ထောင့်ကန်ဘောကနေ တိုက်ရိုက် ၃ ဂိုးသွင်းခဲ့တဲ့ မန်ယူ

မန်ယူအမျိုးသမီးအသင်းမှာတော့ တန်ကည်ဘောစပယ်ရှယ်လစ်တစ်ယောက်ရှိနေပြီး

အံ့သြစရာကောင်းတာက သူမဟာ နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲမှာ ထောင့်ကန်ဘောကနေ

၃ ဂိုးတိုက်ရိုက်သွင်းယူခဲ့တာပါ။ အဲဒီလိုစွမ်းဆောင်နိုင်မှုဟာ ကမ္ဘာ့ဘောလုံးလောကမှာ

ပထမဆုံးအကြိမ်တောင် ဖြစ်နိုင်ပါတယ်။ မန်ယူအမျိုးသမီးအသင်းကွင်းလယ်လူ

ကေတီဇီလမ်ဟာ ပြီးခဲ့တဲ့အပတ် မန်စီးတီးနဲ့အက်ဖ်အေဖလားစတုတ္ထအဆင့်မှာ

ထောင့်ကန်ဘောကနေ တိုက်ရိုက်ဂိုးသွင်းခဲ့သလို ပြီးခဲ့တဲ့စနေည လက်စတာနဲ့

အမျိုးသမီးစူပါလိဂ်ပွဲစဉ်မှာလည်း ထောင့်ကန်ဘောကနေ ၂ ကြိမ်တိုင် တိုက်ရိုက်

ဂိုးသွင်းနိုင်ခဲ့တာပါ။


တကယ်တော့ လက်စတာနဲ့ပွဲမှာ သူမဟာ ၄ မိနစ်အတွင်းမှာပဲ အဲဒီလို ၂ ကြိမ်

လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ တစ်ပွဲတည်းမှာတင် ထောင့်ကန်ဘောကနေ ၂ ဂိုး

တိုက်ရိုက်သွင်းခဲ့တာဖြစ်လို့ လုံးဝကို အံ့အားသင့်စရာဖြစ်ခဲ့တာပါ။

နောက်ဆုံး ၂ ပွဲမှာ ထောင့်ကန်ဘောကချည်း တိုက်ရိုက်သွင်းယူတဲ့ဂိုး ၃ ဂိုးရှိခဲ့လို့

ဒါမျိုး အရင်က ကြားဖူးမှာတောင် မဟုတ်ပါဘူး။ ၂၆ နှစ်အရွယ် ဇီလမ်ဟာ

မန်ယူအမျိုးသမီးအသင်းခေါင်းဆောင်ဖြစ်သလို အင်္ဂလန်လက်ရွေးစင်တစ်ယောက်လည်း

ဖြစ်ပါတယ်။ သူမရဲ့ဒီလိုအံ့အားသင့်ဖွယ်ဂိုးတွေကြောင့် မန်ယူဟာ အမျိုးသမီးစူပါလိဂ်

အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာ တက်လှမ်းနိုင်ခဲ့ပါတယ်။ မန်ယူအမျိုးသားအသင်းဆိုရင်

ထောင့်ကန်ဘောကနေ တိုက်ရိုက်ဂိုးသွင်းနိုင်ဖို့ ထောင့်ကန်ဘောကနေ ဂိုးရဖို့တောင်

ခက်ခက်ခဲခဲဖြစ်ခဲ့တာပါ။


ပြီးခဲ့တဲ့လကမှ လိဒ်နဲ့ပွဲမှာ မက်ဂွိုင်းယားရဲ့ခေါင်းတိုက်သွင်းယူမှုနဲ့ မန်ယူဟာ

ထောင့်ကန်ဘောကနေ ကာလရှည်ကြာဂိုးပေါက်မှုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်ယူအမျိုးသားအသင်းဟာ ဒီရာသီမအောင်မြင်ခဲ့တဲ့ထောင့်ကန်ဘောကြိုးပမ်းမှု

၁၃၉ ကြိမ်အပြီးမှာမှ ထောင့်ကန်ဘောကနေ ပထမဆုံးဂိုးရခဲ့တာပါ။

Zawgyi

ေထာင့္ကန္ေဘာကေန တိုက္႐ိုက္ ၃ ဂိုးသြင္းခဲ့တဲ့ မန္ယူ
မန္ယူအမ်ိဳးသမီးအသင္းမွာေတာ့ တန္ကည္ေဘာစပယ္ရွယ္လစ္တစ္ေယာက္ရွိေနၿပီး

