ထိပ်တန်းအဆင့်နည်းပြဘဝမှာ ပထမဆုံးအကြိမ်အဖြစ် (၄)ပွဲမြောက်မှာပဲရှုံးပွဲကြုံတွေ့ခဲ့တဲ့ကွန်တီ

စပါးအသင်းနာမည်ကျော်နည်းပြကွန်တီဟာ UEFA Europa Conference League အုပ်စုပွဲစဉ်အဖြစ်

ဆလိုဗေးနီးယားက မထင်မရှားကလပ်ဖြစ်တဲ့ မော်ရာကို (၂-၁)ဂိုးနဲ့မထင်မှတ်ဘဲရှုံးနိမ့်ခဲ့ပြီး စပါးအသင်းနည်းပြဘဝ ပြိုင်ပွဲစုံ(၄)ပွဲမြောက်မှာပဲ ပထမဆုံးရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။

အခုပွဲမှာ ကွန်တီက ဒိုဟာတီ၊ ဂျိုးရွန်ဒွန်၊ ဂိုလီနီ၊ ဘရိုင်ယန်ဟေးလ်၊ ဆက်ဆီညွန်တို့လို့ အရန်ကစားသမားတွေနဲ့

အယ်လီ၊ ဟယ်ရီကိန်၊ ဒွန်ဘီလီစတဲ့ စီနီယာကစားသမားတွေကို တွဲဖက်အသုံးပြုခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့ဘဲ (၁၁)မိနစ်မှာ

ဟိုဗတ်က အိမ်ရှင်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပြီး (၇၂)မိနစ်မှာ ဟယ်ရီကိန်းက ချေပဂိုးသွင်းခဲ့ပေမယ့် စပါးအသင်းအတွက်

အသည်းကွဲစေမယ့်ဂိုးကို မာရိုဆာက သွင်းယူခဲ့တာကြောင့် (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့သလို ပထမပိုင်းကတည်းက ရိုင်ယန်ဆက်ဆီညွန် အနီကတ်နဲ့အထုတ်ခံခဲ့ရလို့ စပါးတို့(၁၀)ယောက်နဲ့ကစားခဲ့ရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလအစောပိုင်းက စပါးအသင်းနည်းပြသစ်အဖြစ်ခန့်အပ်ခံခဲ့ရသူ ကွန်တီဟာ ပထမ(၃)ပွဲမှာ (၂)ပွဲနိုင်၊ (၁)ပွဲသရေရလဒ်ရယူနိုင်ခဲ့ပေမယ့်

အခု (၄)ပွဲမြောက်မှာတော့ UEFA Europa Conference League မှာ အဆင့်သတ်မှတ်ချက်အနိမ့်ဆုံး မော်ရာကို ရှုံးနိမ့်ခဲ့တာကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ကွန်တီရဲ့နည်းပြဘဝအစပိုင်းဖြစ်တဲ့ အာရီဇို၊ ဘာရီ၊ အတ္တလန်တာ၊ ဆီနာတို့ကို,ကိုင်တွယ်ခဲ့ချိန်မှာ ရလဒ်တွေယိမ်းယိုင်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး

ထိပ်တန်းအဆင့်အသင်းတစ်သင်းကို,ကိုယ်တွယ်ခဲ့တဲ့နောက်ပိုင်း ပြိုင်ပွဲစုံ(၄)ပွဲမြောက်မှာ ရှုံးပွဲစတွေ့ခဲ့တာက အခု ပထမဆုံးအကြိမ်ပါပဲ။

ဂျူဗင်တပ်စ်နည်းပြဘဝမှာ ကွန်တီဟာ ပြိုင်ပွဲစုံ(၄၃)ပွဲမြောက်မှာမှ ပထမဆုံးရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အီတလီအသင်းနည်းပြအဖြစ် ဆောင်ရွက်ခဲ့ချိန်မှာလည်း (၁၀)မြောက်မှ ပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းမှာတော့ ပြိုင်ပွဲစုံ(၆)ပွဲမြောက်မှာ ပထမဆုံးရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပြီး အင်တာမီလန်အသင်းမှာ (၈)ပွဲမြောက်၊ အခု စပါးအသင်းနည်းပြဘဝအစပိုင်းမှာပဲ ရှုံးပွဲနဲ့စောစောစီးစီးကြုံတွေ့ခဲ့ရတာပါ။

