ထောင်ဒဏ်ကျခံရတော့မယ့် လူးကပ်စ်ဟာနန်ဒက်ဇ်

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပြင်သစ်နာမည်ကျော်နောက်ခံလူ လူးကပ်စ်ဟာနန်

ဒက်ဇ်တစ်ယောက် နှလုံးသားကိစ္စအရှုပ်အထွေးကြောင့် အောက်တိုဘာ(၂၈)

ရက်ကစတင်ပြီး ထောင်ဒဏ်(၆)လပြစ်ဒဏ်ကျခံရတော့မှာဖြစ်ပါတယ်။

အမှန်တကယ်တော့ လူးကပ်စ်ဟာနန်ဒက်ဇ်နဲ့ ဇနီးဖြစ်သူအမီလီယာဒီလာ

အိုဆာလော်ရန်တေးတို့ရဲ့ စိတ်အခန့်မသင့်ဘဲဖြစ်ခဲ့တဲ့ ရန်ပွဲကနေ အခုလို

မလိုလားအပ်ဘဲနဲ့ လူးကပ်စ်ဟာနန်ဒက်ဇ်ဟာ ထောင်နန်းစံရမယ့်ကိန်း

ဆိုက်သွားတာပါပဲ။

အကြောင်းစုံကို ပရိသတ်တွေသိရှိနိုင်အောင် ဖောက်သည်ချပါရစေ . .

၂၀၁၇၊ ဖေဖော်ဝါရီလတုန်းက လူးကပ်စ်ဟာနန်ဒက်ဇ်နဲ့လော်ရန်တေး

(အဲဒီအချိန်က သမီးရည်းစားအဆင့်သာရှိသေး)

တို့ဟာ တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်တာကနေ လူးကပ်စ်ဟာနန်

ဒက်ဇ်ရဲ့လက်ချက်ကြောင့် လော်ရန်တေး ထိခိုက်ဒဏ်ရာတွေနဲ့ဆေးရုံ

ရောက်သွားခဲ့ပါတယ်။ အဲဒီအချိန်က လူးကပ်စ်ဟာနန်ဒက်ဇ်ဟာ

ဘိုင်ယန်မြူးနစ်ကို မရောက်သေးဘဲ အက်သလက်တီကိုအသင်းမှာ

ကစားနေတုန်းပါ။ လူးကပ်စ်ဟာနန်ဒက်ဇ်ရဲ့ အကြမ်းဖက်မှုကြောင့်

လော်ရန်တေး ဆေးရုံရောက်သွားခဲ့တဲ့လုပ်ရပ်အတွက် ရဲတပ်ဖွဲ့က

လူးကပ်စ်ဟာနန်ဒက်ဇ်ကိုဖမ်းဆီးခဲ့ပြီး စပိန်တရားရုံးက (၆)လအတွင်း

လော်ရန်တေးနေထိုင်တဲ့နေရာနဲ့ မီတာ(၅၀၀)အတွင်း လူးကပ်စ်ဟာ

နန်ဒက်ဇ်လာခွင့်မရှိလို့ ဆုံးဖြတ်ခဲ့သလို လူမှုရေးလုပ်ငန်းတွေကို (၃၁)

ရက်ကြာဆောင်ရွက်ရမယ်လို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

သမီးရည်းစားသဘာဝ ‘ရန်ဖြစ် ပြန်ချစ်’ဆိုတဲ့အတိုင်းပဲ သိပ်မကြာခင်မှာပဲ

လူးကပ်စ်ဟာနန်ဒက်ဇ်နဲ့လော်ရန်တေးတို့ ပြန်အဆင်ပြေသွားတာကြောင့်

၂၀၁၇၊ ဇွန်လ(၂)ရက်မှာ လက်ထပ်ပွဲကို တိုးတိုးတိတ်တိတ်ကျင်းပခဲ့ပြီး အမေ

ရိကန်နိုင်ငံ၊ မိုင်ယာမီကို ဟန်းနီးမွန်းခရီးတောင်ထွက်လိုက်ပါသေးတယ်။

မိုင်ယာမီကနေ စပိန်နိုင်ငံကို ပြန်ရောက်ချိန်မှာတော့ ၂၀၁၇၊ ဇွန်လ(၁၃)

