ထိပ်သီး(၆)သင်းနဲ့ အဝေးကွင်းပွဲ ရလဒ်ဆိုးရွားနေတာကို ယူနိုက်တက်နဲ့ပွဲမှာ အဆုံးသတ်နိုင်ဖို့ ဒေးဗစ်မွိုက်စ် ပစ်မှတ်ထား

ဝက်စ်ဟမ်းအသင်းနည်းပြဒေးဗစ်မွိုက်စ်က မန်ချက်စတာယူနိုက်တက်နဲ့ကစားမယ့်ပွဲမှာ

သူ့ကစားသမားတွေ ရဲရဲဝံ့ဝံ့နဲ့ရင်ဆိုင်ပြီး ပရီးမီးယားလိဂ် Big Six နဲ့ဆုံတွေ့တဲ့

အဝေးကွင်းပွဲတွေမှာ ရလဒ်ဆိုးရွားနေမှုကို အဆုံးသတ်ဖို့ တွန်းအားပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ်အတွေ့အကြုံရင့် နည်းပြတစ်ဦးဖြစ်သူ ဒေးဗစ်မွိုက်စ်ဟာ

၂၀၁၉ ခုနှစ်က ဝက်စ်ဟမ်းအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး သူ့လက်ထက်အတွင်း

ပရီးမီးယားလိဂ်ထိပ်သီး(၆)သင်းနဲ့ အဝေးကွင်းကစားခဲ့တဲ့ (၆၉)ပွဲမှာ တစ်ပွဲမှ အနိုင်မရခဲ့ပေမယ့်

ပွဲ(၇၀)မြောက်ဖြစ်တဲ့ ယူနိုက်တက်နဲ့ပွဲမှာတော့ ပထမဆုံးအကြိမ် ကံကောင်းမှုရဖို့ မျှော်လင့်နေပါတယ်။

ယူနိုက်တက်အသင်းကို ၂၀၁၃၊ ဇူလိုင်လကနေ ၂၀၁၄၊ ဧပြီလအထိ ကိုင်တွယ်ခဲ့ဖူးတဲ့ ဒေးဗစ်မွိုက်စ်ဟာ

ဝက်စ်ဟမ်းနည်းပြဘဝမှာ အသင်းဟောင်း ယူနိုက်တက်နဲ့ ပြိုင်ပွဲစုံ(၇)ပွဲဆုံတွေ့ခဲ့ပြီး (၁)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၅)ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမဲ့ ပရီးမီးယားလိဂ်မှာတော့ အသင်းဟောင်းကို ဒေးဗစ်မွိုက်စ် တစ်ခါမှ အနိုင်မယူဖူးဘဲ

မနှစ်က လိဂ်ဖလားတတိယအဆင့်ပွဲတုန်းက အိုးလ်ထရက်ဖို့ဒ်မှာ (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပြီး

ပရီးမီးယားလိဂ်(၅)ပွဲမှာ (၁)ပွဲသရေ၊ (၄)ပွဲရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဒေးဗစ်မွိုက်စ်က

“ပြီးခဲ့တဲ့ရာသီ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ဆုံတွေ့မှုမှာ ကျွန်တော်တို့ ရလဒ်ကောင်း မရခဲ့ပါဘူး။

နှစ်ကျော့စလုံးမှာ နောက်ကျဂိုးတွေကြောင့် ရှုံးပွဲတွေ့ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေနဲ့ ဆုံတွေ့တဲ့ပွဲတွေမှာ အကောင်းဆုံးဖြစ်အောင်ကစားနိုင်ခဲ့ပြီး

အန်ဖီးလ်မှာ လီဗာပူးလ်ကို ကပ်ရှုံးပြီးတော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာလည်း ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒီတစ်ကြိမ် ကံကောင်းမှု ရဖို့ဆိုရင် ရဲဝံ့တဲ့စိတ်ဓာတ်၊ အပေါင်းလက္ခဏာဆောင်တဲ့ ခြေစွမ်းပြသနိုင်ဖို့ လိုပြီး

ယူနိုက်တက်နဲ့ပွဲမှာ အဲဒီလိုပုံစံနဲ့ ရင်ဆိုင်ကစားသွားမှာပါ”လို့ပြောကြားခဲ့ပါတယ်။

zawgyi

ထိပ္သီး(၆)သင္းနဲ႔ အေဝးကြင္းပြဲ ရလဒ္ဆိုး႐ြားေနတာကို ယူႏိုက္တက္နဲ႔ပြဲမွာ အဆုံးသတ္ႏိုင္ဖို႔ ေဒးဗစ္မြိဳက္စ္ ပစ္မွတ္ထား

