ဒဏ်ရာတွေနဲ့လုံးပမ်းနေရသူ သီယာဂိုကို ပြိုင်ဘက်အသင်းတွေကိုဖျက်ဆီးမယ့် ကစားသမားအဖြစ် အီရန်ရိုက် ချီးကျူး

လီဗာပူးကွင်းလယ်လူ သီယာဂိုဟာ အံ့ဩစရာကောင်းတဲ့ကစားသမားဖြစ်ပြီး ဒီရာသီမှာပြိုင်ဘက်အသင်းတွေကို ဖျက်ဆီးပြစ်မယ့်သူလို အာဆင်နယ်ဂန္တဝင်ကစားသမား အီရန်ရိုက်က ပြောကြားလိုက်ပါတယ်။ သီယာဂို ဟာ ၂၀၂၀ စက်တင်ဘာလမှာ ဘိုင်ယန်ကနေ

လီဗာပူးကိုရောက်လာပြီးနောက် နည်းပြကလော့ပ်ရဲ့ အဓိကကျလာတဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်လာခဲ့သူပါ။ The Kelly & Wrighty Show on Optus Sport အစီအစဉ်မှာ တင်ဆက်သူလုပ်နေတဲ့ အာဆင်နယ်ဂန္တဝင်ကစားသမား အီရန်ရိုက် ကတော့ သီယာဂိုနဲ့

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းတိုဟာ အထင်ကြီးစရာကောင်းတဲ့ ကွင်းလယ်သမားတွေ ဖြစ်တယ်လိုဆိုထားပါတယ်။ သူတိုလို ကစား သမားတွေသာရှိနေရင် အသင်းတစ်သင်းအနေနဲ့ တိုက်စစ်ဆင်ဖို အခက်အခဲမရှိနိုင်ဘူးလို အီရန်ရိုက်က မှတ်ချက် ပြုခဲ့ပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ အဓိကဆုဖလားတွေကို လီဗာပူးမရခဲ့ပေမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရောက်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ဒုတိယနေရာရပ်တည်နိုင်ခဲ့တာတွေက သီယာဂိုရဲ့အဓိကစွမ်းဆောင်ရည် တွေကြောင့်ဖြစ်တယ်လိုဆိုပါတယ်။

အီရန်ရိုက်က အခုလိုမှတ်ချက်ပြုခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ အချိန်ကုန်နေရတတ်တဲ့ သီယာဂိုနဲ့ လီဗာပူးပရိသတ်တွေအတွက်တော့ ပြီးခဲ့တဲ့အပတ်မှာ ကံဆိုးတစ်ခု ကြုံခဲ့ရပါတယ်။ အဲဒါကတော့ ဖူလ်ဟမ်နဲ့ သရေကျခဲ့တဲ့ ရာသီအဖွင့်ပွဲမှာ

သီယာဂိုဟာ တံကောက်ကျော ဒဏ်ရာပြန်ရသွားခဲ့ပြီး ခြောက်ပတ်လောက်နားရတော့မှာဖြစ်ပါတယ်။ သီယာဂိုဟာ လီဗာပူးကိုပြောင်းရွှေ့ လာခဲ့ပြီးနောက် ဒဏ်ရာပြဿတွေကြောင့် ၄၅ ပွဲအထိ လွဲချော်ထားခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

လီဗာပူးနည်းပြကလော့ပ်ကတော့ ကွင်းလယ်ကစားသမားတစ်ယောက်ဒဏ်ရာရသွားတာဟာ အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်မဟုတ်ဘူးလိုဆိုထားပါတယ်။ ဒါပေမယ့် ရာသီအဖွင့်ပွဲအပြီးမှာ အသင်းရဲ့အားထားရတဲ့ ကစားသမားအများစု ဒဏ်ရာတွေရခဲ့ကြောင့် နည်းပြကလော့ပ်အတွက်တော့ ဖိအားတွေရှိနေတာအမှန်ပါပဲ။

(zawgyi)