ရက်မှာ လူးကပ်စ်ဟာနန်ဒက်ဇ်ဟာ ရဲတပ်ဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက်

ဖမ်းဆီးခံခဲ့ရသလို ၂၀၁၉၊ ဒီဇင်ဘာလမှာ စပိန်တရားရုံးက သူ့ကို

ထောင်ဒဏ်(၆)လပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ လော်ရန်တေးကတော့

လူးကပ်စ်ဟာနန်ဒက်ဇ်နဲ့တွေ့ခွင့်မရှိလို့ တရားရုံးက မသတ်မှတ်ထားတဲ့

အတွက် ကံကောင်းစွာနဲ့ပဲ အရေးယူမခံခဲ့ရပါဘူး။ လူးကပ်စ်ဟာနန်

ဒက်ဇ်က သူ့ရဲ့ထောင်ဒဏ်ကို ဆိုင်းငံ့အဖြစ်သတ်မှတ်ပေးဖို့ တရားရုံး

ဆီလျှောက်ထားခဲ့ပေမယ့် လူးကပ်စ်ဟာနန်ဒက်ဇ်ဟာ ပထမဆုံးအကြိမ်

ပြစ်မှုကျူးလွန်ခဲ့တာမဟုတ်တဲ့အတွက် တရားရုံးက ငြင်းဆန်ပယ်ချခဲ့

ပါတယ်။

စပိန်နိုင်ငံက ဥပဒေအရ လူသတ်မှုကလွဲလို့ ကျန်တဲ့အသေး

စားပြစ်မှုကျူးလွန်သူတွေဟာ ပထမအကြိမ်ကျူးလွန်မိတာဆိုရင်

ထောင်ဒဏ်နဲ့ရှောင်လွှဲခွင့်ရှိပါတယ်။ အခုအချိန်မှာတော့ စပိန်တရားရုံးက

ဒီဇင်ဘာလ(၂၈)ရက်မတိုင်ခင် (၁၀)ရက်အတွင်း လူးကပ်စ်ဟာနန်ဒက်ဇ်

ဟာ ကိုယ့်သဘောဆန္ဒအရ အလိုက်တသိနဲ့ သူ့ရဲ့ပြစ်ဒဏ်ကို လာရောက်

ရင်ဆိုင်ဖို့တောင်းဆိုထားပြီး ဘယ်အကျဉ်းထောင်မှာ နေမလဲဆိုတာတော့

လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ပေးထားတာဖြစ်ပါတယ်။ မြန်မာအမြင်နဲ့

ကြည့်ရင်တော့ လူးကပ်စ်ဟာနန်ဒက်စ်ရဲ့အဖြစ်အပျက်က ဘာမှမဟုတ်ပေ

မယ့်လည်း သူတို့နိုင်ငံတွေမှာက တရားဥပဒေကို လေးစားပြီး ‘ဥပဒေအထက်မှာ

ဘယ်သူမှမရှိရ’ဆိုတဲ့စကားအတိုင်း ဥပဒေအတိုင်းတိတိကျကျဆောက်ရွက်ခဲ့

တာပါပဲ။ သာမန်သမီးရည်းစားရန်ဖြစ်တာကနေ ထောင်ထဲမှာ (၆)လလောက်

အချိန်ဖြုန်းရတော့မယ့် လူးကပ်စ်ဟာနန်ဒက်ဇ်အတွက်တော့ ကံမကောင်းဘူး

လို့ပဲပြောရတော့မှာပါ .