မော်ရာနဲ့ပွဲအပြီးမှာ ကွန်တီက “စပါးအသင်းနည်းပြအဖြစ် (၃)ပတ်လောက်ကိုင်တွယ်ခဲ့ပြီးနောက်မှာတော့ အသင်းရဲ့အနေအထားကို စတင်နားလည်လာပြီဖြစ်ပြီး ကျွန်တော် မျှော်လင့်ထားသလိုမဟုတ်ပါဘူး။

အခုအချိန်မှာ စပါးအသင်းရဲ့အဆင့်အတန်းက အရမ်းအမြင့်ကြီးမှာ မရှိပါဘူး။

အသင်းမှာ ပြင်ဆင်စရာတွေအများကြီးရှိနေပြီး ကျွန်တော်က မျက်လှည့်ဆရာတစ်ယောက်မဟုတ်လို့ ချက်ချင်းလက်ငင်းအပြောင်းအလဲလုပ်နိုင်မှာမဟုတ်ဘဲ ကစားသမားတွေအပါအဝင် အားလုံးပူးပေါင်းကြိုးစားမှဖြစ်မှာပါ”လို့ပြောကြားခဲ့ပါတယ်။

zawgyi

ထိပ္တန္းအဆင့္နည္းျပဘဝမွာ ပထမဆုံးအႀကိမ္အျဖစ္ (၄)ပြဲေျမာက္မွာပဲရႈံးပြဲႀကဳံေတြ႕ခဲ့တဲ့ကြန္တီ

စပါးအသင္းနာမည္ေက်ာ္နည္းျပကြန္တီဟာ UEFA Europa Conference League အုပ္စုပြဲစဥ္အျဖစ္ ဆလိုေဗးနီးယားက မထင္မရွားကလပ္ျဖစ္တဲ့ ေမာ္ရာကို (၂-၁)ဂိုးနဲ႔မထင္မွတ္ဘဲရႈံးနိမ့္ခဲ့ၿပီး စပါးအသင္းနည္းျပဘဝ ၿပိဳင္ပြဲစုံ(၄)ပြဲေျမာက္မွာပဲ ပထမဆုံးရႈံးပြဲနဲ႔ရင္ဆိုင္ခဲ့ရၿပီျဖစ္ပါတယ္။

အခုပြဲမွာ ကြန္တီက ဒိုဟာတီ၊ ဂ်ိဳး႐ြန္ဒြန္၊ ဂိုလီနီ၊ ဘ႐ိုင္ယန္ေဟးလ္၊ ဆက္ဆီၫြန္တို႔လို႔ အရန္ကစားသမားေတြနဲ႔ အယ္လီ၊ ဟယ္ရီကိန္၊ ဒြန္ဘီလီစတဲ့ စီနီယာကစားသမားေတြကို တြဲဖက္အသုံးျပဳခဲ့ေပမယ့္ ေျခစြမ္းမျပႏိုင္ခဲ့ဘဲ (၁၁)မိနစ္မွာ ဟိုဗတ္က အိမ္ရွင္အသင္းအတြက္ အဖြင့္ဂိုးသြင္းယူခဲ့ၿပီး (၇၂)မိနစ္မွာ ဟယ္ရီကိန္းက ေခ်ပဂိုးသြင္းခဲ့ေပမယ့္ စပါးအသင္းအတြက္ အသည္းကြဲေစမယ့္ဂိုးကို မာ႐ိုဆာက သြင္းယူခဲ့တာေၾကာင့္ (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့သလို ပထမပိုင္းကတည္းက ႐ိုင္ယန္ဆက္ဆီၫြန္ အနီကတ္နဲ႔အထုတ္ခံခဲ့ရလို႔ စပါးတို႔(၁၀)ေယာက္နဲ႔ကစားခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ႏိုဝင္ဘာလအေစာပိုင္းက စပါးအသင္းနည္းျပသစ္အျဖစ္ခန႔္အပ္ခံခဲ့ရသူ ကြန္တီဟာ ပထမ(၃)ပြဲမွာ (၂)ပြဲႏိုင္၊ (၁)ပြဲသေရရလဒ္ရယူႏိုင္ခဲ့ေပမယ့္ အခု (၄)ပြဲေျမာက္မွာေတာ့ UEFA Europa Conference League မွာ အဆင့္သတ္မွတ္ခ်က္အနိမ့္ဆုံး ေမာ္ရာကို ရႈံးနိမ့္ခဲ့တာေၾကာင့္ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။

