
ထောင်ချီတဲ့လူ့အသက်တွေကို စတေးခံထားရတဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို
သူကြည့်ရှုမှာမဟုတ်ဘူးလို့ ယူနိုက်တက်နဲ့ပြင်သစ်တိုက်စစ်မှူးဟောင်း
အဲရစ်ကန်တိုနာက ထုတ်ဖော်ပြောဆိုထားပါတယ်။
အရှေ့အလယ်ပိုင်းဒေသက ကာတာနိုင်ငံဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို
အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ကာတာကမ္ဘာ့ဖလားကို
သပိတ်မှောက်ဖို့ ဆော်ဩမှုတွေ ရှိနေပါတယ်။
ကာတာနိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေပြီး
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အားကစားကွင်းတွေ တည်ဆောက်ရာမှာ
အလုပ်သမားထောင်ချီသေဆုံးခဲ့ရတာကြောင့် အခုလို ကန့်ကွက်မှုတွေ ရှိနေတာပါ။
ကန်တိုနာကလည်း ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပတာကို
ကန့်ကွက်ပြောဆိုထားပါတယ်။
“အရိုးသားဆုံးပြောရရင် တကယ့် ကမ္ဘာ့ဖလားလိုမဟုတ်တဲ့
လာမယ့်ကမ္ဘာ့ဖလားအတွက် ကျွန်တော် ဂရုမစိုက်ပါဘူး။
တောင်အာဖရိက ဒါမှမဟုတ် အမေရိကန်တို့လို ဘောလုံးလောက တိုးတက်ပြီး
မိတ်ဆက်ဖို့ လိုအပ်နေတဲ့ နိုင်ငံတွေမှာ ကမ္ဘာ့ဖလား ကျင်းပတဲ့အပေါ်
ကျွန်တော် မကန့်ကွက်ပါဘူး။
ဒါပေမယ့် ကာတာက ဘောလုံးကစားတဲ့နိုင်ငံ မဟုတ်ပါဘူး။
အဲဒီမှာ ငွေကြေးကိုပဲ ဂရုစိုက်ပြီး ကွင်းတွေ တည်ဆောက်တဲ့
လုပ်သားတွေအပေါ် ဆက်ဆံပုံက တော်တော်လေး ဆိုးပါတယ်။”
“အားကစားကွင်းတွေ တည်ဆောက်ရာမှာ လူတွေ ထောင်ချီသေကြေခဲ့ကြတာလေ၊
ဒါကို ကျွန်တော်တို့က ဒီကမ္ဘာ့ဖလားအတွက် ပျော်ပျော်ကြီးအောင်ပွဲခံနေရမှာလား။
ကျွန်တော်ကတော့ ဒီပြိုင်ပွဲကိုကြည့်မှာမဟုတ်ဘူး ” လို့ ကန်တိုနာက ပြောဆိုခဲ့ပါတယ်။
zawgyi
ေထာင္ခ်ီတဲ့လူ႔အသက္ေတြကို စေတးခံထားရတဲ့ ၂၀၂၂ ကာတာကမာၻ႔ဖလားပြဲကို မၾကည့္ဘူးဆိုတဲ့ အဲရစ္ကန္တိုနာ
ေထာင္ခ်ီတဲ့လူ႔အသက္ေတြကို စေတးခံထားရတဲ့ ၂၀၂၂ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲကို
သူၾကည့္ရႈမွာမဟုတ္ဘူးလို႔ ယူႏိုက္တက္နဲ႔ျပင္သစ္တိုက္စစ္မႉးေဟာင္း
အဲရစ္ကန္တိုနာက ထုတ္ေဖာ္ေျပာဆိုထားပါတယ္။
အေရွ႕အလယ္ပိုင္းေဒသက ကာတာႏိုင္ငံဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကို
အိမ္ရွင္အျဖစ္ လက္ခံက်င္းပမွာျဖစ္ၿပီး ကာတာကမာၻ႔ဖလားကို
သပိတ္ေမွာက္ဖို႔ ေဆာ္ဩမႈေတြ ရွိေနပါတယ္။
ကာတာႏိုင္ငံဟာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ ရွိေနၿပီး
ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ အားကစားကြင္းေတြ တည္ေဆာက္ရာမွာ
အလုပ္သမားေထာင္ခ်ီေသဆုံးခဲ့ရတာေၾကာင့္ အခုလို ကန႔္ကြက္မႈေတြ ရွိေနတာပါ။
ကန္တိုနာကလည္း ကာတာႏိုင္ငံမွာ ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပတာကို
ကန႔္ကြက္ေျပာဆိုထားပါတယ္။
“အ႐ိုးသားဆုံးေျပာရရင္ တကယ့္ ကမာၻ႔ဖလားလိုမဟုတ္တဲ့
လာမယ့္ကမာၻ႔ဖလားအတြက္ ကြၽန္ေတာ္ ဂ႐ုမစိုက္ပါဘူး။
ေတာင္အာဖရိက ဒါမွမဟုတ္ အေမရိကန္တို႔လို ေဘာလုံးေလာက တိုးတက္ၿပီး
မိတ္ဆက္ဖို႔ လိုအပ္ေနတဲ့ ႏိုင္ငံေတြမွာ ကမာၻ႔ဖလား က်င္းပတဲ့အေပၚ
ကြၽန္ေတာ္ မကန႔္ကြက္ပါဘူး။
ဒါေပမယ့္ ကာတာက ေဘာလုံးကစားတဲ့ႏိုင္ငံ မဟုတ္ပါဘူး။
အဲဒီမွာ ေငြေၾကးကိုပဲ ဂ႐ုစိုက္ၿပီး ကြင္းေတြ တည္ေဆာက္တဲ့
လုပ္သားေတြအေပၚ ဆက္ဆံပုံက ေတာ္ေတာ္ေလး ဆိုးပါတယ္။”
“အားကစားကြင္းေတြ တည္ေဆာက္ရာမွာ လူေတြ ေထာင္ခ်ီေသေၾကခဲ့ၾကတာေလ၊
ဒါကို ကြၽန္ေတာ္တို႔က ဒီကမာၻ႔ဖလားအတြက္ ေပ်ာ္ေပ်ာ္ႀကီးေအာင္ပြဲခံေနရမွာလား။
ကြၽန္ေတာ္ကေတာ့ ဒီၿပိဳင္ပြဲကိုၾကည့္မွာမဟုတ္ဘူး ” လို႔ ကန္တိုနာက ေျပာဆိုခဲ့ပါတယ္။