ဒက်ကလန်ရိုက်စ်အတွက် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးတောင်းမယ့် ဝက်စ်ဟမ်း

လာမယ့်နွေရာသီအတွင်း အဓိကကွင်းလယ်လူ

ဒက်ကလန်ရိုက်စ်ကို ရောင်းချဖို့ ပြင်ဆင်နေတဲ့
ဝက်စ်ဟမ်းဟာ အဆိုပါအပြောင်းအရွှေ့အတွက်
ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ်
ပေါင်သန်း ၁၅၀ အထိ တောင်းဆိုဖွယ်ရှိနေပါတယ်။
ဝက်စ်ဟမ်းဟာ အင်္ဂလန်လက်ရွေးစင် ဒက်ကလန်ရိုက်စ်ကို

စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားမှု အဆင်မပြေဖြစ်ခဲ့ရပြီးနောက်
နွေရာသီမှာ ငွေကြေးထွက်လာစေဖို့ ရောင်းထုတ်ဖွယ်ရှိနေပါတယ်။
ဒါပေမဲ့ နည်းပြ ဒေးဗစ်မွိုက်စ်နဲ့ ဝက်စ်ဟမ်းဘုတ်အဖွဲ့တို့က
ပေါင်သန်း ၁၅၀ထက်နည်းတဲ့ ဘယ်လိုကမ်းလှမ်းမှုမျိုးကိုမဆို
လက်ခံသွားမှာမဟုတ်ကြောင်း သိရပါတယ်။

လက်ရှိဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးက ပေါင်သန်း ၁၀၀ဖြစ်ပြီး
၂၀၂၁ နွေရာသီမှာ ဗီလာကနေ မန်စီးတီးကို
ရောက်လာတဲ့ တောင်ပံကစားသမား ဂရီးလစ်ချ်ဖြစ်ပါတယ်။
ယူနိုက်တက်က ဒက်ကလန်ရိုက်စ်ကို
ခေါ်ယူနိုင်ရေးအတွက် ရေပန်းစားနေပြီး

နွေရာသီမှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်
ပြင်သစ်လက်ရွေးစင် ပေါ့ဂ်ဘာရဲ့နေရာမှာ
ဒက်ကလန်ရိုက်စ်နဲ့ အစားထိုးလိုနေတာပါ။
ချဲလ်ဆီးကလည်း ဒက်ကလန်ရိုက်စ်ကို
ခေါ်ယူချင်နေပေမယ့် အသင်းပိုင်ရှင် မိုဗစ်ချ်

စီးပွားရေးပိတ်ဆို့ခံထားရချိန် ကစားသမားသစ်
ခေါ်ယူခွင့်လည်း ပိတ်ပင်ခြင်း ခံထားရပါတယ်။
ယူနိုက်တက်က တကယ်လို့ ဒက်ကလန်ရိုက်စ်ကို
ခေါ်ယူချင်တဲ့အသင်းတွေ မထွက်ပေါ်လာရင်
သူတို့တစ်သင်တည်းရှိနေမှာဖြစ်လို့ ပြောင်းရွှေ့ကြေး

လျှော့ချနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ ဒက်ကလန်ရိုက်စ်ဟာ
စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၂နှစ်ကျန်နေသေးပြီး
အသင်းဘက်က နောက်ထပ်တစ်နှစ်သက်တမ်းတိုးနိုင်ပါသေးတယ်။
စာချုပ်သစ်ချုပ်ဆိုရေးအတွက် ဆွေးနွေးမှုတွေ

တရားဝင်ဖျက်သိမ်းလိုက်တာမျိုးမရှိသေးပေမယ့်
ဒေးဗစ်မွိုက်စ်ကတော့ ဒက်ကလန်ရိုက်စ်အနေနဲ့
အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ချင်နေတယ်လို့ ယုံကြည်လာပါတယ်။

Zawgyi

ဒက္ကလန္ရိုက္စ္အတြက္ ၿဗိတိန္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေတာင္းမယ့္ ၀က္စ္ဟမ္း
လာမယ့္ေႏြရာသီအတြင္း အဓိကကြင္းလယ္လူ
ဒက္ကလန္ရိုက္စ္ကို ေရာင္းခ်ဖို႔ ျပင္ဆင္ေနတဲ့
၀က္စ္ဟမ္းဟာ အဆုိပါအေျပာင္းအေရႊ႕အတြက္

