ထူးဆန်းတဲ့ ဝတ်စုံနဲ့  သူ့ရဲ့ အနာဂတ်ကို ဖော်ပြနေသလား လီယွန်နယ် မက်ဆီ

လီယွန်နယ် မက်ဆီဆိုတာ အမြဲတမ်း သတိထားခြင်းခံရတဲ့သူပါ။

ဘောလုံးသမားဘဝတစ်လျှောက် သူ ရယူခဲ့တဲ့ ဆုဖလားတွေ စံချိန်တွေ

အားလုံးဟာ ကမ္ဘာပေါ်က ဘောလုံးပရိသတ်

သန်းပေါင်းများစွာအတွက် ဂန္တဝင်ဆန်လွန်းလှပါတယ်။

ယခုတခါမှာတော့ သူက ထင်ရှားတဲ့ အင်္ဂလိပ်ဘောလုံးသမားဟောင်းတစ်ဦးဖြစ်သူ

ဒေးဗစ် ဘက်ခမ်းရဲ့ သားနဲ့အတူ ထူးဆန်းတဲ့ အင်္ကျီကို ဝတ်ဆင်ကာ

ဓာတ်ပုံရိုက်ကူးခဲ့တာတွေ့ရပါတယ်။

မက်ဆီဟာ ဒေးဗစ် ဘက်ခမ်းပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းမှာ

ကစားနေတဲ့ ရိုမီယို ဘက်ခမ်းနဲ့အတူ ပို့စ်ပေးခဲ့တာတွေ့ရပါတယ်။

ဒါ့အပြင် ရိုမီရိုဟာ ပဲရစ်ကို အလည်ရောက်စဥ်

ဘရာဇီးလ် တိုက်စစ်မှူး နေမာ ၊ အမ်ဘာပေတို့နဲ့လည်း ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။

သူ့ရဲ့ အဖေဖြစ်သူဟာ ( ၂၀၁၃ ) ခုနှစ်အတွင်း ဘောလုံးလောကမှ

အနားမယူခင် ပီအက်စ်ဂျီအသင်းမှာ ခဏတာကစားခဲ့ပါတယ်။

နောက်ပြီး အင်တာမိုင်ယာမီအသင်းပိုင်ရှင်တွေထဲက တစ်ဦးဖြစ်သူ

Jorge Mas က ပီအက်စ်ဂျီအသင်းနဲ့ မက်ဆီ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ

ဒေးဗစ် ဘက်ခမ်းအနေနဲ့ တိုက်စစ်မှူးကို အသင်းထံ ခေါ်ယူနိုင်ဖို့

ကြိုးစားလိမ့်မယ်လို့ ယုံကြည်လျက်ရှိပါတယ်။

Mas က “ ဒေးဗစ် နှင့် သူ ( မက်ဆီ ) ကြားမှာ ဆက်ဆံရေးရှိတယ်လို့ ယုံကြည်ပါတယ်။

ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာချိန်မှာ မက်ဆီကို

အင်တာမိုင်ယာမီကစားသမားအနေနဲ့ ကျွန်တော်တို့ ြမင်တွေ့လိုပါတယ်။

ဒါဖြစ်နိုင်မလားလို့မေးရင် ကျွန်တော်တို့ တွန်းအားပေးမယ်လို့ ဖြေချင်ပါတယ်။

ကျွန်တော့်ရင်ထဲမှာ ဒါကို မြင်တွေ့နေရပါတယ်။

ဒါက ဖြစ်နိုင်ပါတယ်။”လို့ ဆိုခဲ့ပါတယ်။

လီယိုရဲ့ ပီအက််ဂျီနဲ့ စာချုပ်က ( ၂၀၂၃ ) ဇွန်လမှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