ဝက္စ္ဟမ္းအသင္းနည္းျပေဒးဗစ္မြိဳက္စ္က မန္ခ်က္စတာယူႏိုက္တက္နဲ႔ကစားမယ့္ပြဲမွာ

သူ႔ကစားသမားေတြ ရဲရဲဝံ့ဝံ့နဲ႔ရင္ဆိုင္ၿပီး ပရီးမီးယားလိဂ္ Big Six နဲ႔ဆုံေတြ႕တဲ့

အေဝးကြင္းပြဲေတြမွာ ရလဒ္ဆိုး႐ြားေနမႈကို အဆုံးသတ္ဖို႔ တြန္းအားေပးလိုက္ပါတယ္။

ပရီးမီးယားလိဂ္အေတြ႕အႀကဳံရင့္ နည္းျပတစ္ဦးျဖစ္သူ ေဒးဗစ္မြိဳက္စ္ဟာ

၂၀၁၉ ခုႏွစ္က ဝက္စ္ဟမ္းအသင္းကို စတင္ကိုင္တြယ္ခဲ့ၿပီး သူ႔လက္ထက္အတြင္း

ပရီးမီးယားလိဂ္ထိပ္သီး(၆)သင္းနဲ႔ အေဝးကြင္းကစားခဲ့တဲ့ (၆၉)ပြဲမွာ တစ္ပြဲမွ အႏိုင္မရခဲ့ေပမယ့္

ပြဲ(၇၀)ေျမာက္ျဖစ္တဲ့ ယူႏိုက္တက္နဲ႔ပြဲမွာေတာ့ ပထမဆုံးအႀကိမ္ ကံေကာင္းမႈရဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ယူႏိုက္တက္အသင္းကို ၂၀၁၃၊ ဇူလိုင္လကေန ၂၀၁၄၊ ဧၿပီလအထိ ကိုင္တြယ္ခဲ့ဖူးတဲ့ ေဒးဗစ္မြိဳက္စ္ဟာ

ဝက္စ္ဟမ္းနည္းျပဘဝမွာ အသင္းေဟာင္း ယူႏိုက္တက္နဲ႔ ၿပိဳင္ပြဲစုံ(၇)ပြဲဆုံေတြ႕ခဲ့ၿပီး (၁)ပြဲႏိုင္၊ (၁)ပြဲသေရ၊ (၅)ပြဲအထိ ရႈံးနိမ့္ခဲ့ပါတယ္။

ဒါေပမဲ့ ပရီးမီးယားလိဂ္မွာေတာ့ အသင္းေဟာင္းကို ေဒးဗစ္မြိဳက္စ္ တစ္ခါမွ အႏိုင္မယူဖူးဘဲ

မႏွစ္က လိဂ္ဖလားတတိယအဆင့္ပြဲတုန္းက အိုးလ္ထရက္ဖို႔ဒ္မွာ (၁-ဝ)ဂိုးနဲ႔အႏိုင္ရခဲ့တာျဖစ္ၿပီး

ပရီးမီးယားလိဂ္(၅)ပြဲမွာ (၁)ပြဲသေရ၊ (၄)ပြဲရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္နဲ႔ပြဲမတိုင္ခင္

သတင္းစာရွင္းလင္းပြဲမွာ ေဒးဗစ္မြိဳက္စ္က “ၿပီးခဲ့တဲ့ရာသီ ယူႏိုက္တက္နဲ႔ ပရီးမီးယားလိဂ္ဆုံေတြ႕မႈမွာ ကြၽန္ေတာ္တို႔ ရလဒ္ေကာင္း မရခဲ့ပါဘူး။

ႏွစ္ေက်ာ့စလုံးမွာ ေနာက္က်ဂိုးေတြေၾကာင့္ ရႈံးပြဲေတြ႕ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းက ပရီးမီးယားလိဂ္ထိပ္သီးအသင္းေတြနဲ႔ ဆုံေတြ႕တဲ့ပြဲေတြမွာ အေကာင္းဆုံးျဖစ္ေအာင္ကစားႏိုင္ခဲ့ၿပီး

အန္ဖီးလ္မွာ လီဗာပူးလ္ကို ကပ္ရႈံးၿပီးေတာ့ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာလည္း က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

ဒီတစ္ႀကိမ္ ကံေကာင္းမႈ ရဖို႔ဆိုရင္ ရဲဝံ့တဲ့စိတ္ဓာတ္၊ အေပါင္းလကၡဏာေဆာင္တဲ့ ေျခစြမ္းျပသႏိုင္ဖို႔ လိုၿပီး

ယူႏိုက္တက္နဲ႔ပြဲမွာ အဲဒီလိုပုံစံနဲ႔ ရင္ဆိုင္ကစားသြားမွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။