အံ့ၾသစရာေကာင္းတာက သူမဟာ ေနာက္ဆုံးကစားခဲ့တဲ့ ၂ ပြဲမွာ ေထာင့္ကန္ေဘာကေန

၃ ဂိုးတိုက္႐ိုက္သြင္းယူခဲ့တာပါ။ အဲဒီလိုစြမ္းေဆာင္ႏိုင္မႈဟာ ကမာၻ႔ေဘာလုံးေလာကမွာ

ပထမဆုံးအႀကိမ္ေတာင္ ျဖစ္ႏိုင္ပါတယ္။ မန္ယူအမ်ိဳးသမီးအသင္းကြင္းလယ္လူ

ေကတီဇီလမ္ဟာ ၿပီးခဲ့တဲ့အပတ္ မန္စီးတီးနဲ႔အက္ဖ္ေအဖလားစတုတၳအဆင့္မွာ

ေထာင့္ကန္ေဘာကေန တိုက္႐ိုက္ဂိုးသြင္းခဲ့သလို ၿပီးခဲ့တဲ့စေနည လက္စတာနဲ႔

အမ်ိဳးသမီးစူပါလိဂ္ပြဲစဥ္မွာလည္း ေထာင့္ကန္ေဘာကေန ၂ ႀကိမ္တိုင္ တိုက္႐ိုက္

ဂိုးသြင္းႏိုင္ခဲ့တာပါ။

တကယ္ေတာ့ လက္စတာနဲ႔ပြဲမွာ သူမဟာ ၄ မိနစ္အတြင္းမွာပဲ အဲဒီလို ၂ ႀကိမ္

လုပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ တစ္ပြဲတည္းမွာတင္ ေထာင့္ကန္ေဘာကေန ၂ ဂိုး

တိုက္႐ိုက္သြင္းခဲ့တာျဖစ္လို႔ လုံးဝကို အံ့အားသင့္စရာျဖစ္ခဲ့တာပါ။

ေနာက္ဆုံး ၂ ပြဲမွာ ေထာင့္ကန္ေဘာကခ်ည္း တိုက္႐ိုက္သြင္းယူတဲ့ဂိုး ၃ ဂိုးရွိခဲ့လို႔

ဒါမ်ိဳး အရင္က ၾကားဖူးမွာေတာင္ မဟုတ္ပါဘူး။ ၂၆ ႏွစ္အ႐ြယ္ ဇီလမ္ဟာ

မန္ယူအမ်ိဳးသမီးအသင္းေခါင္းေဆာင္ျဖစ္သလို အဂၤလန္လက္ေ႐ြးစင္တစ္ေယာက္လည္း

ျဖစ္ပါတယ္။ သူမရဲ႕ဒီလိုအံ့အားသင့္ဖြယ္ဂိုးေတြေၾကာင့္ မန္ယူဟာ အမ်ိဳးသမီးစူပါလိဂ္

အမွတ္ေပးဇယားမွာ အဆင့္ ၃ ေနရာ တက္လွမ္းႏိုင္ခဲ့ပါတယ္။ မန္ယူအမ်ိဳးသားအသင္းဆိုရင္

ေထာင့္ကန္ေဘာကေန တိုက္႐ိုက္ဂိုးသြင္းႏိုင္ဖို႔ ေထာင့္ကန္ေဘာကေန ဂိုးရဖို႔ေတာင္

ခက္ခက္ခဲခဲျဖစ္ခဲ့တာပါ။

ၿပီးခဲ့တဲ့လကမွ လိဒ္နဲ႔ပြဲမွာ မက္ဂြိဳင္းယားရဲ႕ေခါင္းတိုက္သြင္းယူမႈနဲ႔ မန္ယူဟာ

ေထာင့္ကန္ေဘာကေန ကာလရွည္ၾကာဂိုးေပါက္မႈကို အဆုံးသတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။
မန္ယူအမ်ိဳးသားအသင္းဟာ ဒီရာသီမေအာင္ျမင္ခဲ့တဲ့ေထာင့္ကန္ေဘာႀကိဳးပမ္းမႈ

၁၃၉ ႀကိမ္အၿပီးမွာမွ ေထာင့္ကန္ေဘာကေန ပထမဆုံးဂိုးရခဲ့တာပါ။