ထောင့်ကန်ဘောအလံတိုင်ကြီးချွတ်ပြီး ဂိုးသမားကို ဝင်ရိုက်တဲ့ ပရိသတ်

တူရကီ ပထမတန်းအမှတ်ပေးပွဲစဉ်တစ်ခုဖြစ်တဲ့ ဂိုစတက်ပေး အသင်းနဲ့ အယ်လ်တေးအသင်းတို့ရဲ့ ပွဲစဉ်မှာ ပရိသတ်တစ်ယောက်ဟာ ထောင့်ကန်ဘော အလံတိုင်ကို ချွတ်ပြီး ပြိုင်ဘက်ဂိုးသမားကို

ဝင်ရောက် ရိုက်နှက်မှု ဖြစ်ပွားခဲ့ ပါတယ်။ တနင်္ဂနွေနေ့ နှောင်းပိုင်းက ကစားခဲ့တဲ့ ပွဲစဉ်မှာ နှစ်ဖက်အသင်း အချင်းချင်း တင်းမာမှုတွေ ဖြစ်ခဲ့ပြီးနောက် ပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ အဲဒီလို မျိုး ပွဲကို အဆုံးမသတ်ခင်မှာ

ဂိုစတက်ပေးအသင်း ပရိသတ်တစ်ယောက်ဟာ ကွင်းထဲကို ဝင်လာခဲ့ပြီးတဲ့နောက် ထောင့်ကန်ဘောနေရာက အလံတိုင်ကို ချွတ်ယူလာပြီး အယ်လ်တေးဂိုးသမား အိုဇန်ကို နှစ်ကြိမ်တိုင်တိုင် အားရှိပါးရှိ ကို ရိုက်နှက်ခဲ့ပါတယ်။

သူ့ရဲ့ ရိုက်ချက်ဟာ ပြင်းထန် အားပါလွန်းတာကြောင့် အလံတိုင်လည်း တစ်စစီ ကျိုးပဲ ပျက်စီးသွားခဲ့တာကို ရုပ်သံ ဗီဒီယို မှတ်တမ်းတွေအရ တွေ့ခဲ့ရပါတယ်။ အဲဒီလို ကွင်းထဲ ဝင်လာခဲ့တဲ့ ပရိသတ်ကို

ကွင်းလုံခြုံရေးတာဝန်ရှိသူတွေက ဝိုင်းဝန်းထိမ်းသိမ်းခဲ့လို့သာ ဂိုးသမား အိုဇန်တစ် ယောက် သက်သာသွားခဲ့တာပါ။ အဲဒီလို အရိုက်ခံလိုက်တဲ့အတွက် ဂိုးသမား အိုဇန်ဟာ ဦးခေါင်းမှာ ၄ စင်တီမီတာလောက်

အလျားရှိတဲ့ ဒဏ်ရာတစ်ခု ရ ခဲ့ပြီးတဲ့နောက် ချက်ချင်းဆိုသလိုပဲ ဆေးရုံကို ခေါ်သွားတာ ခံခဲ့ရပါတယ်။ ဒဏ်ရာက အရမ်းကြီး စိုးရိမ်ရလောက်တဲ့ အခြေအနေမျိုးတော့ မရှိပေမဲ့ လိုအပ်တဲ့ ကုသမှုတွေကိုတော့

အချိန်ယူပြီး လုပ်ဆောင်ရဦးမှာဖြစ်တယ်လို့ တူရကီအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ ဂါဘက်ရှ်ဆင်းချာဟယ်က ရေးသားဖော်ပြပါတယ်။ အမေရိကန် အခြေစိုက် CNN သတင်းဌာနရဲ့ အဆိုအရတော့

ပဋိပက္ခဖြစ်တဲ့ ကိစ္စရဲ့ အကြောင်းအရင်းဟာ ဂိုးစတက်ပေး အသင်းပရိသတ်တွေဆီကို အယ်လ်တေးပရိသတ်တွေက မီးကျည်တွေ ပစ်ဖောက်ခဲ့ရာကနေ စတင်ခဲ့တာဖြစ်ပြီး တချို့ပရိသတ်တွေဟာ

ထိခိုက်ဒဏ်ရာတွေ ရခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဂို စတက်ပေး ပရိသတ်တွေဟာ မခံမရပ်နိုင်တွေ ဖြစ်ခဲ့ကြပြီးတဲ့နောက် အယ်လ်တေးအသင်းဘက်ကို ရန်လိုတဲ့ အပြုအမူတွေ

လုပ်ဆောင်ခဲ့ကြပြီးတဲ့နောက် အခုလိုမျိုး ပွဲကို ရပ်ဆိုင်းရတဲ့အထိ ဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဂိုးသမား အိုဇန်ကို ဝင်ရောက် ရိုက်နှက်ခဲ့တဲ့ ပရိသတ်ကိုတော့ သက်ဆိုင်ရာ နယ်မြေ ရဲစခန်းရဲ့ အချုပ်ထဲမှာ

ထည့်ထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

(Zawgyi)

