ထိပ်တန်းလိဂ် ၅ ခုထဲမှာ ကစားသမားသစ် မခေါ်သေးတဲ့ တစ်ခုတည်းသောအသင်း

ရာသီသစ်အတွက် အသင်းကြီးငယ်မရွေး ကစားသမားသစ်တွေခေါ်ယူပြီး အပြိုင်အဆိုင်ပြင်ဆင်နေခဲ့ပေမယ့် လက်ရှိအချိန်ထိ ဥရောပထိပ်တန်းလိဂ် ၅ ခုထဲမှာ ကစားသမားသစ် မခေါ်သေးတဲ့အသင်းတစ်သင်းရှိနေပါတယ်။

အဲဒီအသင်းကတော့ နည်းပြရော်ဂျာ ကိုင်တွယ်နေတဲ့ ပရီးမီးယားလိဂ်ကလပ် လက်စတာပဲဖြစ်ပါတယ်။ လက်စတာအနေနဲ့ ဘဏ္ဍာရေးအကျပ်အတည်းတွေရင်ဆိုင်နေရတာကြောင့် လက်ရှိအချိန်ထိ ကစားသမားသစ်ခေါ်ယူဖို့ ခက်ခဲနေခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း စာချုပ်သက်တမ်းကုန်တော့မယ့် တိုက်စစ်မှူး ဗာဒီ ကိုရောင်းဖို့ ဆန္ဒ မရှိဘဲ ၂ နှစ်သက်တမ်း စာချုပ်ထပ်တိုးလိုက်တာပါ။ တကယ်တော့ ဗာဒီ ကိုခေါ်ယူဖို့အတွက် မန်ယူနဲ့ချဲလ်ဆီးတို့ အပြိုင်စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၃၅နှစ်ရောက်နေပြီဖြစ်တဲ့ ဗာဒီအတွက်မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမရနိုင်တာသိနေတဲ့ လက်စတာဟာ နောက်ထပ်ငွေမလိုက်နိုင်တဲ့အတွက် စာချုပ်သက်တမ်း တိုးလိုက်တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဗာဒီဟာ လက်စတာအတွက်တော့

ဂန္တဝင်ကစားသမားစာရင်းဝင်မယ့် တိုက်စစ်မှူးဖြစ်နေတာလည်းပါပါတယ်။ ပရီးမီးယားလိဂ်ကိုတန်းတက်လာပြီးနောက် အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အက်ဖ်အေဖလား ချန်ပီယံဆုတို့ကို ဗာဒီက ရယူပေးထားနိုင်ခဲ့တာပါ။

ဒါကြောင့်လည်း လက်စတာဟာ ဗာဒီကို ၂ နှစ်သက်တမ်းစာချုပ်တိုးခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အသက် ၃၇နှစ်အရွယ်ထိ ကစားခွင့်ရမယ့် ပထမဆုံးကစားသမားဖြစ်ခွင့်ပေးခဲ့တာဖြစ်တယ်။ လက်စတာဟာ ဗာဒီကို ၂၀၁၂ ခုနှစ်မှာ အင်္ဂလန်အောက်တန်းအသင်းတစ်သင်းဖြစ်တဲ့

ဖလိဝုဒ်ကနေ ပေါင် ၁ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ လက်စတာဟာ ဘဏ္ဍာရေးအကျပ်အတည်းကိုဖြေရှင်းဖို့ နောက်ခံလူ ဖိုဖာနာကို ကမ္ဘာ့စံချိန်တင် ကြေးတစ်ခုနဲ့ ရောင်းချဖို့ပြင်ဆင်နေပါတယ်။

ဖိုဖာနာကို ခေါ်ယူဖို့ ချဲလ်ဆီးက ပေါင် ၆၅ သန်းအထိတဖြည်းဖြည်း တိုးပေးထားပြီး လက်စတာကတော့ ပေါင်သန်း ၈၀ အထက်ရမှရောင်းချမယ်လို့ ဈေးခေါ်ထားပါတယ်။

(zawgyi)