Zawgyi

ေထာင္ဒဏ္က်ခံရေတာ့မယ့္ လူးကပ္စ္ဟာနန္ဒက္ဇ္
ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ျပင္သစ္နာမည္ေက်ာ္ေနာက္ခံလူ လူးကပ္စ္ဟာနန္

ဒက္ဇ္တစ္ေယာက္ ႏွလုံးသားကိစၥအရႈပ္အေထြးေၾကာင့္ ေအာက္တိုဘာ(၂၈)

ရက္ကစတင္ၿပီး ေထာင္ဒဏ္(၆)လျပစ္ဒဏ္က်ခံရေတာ့မွာျဖစ္ပါတယ္။

အမွန္တကယ္ေတာ့ လူးကပ္စ္ဟာနန္ဒက္ဇ္နဲ႔ ဇနီးျဖစ္သူအမီလီယာဒီလာ

အိုဆာေလာ္ရန္ေတးတို႔ရဲ႕ စိတ္အခန႔္မသင့္ဘဲျဖစ္ခဲ့တဲ့ ရန္ပြဲကေန အခုလို

မလိုလားအပ္ဘဲနဲ႔ လူးကပ္စ္ဟာနန္ဒက္ဇ္ဟာ ေထာင္နန္းစံရမယ့္ကိန္း

ဆိုက္သြားတာပါပဲ။

 

အေၾကာင္းစုံကို ပရိသတ္ေတြသိရွိႏိုင္ေအာင္ ေဖာက္သည္ခ်ပါရေစ . .

၂၀၁၇၊ ေဖေဖာ္ဝါရီလတုန္းက လူးကပ္စ္ဟာနန္ဒက္ဇ္နဲ႔ေလာ္ရန္ေတး

(အဲဒီအခ်ိန္က သမီးရည္းစားအဆင့္သာရွိေသး)

တို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ရန္ျဖစ္တာကေန လူးကပ္စ္ဟာနန္

ဒက္ဇ္ရဲ႕လက္ခ်က္ေၾကာင့္ ေလာ္ရန္ေတး ထိခိုက္ဒဏ္ရာေတြနဲ႔ေဆး႐ုံ

ေရာက္သြားခဲ့ပါတယ္။ အဲဒီအခ်ိန္က လူးကပ္စ္ဟာနန္ဒက္ဇ္ဟာ

ဘိုင္ယန္ျမဴးနစ္ကို မေရာက္ေသးဘဲ အက္သလက္တီကိုအသင္းမွာ

ကစားေနတုန္းပါ။ လူးကပ္စ္ဟာနန္ဒက္ဇ္ရဲ႕ အၾကမ္းဖက္မႈေၾကာင့္

ေလာ္ရန္ေတး ေဆး႐ုံေရာက္သြားခဲ့တဲ့လုပ္ရပ္အတြက္ ရဲတပ္ဖြဲ႕က

လူးကပ္စ္ဟာနန္ဒက္ဇ္ကိုဖမ္းဆီးခဲ့ၿပီး စပိန္တရား႐ုံးက (၆)လအတြင္း

ေလာ္ရန္ေတးေနထိုင္တဲ့ေနရာနဲ႔ မီတာ(၅၀၀)အတြင္း လူးကပ္စ္ဟာ

နန္ဒက္ဇ္လာခြင့္မရွိလို႔ ဆုံးျဖတ္ခဲ့သလို လူမႈေရးလုပ္ငန္းေတြကို (၃၁)

ရက္ၾကာေဆာင္႐ြက္ရမယ္လို႔ ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။

 

သမီးရည္းစားသဘာဝ ‘ရန္ျဖစ္ ျပန္ခ်စ္’ဆိုတဲ့အတိုင္းပဲ သိပ္မၾကာခင္မွာပဲ

လူးကပ္စ္ဟာနန္ဒက္ဇ္နဲ႔ေလာ္ရန္ေတးတို႔ ျပန္အဆင္ေျပသြားတာေၾကာင့္

၂၀၁၇၊ ဇြန္လ(၂)ရက္မွာ လက္ထပ္ပြဲကို တိုးတိုးတိတ္တိတ္က်င္းပခဲ့ၿပီး အေမ

ရိကန္ႏိုင္ငံ၊ မိုင္ယာမီကို ဟန္းနီးမြန္းခရီးေတာင္ထြက္လိုက္ပါေသးတယ္။

မိုင္ယာမီကေန စပိန္ႏိုင္ငံကို ျပန္ေရာက္ခ်ိန္မွာေတာ့ ၂၀၁၇၊ ဇြန္လ(၁၃)