ကြန္တီရဲ႕နည္းျပဘဝအစပိုင္းျဖစ္တဲ့ အာရီဇို၊ ဘာရီ၊ အတၱလန္တာ၊ ဆီနာတို႔ကို,ကိုင္တြယ္ခဲ့ခ်ိန္မွာ ရလဒ္ေတြယိမ္းယိုင္ခဲ့ေပမယ့္ ၂၀၁၁ ခုႏွစ္မွာ ဂ်ဴဗင္တပ္စ္အသင္းနည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရၿပီး ထိပ္တန္းအဆင့္အသင္းတစ္သင္းကို,ကိုယ္တြယ္ခဲ့တဲ့ေနာက္ပိုင္း ၿပိဳင္ပြဲစုံ(၄)ပြဲေျမာက္မွာ ရႈံးပြဲစေတြ႕ခဲ့တာက အခု ပထမဆုံးအႀကိမ္ပါပဲ။ ဂ်ဴဗင္တပ္စ္နည္းျပဘဝမွာ ကြန္တီဟာ ၿပိဳင္ပြဲစုံ(၄၃)ပြဲေျမာက္မွာမွ ပထမဆုံးရႈံးပြဲနဲ႔ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး အီတလီအသင္းနည္းျပအျဖစ္ ေဆာင္႐ြက္ခဲ့ခ်ိန္မွာလည္း (၁၀)ေျမာက္မွ ပထမဆုံးရႈံးပြဲႀကဳံေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ခ်ယ္လ္ဆီးအသင္းမွာေတာ့ ၿပိဳင္ပြဲစုံ(၆)ပြဲေျမာက္မွာ ပထမဆုံးရႈံးပြဲနဲ႔ရင္ဆိုင္ခဲ့ရၿပီး အင္တာမီလန္အသင္းမွာ (၈)ပြဲေျမာက္၊ အခု စပါးအသင္းနည္းျပဘဝအစပိုင္းမွာပဲ ရႈံးပြဲနဲ႔ေစာေစာစီးစီးႀကဳံေတြ႕ခဲ့ရတာပါ။ ေမာ္ရာနဲ႔ပြဲအၿပီးမွာ ကြန္တီက “စပါးအသင္းနည္းျပအျဖစ္ (၃)ပတ္ေလာက္ကိုင္တြယ္ခဲ့ၿပီးေနာက္မွာေတာ့ အသင္းရဲ႕အေနအထားကို စတင္နားလည္လာၿပီျဖစ္ၿပီး ကြၽန္ေတာ္ ေမွ်ာ္လင့္ထားသလိုမဟုတ္ပါဘူး။ အခုအခ်ိန္မွာ စပါးအသင္းရဲ႕အဆင့္အတန္းက အရမ္းအျမင့္ႀကီးမွာ မရွိပါဘူး။ အသင္းမွာ ျပင္ဆင္စရာေတြအမ်ားႀကီးရွိေနၿပီး ကြၽန္ေတာ္က မ်က္လွည့္ဆရာတစ္ေယာက္မဟုတ္လို႔ ခ်က္ခ်င္းလက္ငင္းအေျပာင္းအလဲလုပ္ႏိုင္မွာမဟုတ္ဘဲ ကစားသမားေတြအပါအဝင္ အားလုံးပူးေပါင္းႀကိဳးစားမွျဖစ္မွာပါ”လို႔ေျပာၾကားခဲ့ပါတယ္။