ထူးရှယ်လက်စွမ်းတွေနဲ့ ယူနိုက်တက်ကို ထပ်မံကယ်တင်လိုက်ပြန်တဲ့ ဒဟေးယား

ယူနိုက်တက်အသင်းဂိုးသမား ဒဟေးယားဟာ

ဘရန့်ဖို့ဒ်ကို ၁-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ
ပထမပိုင်းအတွင်း အရေးပါတဲ့ကာကွယ်မှုတွေ
ပြုလုပ်ကာ အသင်းကို ထပ်မံကယ်တင်သွားပါတယ်။
ဒဟေးယားဟာ ပထမပိုင်းမှာ ဘရန့်ဖို့ဒ်ကွင်းလယ်လူ
မာသီးယပ်စ်ယန်ဆန်ရဲ့အပိုင်ကန်သွင်းမှု ၂ကြိမ်ကို

လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။
ဘရန့်ဖို့ဒ်က ပွဲစကတည်းက ဖိအားပေး
ကစားနိုင်ခဲ့ပြီး ယန်ဆန်ရဲ့အနိမ့်ဘောကန်သွင်းချက်ကို
ဒဟေးယားက ခြေထောက်နဲ့ ကာကွယ်လိုက်ပါတယ်။


အဲဒီနောက် ပွဲချိန် ၃၂ မိနစ်မှာ ယန်ဆန်ကပဲ
ထပ်မံကန်သွင်းပေမယ့် ဒီတစ်ခါလည်း ဒဟေးယားက
ခြေထောက်နဲ့ပဲ တားဆီးသွားပါတယ်။
ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ ပုံမှန်ခြေစွမ်း

ပြန်ရလာပြီး ၃ဂိုးပြတ်ဦးဆောင်နိုင်ပြီးနောက်
ပွဲပြီးခါနီးကျမှ ချေပဂိုးတစ်ဂိုး ပြန်ပေးရကာ
အရေးကြီးနေတဲ့ အနိုင် ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။
”ဒဟေးယားက ယခုရာသီပရီးမီးယားလိဂ်မှာ
ဂိုးပေါက်ကာကွယ်မှု အများဆုံးဂိုးသမားဖြစ်နေပါတယ်။

သူသာမရှိရင် ယူနိုက်တက်အသင်း
ဘယ်နေရာများ ရောက်နေမလဲ”
”ဒဟေးယားက ယူနိုက်တက်ရဲ့
တစ်နှစ်တာအကောင်းဆုံးကစားသမားပဲ။


ပုံမှန်အတိုင်းဆိုရင်တော့ အဲဒီအခြေအနေက
သိပ်တော့မကောင်းဘူး။ ဟုတ်တယ်လေ…
ဂိုးသမားက အကောင်းဆုံးဆုရတယ်ဆိုတော့
အသင်းရဲ့အခြေအနေကို စဉ်းစားသာကြည့်လိုက်တော့”လို့

ယူနိုက်တက်ပရိသတ်တွေက တွစ်တာာမှာ အသီးသီးရေးသားခဲ့ကြပါတယ်။