ရာသီသစ္အတြက္ အသင္းႀကီးငယ္မေ႐ြး ကစားသမားသစ္ေတြေခၚယူၿပီး အၿပိဳင္အဆိုင္ျပင္ဆင္ေနခဲ့ေပမယ့္ လက္ရွိအခ်ိန္ထိ ဥေရာပထိပ္တန္းလိဂ္ ၅ ခုထဲမွာ ကစားသမားသစ္ မေခၚေသးတဲ့အသင္းတစ္သင္းရွိေနပါတယ္။

အဲဒီအသင္းကေတာ့ နည္းျပေရာ္ဂ်ာ ကိုင္တြယ္ေနတဲ့ ပရီးမီးယားလိဂ္ကလပ္ လက္စတာပဲျဖစ္ပါတယ္။ လက္စတာအေနနဲ႔ ဘ႑ာေရးအက်ပ္အတည္းေတြရင္ဆိုင္ေနရတာေၾကာင့္ လက္ရွိအခ်ိန္ထိ ကစားသမားသစ္ေခၚယူဖို႔ ခက္ခဲေနခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္လည္း စာခ်ဳပ္သက္တမ္းကုန္ေတာ့မယ့္ တိုက္စစ္မႉး ဗာဒီ ကိုေရာင္းဖို႔ ဆႏၵ မရွိဘဲ ၂ ႏွစ္သက္တမ္း စာခ်ဳပ္ထပ္တိုးလိုက္တာပါ။ တကယ္ေတာ့ ဗာဒီ ကိုေခၚယူဖို႔အတြက္ မန္ယူနဲ႔ခ်ဲလ္ဆီးတို႔ အၿပိဳင္စိတ္ဝင္စားေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ အသက္ ၃၅ႏွစ္ေရာက္ေနၿပီျဖစ္တဲ့ ဗာဒီအတြက္ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးမရႏိုင္တာသိေနတဲ့ လက္စတာဟာ ေနာက္ထပ္ေငြမလိုက္ႏိုင္တဲ့အတြက္ စာခ်ဳပ္သက္တမ္း တိုးလိုက္တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ ဗာဒီဟာ လက္စတာအတြက္ေတာ့ ဂႏၲဝင္ကစားသမားစာရင္းဝင္မယ့္ တိုက္စစ္မႉးျဖစ္ေနတာလည္းပါပါတယ္။ ပရီးမီးယားလိဂ္ကိုတန္းတက္လာၿပီးေနာက္ အသင္းသမိုင္းတစ္ေလွ်ာက္ ပထမဆုံး ပရီးမီးယားလိဂ္ ခ်န္ပီယံဆုနဲ႔ အက္ဖ္ေအဖလား ခ်န္ပီယံဆုတို႔ကို

ဗာဒီက ရယူေပးထားႏိုင္ခဲ့တာပါ။ ဒါေၾကာင့္လည္း လက္စတာဟာ ဗာဒီကို ၂ ႏွစ္သက္တမ္းစာခ်ဳပ္တိုးခဲ့ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ အသက္ ၃၇ႏွစ္အ႐ြယ္ထိ ကစားခြင့္ရမယ့္ ပထမဆုံးကစားသမားျဖစ္ခြင့္ေပးခဲ့တာျဖစ္တယ္။

လက္စတာဟာ ဗာဒီကို ၂၀၁၂ ခုႏွစ္မွာ အဂၤလန္ေအာက္တန္းအသင္းတစ္သင္းျဖစ္တဲ့ ဖလိဝုဒ္ကေန ေပါင္ ၁ သန္းနဲ႔ေခၚယူခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ လက္စတာဟာ ဘ႑ာေရးအက်ပ္အတည္းကိုေျဖရွင္းဖို႔ ေနာက္ခံလူ ဖိုဖာနာကို

ကမာၻ႔စံခ်ိန္တင္ ေၾကးတစ္ခုနဲ႔ ေရာင္းခ်ဖို႔ျပင္ဆင္ေနပါတယ္။ ဖိုဖာနာကို ေခၚယူဖို႔ ခ်ဲလ္ဆီးက ေပါင္ ၆၅ သန္းအထိတျဖည္းျဖည္း တိုးေပးထားၿပီး လက္စတာကေတာ့ ေပါင္သန္း ၈၀ အထက္ရမွေရာင္းခ်မယ္လို႔ ေဈးေခၚထားပါတယ္။