင့္ ပထမပိုင္းအၿပီးမွာပဲ
ပီေကးနဲ႔လူစားလဲလိုက္ရပါတယ္။
နယ္သာလန္ကြင္းလယ္လူဖရန္ကီဒီေဂ်ာင္ရဲ႕အျဖစ္ကေတာ့ ပိုဆိုးပါတယ္။
သူဟာ ဒုတိယပိုင္းစမွ လူစားဝင္လာတာျဖစ္ေပမယ့္
ႂကြက္သားဒဏ္ရာရသြားပုံရတာေၾကာင့္ ပြဲၿပီးတဲ့အထိ မကစားႏိုင္ဘဲ
လက္က်န္ ၁၅ မိနစ္အလိုမွာ လူစားလဲခံလိုက္ရတာပါ။
ဒါေၾကာင့္လည္း ဘာစီလိုနာရဲ႕ဒဏ္ရာျပသနာအေျခအေနဟာ ပိုမိုဆိုး႐ြားလာပါတယ္။
အထူးသျဖင့္ ကိုဗစ္ေၾကာင့္လည္း ဘာစီလိုနာရဲ႕ဒဏ္ရာကစားသမားစာရင္းဟာ
၁၅ ေယာက္ေလာက္ေတာင္ ျဖစ္ေနပါတယ္။
အဓိကကစားသမားေတြထဲကဆိုရင္ ကြင္းလယ္လူပတ္ဒရီဟာ
ႂကြက္သားျပသနာေၾကာင့္ ၃ လေက်ာ္ေတာင္နားခဲ့ရတာပါ။
ၿပီးခဲ့တဲ့ရာသီက ပြဲေပါင္းမ်ားစြာကစားခဲ့ရတဲ့ အဲဒီ ၁၉ ႏွစ္သားဟာ
ဒီရာသီမွာ ၄ ပြဲသာ ကစားရေသးတယ္။
ဒါေပမဲ့ တိုက္စစ္မွာ အဓိကက်သူေတြျဖစ္ၾကတဲ့ ဖာတီနဲ႔ ဒီေပးတို႔
ျပန္ကစားႏိုင္ေတာ့မွာျဖစ္လို႔ ဘာစီလိုနာအတြက္ အေပါင္းလကၡဏာတစ္ခုပါ။
ဖာတီဆို ၿပီးခဲ့တဲ့ႏိုဝင္ဘာအေစာပိုင္းကတည္းက မကစားႏိုင္ခဲ့တာျဖစ္ၿပီး
ဒီေပးကလည္း ဒီဇင္ဘာအေစာပိုင္းကတည္းက ဒဏ္ရာေၾကာင့္ နားခဲ့ရသူျဖစ္ပါတယ္။