ၿဗိတိန္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးအျဖစ္
ေပါင္သန္း ၁၅၀ အထိ ေတာင္းဆုိဖြယ္ရွိေနပါတယ္။
၀က္စ္ဟမ္းဟာ အဂၤလန္လက္ေရြးစင္ ဒက္ကလန္ရိုက္စ္ကို
စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖုိ႔ ႀကိဳးစားမႈ အဆင္မေျပျဖစ္ခဲ့ရၿပီးေနာက္
ေႏြရာသီမွာ ေငြေၾကးထြက္လာေစဖို႔ ေရာင္းထုတ္ဖြယ္ရွိေနပါတယ္။

ဒါေပမဲ့ နည္းျပ ေဒးဗစ္မိြဳက္စ္နဲ႔ ၀က္စ္ဟမ္းဘုတ္အဖြဲ႕တို႔က
ေပါင္သန္း ၁၅၀ထက္နည္းတဲ့ ဘယ္လုိကမ္းလွမ္းမႈမ်ိဳးကိုမဆုိ
လက္ခံသြားမွာမဟုတ္ေၾကာင္း သိရပါတယ္။
လက္ရွိၿဗိတိန္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးက ေပါင္သန္း ၁၀၀ျဖစ္ၿပီး
၂၀၂၁ ေႏြရာသီမွာ ဗီလာကေန မန္စီးတီးကို

ေရာက္လာတဲ့ ေတာင္ပံကစားသမား ဂရီးလစ္ခ်္ျဖစ္ပါတယ္။
ယူႏုိက္တက္က ဒက္ကလန္ရိုက္စ္ကို
ေခၚယူႏိုင္ေရးအတြက္ ေရပန္းစားေနၿပီး
ေႏြရာသီမွာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္
ျပင္သစ္လက္ေရြးစင္ ေပါ့ဂ္ဘာရဲ႕ေနရာမွာ

ဒက္ကလန္ရိုက္စ္နဲ႔ အစားထိုးလုိေနတာပါ။
ခ်ဲလ္ဆီးကလည္း ဒက္ကလန္ရုိက္စ္ကို
ေခၚယူခ်င္ေနေပမယ့္ အသင္းပိုင္ရွင္ မုိဗစ္ခ်္
စီးပြားေရးပိတ္ဆုိ႔ခံထားရခ်ိန္ ကစားသမားသစ္
ေခၚယူခြင့္လည္း ပိတ္ပင္ျခင္း ခံထားရပါတယ္။

ယူႏုိက္တက္က တကယ္လို႔ ဒက္ကလန္ရိုက္စ္ကို
ေခၚယူခ်င္တဲ့အသင္းေတြ မထြက္ေပၚလာရင္
သူတုိ႔တစ္သင္တည္းရွိေနမွာျဖစ္လုိ႔ ေျပာင္းေရႊ႕ေၾကး
ေလွ်ာ့ခ်ႏိုင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနပါတယ္။
အသက္ ၂၃ ႏွစ္အရြယ္ရွိ ဒက္ကလန္ရိုက္စ္ဟာ

စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ ၂ႏွစ္က်န္ေနေသးၿပီး
အသင္းဘက္က ေနာက္ထပ္တစ္ႏွစ္သက္တမ္းတုိးႏုိင္ပါေသးတယ္။
စာခ်ဳပ္သစ္ခ်ဳပ္ဆုိေရးအတြက္ ေဆြးေႏြးမႈေတြ
တရား၀င္ဖ်က္သိမ္းလုိက္တာမ်ိဳးမရွိေသးေပမယ့္
ေဒးဗစ္မြိဳက္စ္ကေတာ့ ဒက္ကလန္ရိုက္စ္အေနနဲ႔

အသင္းႀကီးတစ္သင္းကို ေျပာင္းေရႊ႕ခ်င္ေနတယ္လုိ႔ ယုံၾကည္လာပါတယ္။