zawgyi

ထူးဆန္းတဲ့ ဝတ္စုံနဲ႔  သူ႔ရဲ႕ အနာဂတ္ကို ေဖာ္ျပေနသလား လီယြန္နယ္ မက္ဆီ

လီယြန္နယ္ မက္ဆီဆိုတာ အၿမဲတမ္း သတိထားျခင္းခံရတဲ့သူပါ။

ေဘာလုံးသမားဘဝတစ္ေလွ်ာက္ သူ ရယူခဲ့တဲ့ ဆုဖလားေတြ စံခ်ိန္ေတြ

အားလုံးဟာ ကမာၻေပၚက ေဘာလုံးပရိသတ္

သန္းေပါင္းမ်ားစြာအတြက္ ဂႏၲဝင္ဆန္လြန္းလွပါတယ္။

ယခုတခါမွာေတာ့ သူက ထင္ရွားတဲ့ အဂၤလိပ္ေဘာလုံးသမားေဟာင္းတစ္ဦးျဖစ္သူ

ေဒးဗစ္ ဘက္ခမ္းရဲ႕ သားနဲ႔အတူ ထူးဆန္းတဲ့ အက်ႌကို ဝတ္ဆင္ကာ

ဓာတ္ပုံ႐ိုက္ကူးခဲ့တာေတြ႕ရပါတယ္။

မက္ဆီဟာ ေဒးဗစ္ ဘက္ခမ္းပိုင္ဆိုင္တဲ့ အင္တာမိုင္ယာမီအသင္းမွာ

ကစားေနတဲ့ ႐ိုမီယို ဘက္ခမ္းနဲ႔အတူ ပို႔စ္ေပးခဲ့တာေတြ႕ရပါတယ္။

ဒါ့အျပင္ ႐ိုမီ႐ိုဟာ ပဲရစ္ကို အလည္ေရာက္စဥ္

ဘရာဇီးလ္ တိုက္စစ္မႉး ေနမာ ၊ အမ္ဘာေပတို႔နဲ႔လည္း ဓာတ္ပုံ႐ိုက္ကူးခဲ့ပါတယ္။

သူ႔ရဲ႕ အေဖျဖစ္သူဟာ ( ၂၀၁၃ ) ခုႏွစ္အတြင္း ေဘာလုံးေလာကမွ

အနားမယူခင္ ပီအက္စ္ဂ်ီအသင္းမွာ ခဏတာကစားခဲ့ပါတယ္။

ေနာက္ၿပီး အင္တာမိုင္ယာမီအသင္းပိုင္ရွင္ေတြထဲက တစ္ဦးျဖစ္သူ

Jorge Mas က ပီအက္စ္ဂ်ီအသင္းနဲ႔ မက္ဆီ စာခ်ဳပ္သက္တမ္း ကုန္ဆုံးခ်ိန္မွာ

ေဒးဗစ္ ဘက္ခမ္းအေနနဲ႔ တိုက္စစ္မႉးကို အသင္းထံ ေခၚယူႏိုင္ဖို႔

ႀကိဳးစားလိမ့္မယ္လို႔ ယုံၾကည္လ်က္ရွိပါတယ္။ Mas က

“ ေဒးဗစ္ ႏွင့္ သူ ( မက္ဆီ ) ၾကားမွာ ဆက္ဆံေရးရွိတယ္လို႔ ယုံၾကည္ပါတယ္။

ပီအက္စ္ဂ်ီအသင္းကေန ထြက္ခြာခ်ိန္မွာ မက္ဆီကို

အင္တာမိုင္ယာမီကစားသမားအေနနဲ႔ ကြၽန္ေတာ္တို႔ ျမင္ေတြ႕လိုပါတယ္။

ဒါျဖစ္ႏိုင္မလားလို႔ေမးရင္ ကြၽန္ေတာ္တို႔ တြန္းအားေပးမယ္လို႔ ေျဖခ်င္ပါတယ္။

ကြၽန္ေတာ့္ရင္ထဲမွာ ဒါကို ျမင္ေတြ႕ေနရပါတယ္။

ဒါက ျဖစ္ႏိုင္ပါတယ္။”လို႔ ဆိုခဲ့ပါတယ္။

လီယိုရဲ႕ ပီအက္္ဂ်ီနဲ႔ စာခ်ဳပ္က ( ၂၀၂၃ ) ဇြန္လမွာ ကုန္ဆုံးဖို႔ ရွိေနပါတယ္။