ဒက်လန်းရိုက်ကို ကာလရှည်ကြာထိန်းထားနိုင်မည်ဆိုပါက အသင်းရဲ့အနာဂတ်အား တည်ဆောက်မှုတွင်အရေးပါလာမယ်လို့ယုံကြည်နေတဲ့ ဝက်စ်ဟမ်း
ဝက်စ်ဟမ်းဟာအသင်းကိုဒက်လန်းရိုက်ကိုတည်ကိုတည်ဆောက်ရန်စီစဉ်နေပြီး
ချန်ပီယံလိဂ်ဝင်ခွင့်ပုံမှန်ရရှိလာရန်အထိရည်မှန်းနေပါတယ်။
အင်္ဂလန်စတားဒက်လန်းရိုက်ဟာပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားများထဲမှ
တစ်ဦးဖြစ်ပါတယ်။ဝက်စ်ဟမ်းဟာလက်ရှိအချိန်တွင်ပရီးမီးယားလိဂ်အမှတ်ပေး
ဇယားအဆင့်၃နေရာတွင်ရပ်တည်လာနိုင်မှုနဲ့အတူ ဒက်လန်ရိုက်ကို
ထွက်ခွာခွင့်ပေးဖို့အစီအစဉ်မရှိတော့ပါဘူး။
ဝက်စ်ဟမ်းကအသက်၂၂နှစ်ရှိ ဒက်လန်းရိုက်ကိုအသင်းတွင်ကာလရှည်ကြာ
ထိန်းထားနိုင်မည်ဆိုပါကအသင်းရဲ့အနာဂတ်အားတည်ဆောက်မှုတွင်
အရေးပါလာမယ်လို့ယုံကြည်နေပါတယ်။
တစ်ဖက်တွင်ဒက်လန်းရိုက်ကိုယ်တိုင်ကလည်းအသင်းတွင်ချက်ဘီလျှံနာက
ရင်းနှီးမြှပ်နှံမှုပြုလုပ်လာမှုနဲ့အတူအသင်းရဲ့အနာဂတ်မှာလည်းလှပနေတယ်လို့ယုံကြည်နေပါတယ်။
ဒက်လန်းရိုက်ကိုချဲလ်ဆီးနှင့်မန်စီးတီးနှင့်မန်ယူတို့ကစိတ်ဝင်စားနေကြပြီး
ပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀အထိပေးရန်အသင့်ရှိနေကြပါတယ်။
ဒါပေမယ့်လည်းဝက်စ်ဟမ်းဘုတ်အဖွဲ့ဝင်များဟာဒက်လန်းရိုက်ကိုရောင်းချပြီး
ငွေရှာရန်အစီအစဉ်မရှိပါဘူး။ တစ်ဖက်တွင်ဒက်လန်းရိုက်ဟာ
ကလပ်ဘက်ကစာချုပ်သစ်နှစ်ကြိမ်ကမ်းလှမ်းမှုကိုပယ်ချထားသူဖြစ်ပြီး
လက်ရှိအချိန်တွင်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုပြုလုပ်ကြခြင်းမရှိပါဘူး။
ဒါပေမယ့်စာချုပ်သက်တမ်းမှာသုံးနှစ်တိုင်တိုင်ကျန်နေသေးရာဝက်စ်ဟမ်းအနေဖြင့်
ဒက်လန်းရိုက်ရဲ့အနာဂတ်နှင့်ပတ်သက်ပြီးတစ်စုံတစ်ရာစိုးရိမ်စရာရှိမနေပါဘူး။
zawgyi