ေထာင့္ကန္ေဘာအလံတိုင္ႀကီးခြၽတ္ၿပီး ဂိုးသမားကို ဝင္႐ိုက္တဲ့ ပရိသတ္

တူရကီ ပထမတန္းအမွတ္ေပးပြဲစဥ္တစ္ခုျဖစ္တဲ့ ဂိုစတက္ေပး အသင္းနဲ႔ အယ္လ္ေတးအသင္းတို႔ရဲ႕ ပြဲစဥ္မွာ ပရိသတ္တစ္ေယာက္ဟာ ေထာင့္ကန္ေဘာ အလံတိုင္ကို ခြၽတ္ၿပီး ၿပိဳင္ဘက္ဂိုးသမားကို ဝင္ေရာက္

႐ိုက္ႏွက္မႈ ျဖစ္ပြားခဲ့ ပါတယ္။ တနဂၤေႏြေန႔ ေႏွာင္းပိုင္းက ကစားခဲ့တဲ့ ပြဲစဥ္မွာ ႏွစ္ဖက္အသင္း အခ်င္းခ်င္း တင္းမာမႈေတြ ျဖစ္ခဲ့ၿပီးေနာက္ ပြဲကို ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။ အဲဒီလို မ်ိဳး ပြဲကို

အဆုံးမသတ္ခင္မွာ ဂိုစတက္ေပးအသင္း ပရိသတ္တစ္ေယာက္ဟာ ကြင္းထဲကို ဝင္လာခဲ့ၿပီးတဲ့ေနာက္ ေထာင့္ကန္ေဘာေနရာက အလံတိုင္ကို ခြၽတ္ယူလာၿပီး အယ္လ္ေတးဂိုးသမား အိုဇန္ကို ႏွစ္ႀကိမ္တိုင္တိုင္

အားရွိပါးရွိ ကို ႐ိုက္ႏွက္ခဲ့ပါတယ္။ သူ႔ရဲ႕ ႐ိုက္ခ်က္ဟာ ျပင္းထန္ အားပါလြန္းတာေၾကာင့္ အလံတိုင္လည္း တစ္စစီ က်ိဳးပဲ ပ်က္စီးသြားခဲ့တာကို ႐ုပ္သံ ဗီဒီယို မွတ္တမ္း ေတြအရ ေတြ႕ခဲ့ရပါတယ္။

အဲဒီလို ကြင္းထဲ ဝင္လာခဲ့တဲ့ ပရိသတ္ကို ကြင္း လုံၿခဳံေရးတာဝန္ရွိသူေတြက ဝိုင္းဝန္းထိမ္းသိမ္းခဲ့လို႔သာ ဂိုးသမား အိုဇန္တစ္ ေယာက္ သက္သာသြားခဲ့တာပါ။ အဲဒီလို အ႐ိုက္ခံလိုက္တဲ့အတြက္ ဂိုးသမား

အိုဇန္ဟာ ဦးေခါင္းမွာ ၄ စင္တီမီတာေလာက္ အလ်ားရွိတဲ့ ဒဏ္ရာတစ္ခု ရ ခဲ့ၿပီးတဲ့ေနာက္ ခ်က္ခ်င္းဆိုသလိုပဲ ေဆး႐ုံကို ေခၚသြားတာ ခံခဲ့ရပါတယ္။ ဒဏ္ရာက အရမ္းႀကီး စိုးရိမ္ရေလာက္တဲ့ အေျခအေနမ်ိဳးေတာ့

မရွိေပမဲ့ လိုအပ္တဲ့ ကုသ မႈေတြကိုေတာ့ အခ်ိန္ယူၿပီး လုပ္ေဆာင္ရဦးမွာျဖစ္တယ္လို႔ တူရကီအေျခစိုက္ သတင္းဌာနတစ္ခုျဖစ္တဲ့ ဂါဘက္ရွ္ဆင္းခ်ာဟယ္က ေရးသားေဖာ္ျပပါတယ္။ အေမရိကန္ အေျခစိုက္

CNN သတင္းဌာနရဲ႕ အဆိုအရေတာ့ ပဋိပကၡျဖစ္တဲ့ ကိစၥရဲ႕ အေၾကာင္းအရင္းဟာ ဂိုးစတက္ေပး အသင္းပရိသတ္ေတြဆီကို အလ္ေတးပရိသတ္ေတြက မီးက်ည္ေတြ ပစ္ေဖာက္ခဲ့ရာကေန

စတင္ခဲ့တာျဖစ္ၿပီး တခ်ိဳ႕ပရိသတ္ေတြဟာ ထိခိုက္ဒဏ္ရာေတြ ရခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ဂို စတက္ေပး ပရိသတ္ေတြဟာ မခံမရပ္ႏိုင္ေတြ ျဖစ္ခဲ့ၾကၿပီးတဲ့ေနာက္

အယ္လ္ေတးအသင္းဘက္ကို ရန္လိုတဲ့ အျပဳအမူေတြ လုပ္ေဆာင္ခဲ့ၾကၿပီးတဲ့ေနာက္ အခုလိုမ်ိဳး ပြဲကို ရပ္ဆိုင္းရတဲ့အထိ ျဖစ္သြားခဲ့တာပဲ ျဖစ္ပါတယ္။ ဂိုးသမား အိုဇန္ကို ဝင္ေရာက္ ႐ိုက္ႏွက္ခဲ့တဲ့

ပရိသတ္ကိုေတာ့ သက္ဆိုင္ရာ နယ္ေျမ ရဲစခန္းရဲ႕ အခ်ဳပ္ထဲမွာ ထည့္ထားလိုက္ၿပီျဖစ္တယ္လို႔ သိရပါတယ္။