ရက္မွာ လူးကပ္စ္ဟာနန္ဒက္ဇ္ဟာ ရဲတပ္ဖြဲ႕ရဲ႕ ဒုတိယအႀကိမ္ေျမာက္

ဖမ္းဆီးခံခဲ့ရသလို ၂၀၁၉၊ ဒီဇင္ဘာလမွာ စပိန္တရား႐ုံးက သူ႔ကို

ေထာင္ဒဏ္(၆)လျပစ္ဒဏ္ခ်မွတ္ခဲ့တာပါ။ ေလာ္ရန္ေတးကေတာ့

လူးကပ္စ္ဟာနန္ဒက္ဇ္နဲ႔ေတြ႕ခြင့္မရွိလို႔ တရား႐ုံးက မသတ္မွတ္ထားတဲ့

အတြက္ ကံေကာင္းစြာနဲ႔ပဲ အေရးယူမခံခဲ့ရပါဘူး။ လူးကပ္စ္ဟာနန္

ဒက္ဇ္က သူ႔ရဲ႕ေထာင္ဒဏ္ကို ဆိုင္းငံ့အျဖစ္သတ္မွတ္ေပးဖို႔ တရား႐ုံး

ဆီေလွ်ာက္ထားခဲ့ေပမယ့္ လူးကပ္စ္ဟာနန္ဒက္ဇ္ဟာ ပထမဆုံးအႀကိမ္

ျပစ္မႈက်ဴးလြန္ခဲ့တာမဟုတ္တဲ့အတြက္ တရား႐ုံးက ျငင္းဆန္ပယ္ခ်ခဲ့

ပါတယ္။

 

စပိန္ႏိုင္ငံက ဥပေဒအရ လူသတ္မႈကလြဲလို႔ က်န္တဲ့အေသး

စားျပစ္မႈက်ဴးလြန္သူေတြဟာ ပထမအႀကိမ္က်ဴးလြန္မိတာဆိုရင္

ေထာင္ဒဏ္နဲ႔ေရွာင္လႊဲခြင့္ရွိပါတယ္။ အခုအခ်ိန္မွာေတာ့ စပိန္တရား႐ုံးက

ဒီဇင္ဘာလ(၂၈)ရက္မတိုင္ခင္ (၁၀)ရက္အတြင္း လူးကပ္စ္ဟာနန္ဒက္ဇ္

ဟာ ကိုယ့္သေဘာဆႏၵအရ အလိုက္တသိနဲ႔ သူ႔ရဲ႕ျပစ္ဒဏ္ကို လာေရာက္

ရင္ဆိုင္ဖို႔ေတာင္းဆိုထားၿပီး ဘယ္အက်ဥ္းေထာင္မွာ ေနမလဲဆိုတာေတာ့

လြတ္လြတ္လပ္လပ္ေ႐ြးခ်ယ္ခြင့္ေပးထားတာျဖစ္ပါတယ္။ ျမန္မာအျမင္နဲ႔

ၾကည့္ရင္ေတာ့ လူးကပ္စ္ဟာနန္ဒက္စ္ရဲ႕အျဖစ္အပ်က္က ဘာမွမဟုတ္ေပ

မယ့္လည္း သူတို႔ႏိုင္ငံေတြမွာက တရားဥပေဒကို ေလးစားၿပီး ‘ဥပေဒအထက္မွာ

ဘယ္သူမွမရွိရ’ဆိုတဲ့စကားအတိုင္း ဥပေဒအတိုင္းတိတိက်က်ေဆာက္႐ြက္ခဲ့

တာပါပဲ။ သာမန္သမီးရည္းစားရန္ျဖစ္တာကေန ေထာင္ထဲမွာ (၆)လေလာက္

အခ်ိန္ျဖဳန္းရေတာ့မယ့္ လူးကပ္စ္ဟာနန္ဒက္ဇ္အတြက္ေတာ့ ကံမေကာင္းဘူး

လို႔ပဲေျပာရေတာ့မွာပါ .