လီဗာပူးကြင္းလယ္လူ သီယာဂိုဟာ အံ့ဩစရာေကာင္းတဲ့ကစားသမားျဖစ္ၿပီး ဒီရာသီမွာၿပိဳင္ဘက္အသင္းေတြကို ဖ်က္ဆီးျပစ္မယ့္သူလို အာဆင္နယ္ဂႏၲဝင္ကစားသမား အီရန္႐ိုက္က ေျပာၾကားလိုက္ပါတယ္။

သီယာဂို ဟာ ၂၀၂၀ စက္တင္ဘာလမွာ ဘိုင္ယန္ကေန လီဗာပူးကိုေရာက္လာၿပီးေနာက္ နည္းျပကေလာ့ပ္ရဲ႕ အဓိကက်လာတဲ့ ကြင္းလယ္ကစားသမားတစ္ေယာက္ျဖစ္လာခဲ့သူပါ။ The Kelly & Wrighty Show on Optus Sport အစီအစဥ္မွာ

တင္ဆက္သူလုပ္ေနတဲ့ အာဆင္နယ္ဂႏၲဝင္ကစားသမား အီရန္႐ိုက္ ကေတာ့ သီယာဂိုနဲ႔ မန္စီးတီးကြင္းလယ္လူ ဒီဘ႐ိုင္းတိုဟာ အထင္ႀကီးစရာေကာင္းတဲ့ ကြင္းလယ္သမားေတြ ျဖစ္တယ္လိုဆိုထားပါတယ္။ သူတိုလို ကစား သမားေတြသာရွိေနရင္

အသင္းတစ္သင္းအေနနဲ႔ တိုက္စစ္ဆင္ဖို အခက္အခဲမရွိႏိုင္ဘူးလို အီရန္႐ိုက္က မွတ္ခ်က္ ျပဳခဲ့ပါတယ္။ ၂၀၂၁-၂၀၂၂ ေဘာလုံးရာသီမွာ အဓိကဆုဖလားေတြကို လီဗာပူးမရခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ ေရာက္ခဲ့သလို ပရီးမီးယားလိဂ္မွာလည္း

ဒုတိယေနရာရပ္တည္ႏိုင္ခဲ့တာေတြက သီယာဂိုရဲ႕အဓိကစြမ္းေဆာင္ရည္ ေတြေၾကာင့္ျဖစ္တယ္လိုဆိုပါတယ္။ အီရန္႐ိုက္က အခုလိုမွတ္ခ်က္ျပဳခဲ့ေပမယ့္ ဒဏ္ရာျပႆနာေတြနဲ႔ အခ်ိန္ကုန္ေနရတတ္တဲ့ သီယာဂိုနဲ႔ လီဗာပူးပရိသတ္ေတြအတြက္ေတာ့

ၿပီးခဲ့တဲ့အပတ္မွာ ကံဆိုးတစ္ခု ႀကဳံခဲ့ရပါတယ္။ အဲဒါကေတာ့ ဖူလ္ဟမ္နဲ႔ သေရက်ခဲ့တဲ့ ရာသီအဖြင့္ပြဲမွာ သီယာဂိုဟာ တံေကာက္ေက်ာ ဒဏ္ရာျပန္ရသြားခဲ့ၿပီး ေျခာက္ပတ္ေလာက္နားရေတာ့မွာျဖစ္ပါတယ္။

သီယာဂိုဟာ လီဗာပူးကိုေျပာင္းေ႐ႊ႕ လာခဲ့ၿပီးေနာက္ ဒဏ္ရာျပႆေတြေၾကာင့္ ၄၅ ပြဲအထိ လြဲေခ်ာ္ထားခဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။ လီဗာပူးနည္းျပကေလာ့ပ္ကေတာ့ ကြင္းလယ္ကစားသမားတစ္ေယာက္

ဒဏ္ရာရသြားတာဟာ အသင္းအတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္မဟုတ္ဘူးလိုဆိုထားပါတယ္။ ဒါေပမယ့္ ရာသီအဖြင့္ပြဲအၿပီးမွာ အသင္းရဲ႕အားထားရတဲ့ ကစားသမားအမ်ားစု ဒဏ္ရာေတြရခဲ့ေၾကာင့္ နည္းျပကေလာ့ပ္အတြက္ေတာ့ ဖိအားေတြရွိေနတာအမွန္ပါပဲ။