ထာဝရအကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ကို ကျွန်တော်တို့ မြင်ခဲ့ရတာပါဆိုတဲ့ ကလော့ပ်

စပါးကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး နှစ်ဂိုးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး မိုဟာမက်ဆာလက်ရှ်အပေါ် လီဗာပူး

နည်းပြ ဂျာဂင်ကလော့ပ်က ချီးမွမ်းလိုက်ပါတယ်။ ဝှိုက်ဟတ်လိန်းမှာ ကစား ခဲ့တဲ့ ပွဲစဉ်မှာ အီဂျစ်တိုက်စစ်မှူးဟာ ပထမပိုင်းမှာတင် လှပသေသပ်တဲ့

သွင်း ဂိုးနှစ်ဂိုးကို ရယူပေးပြီး ကြိုးကြာနီတွေကို သက်သောင့်သက်သာနဲ့ ဦးဆောင် စေခဲ့တာဖြစ်ပါတယ်။ စပါးက ဟယ်ရီကိန်းရဲ့ သွင်းဂိုးတစ်ဂိုးနဲ့ ချေပနိုင်ခဲ့ပေမဲ့

ပွဲအပြီးမှာတော့ လီဗာပူးကသာ အနိုင်ရခဲ့ပြီး မာဆေးဆိုဒ်ကလပ်အတွက် ဒီရာသီ ပထမဆုံး အဝေးကွင်းနိုင်ပွဲ စတင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့ တဲ့ဘောလုံးရာသီမှာ

ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တဲ့ ဆာလက်ရှ်ဟာ ရာသီအစမှာ သူ့ရဲ့ အကောင်းဆုံးပုံစံ ပျောက်ဆုံးနေပေမဲ့ လက်ရှိမှာတော့ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ဂိုးသွင်းထားနိုင်ပါတယ်။

‘’အထနှေးခဲ့တာတောင်မှပဲ သူက ဥရောပ ပွဲစဉ်တွေမှာတော့ အခွင့်အရေးတွေ အများဆုံး ပါဝင်ပတ် သက်ထားတဲ့ ကစားသမားပါ။ အဲဒီအခွင့်အရေးတွေကို သူကိုယ်တိုင်

မယူနိုင်ခဲ့တာပဲဖြစ်ဖြစ် ကျွန်တော်တို့ ကိုယ်တိုင် မယူနိုင်ခဲ့တာပဲဖြစ်ဖြစ်ပါ။ ဒါပေမဲ့ ဒါက တိုက်စစ်မှူးတစ်ယောက်အတွက်တော့ ပုံမှန်ကြုံနေရတဲ့ ကိစ္စတစ်ခုပါပဲ။

ဒါပေမဲ့ အဆုံးမှာအားလုံးသိကြပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ် ခြောက်နှစ်လောက်က သူ့ရဲ့ ကစားသမားဘဝကို ပြန်ကြည့်ကြမယ်ဆိုရင် လူတိုင်း တွေ့ ကြပါလိမ့်မယ်။

ထာဝရ အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ကို သူတို့ မြင်တွေ့ခဲ့ကြရတယ်ဆိုတာ အားလုံး သတိရကြမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့

သူ့ရဲ့ ကိန်းဂဏန်းတွေက ဖျားချင်စရာကြီးပါ။ ဒီနေ့မှာ သူနဲ့ပတ်သက်ပြီး အကျေနပ်ဆုံး အရာကတော့ နှစ်ဂိုး သွင်းတာပါပဲ။ ဒါပေမဲ့ သူက အသင်းလိုက်

ကစားသမားတစ် ယောက်လို ကစားသွားတာလည်း ကြိုက်တယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် မအံ့သြပါဘူး။ ဒါပေမဲ့ ဒါကတော့ အရေးပါတယ်နော်။

အထနှေးလို့ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် သူဟာ ဒီလိုမေးခွန်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာ။ နောက်ပြီး ဟက်ထရစ်သွင်းရင်သွင်း၊ မသွင်းရင်လည်း အလားတူပေါ့။

ဒါပေမဲ့ အခုတော့ သူဟာ သူ့ရဲ့ အခွင့်အရေးကို နောက်တစ်ခါ ပြန်ရသွားပါပြီ။ သူ့အတွက် အရမ်းကို ပျော်ပါတယ်။ တကယ့် ထိပ်တန်း စွမ်းဆောင်ရည်မျိုးဖြစ်ပြီး

တစ်မူ ထူးခြားလွန်းတဲ့ စိတ်ဓာတ်ရေးရာကိုလည်း ပြသသွားခဲ့သူဖြစ်ပါတယ်’’ လို့ နည်းပြ ကလော့ပ်က စပါးနဲ့ ပွဲစဉ်အပြီးမှာ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဆာလက်ရှ်ဟာ ဒီရာသီမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၁၄ ဂိုး သွင်းယူပေးထား သူဖြစ်ပြီး ပွဲပေါင်း ၂၀ ပါဝင်ကစားပေထားပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ၁၃ ပွဲ ကစားထားပါတယ်။

(Zawgyi)

ထာဝရအေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ေယာက္ကို ကြၽန္ေတာ္တို႔ ျမင္ခဲ့ရတာပါဆိုတဲ့ ကေလာ့ပ္
===================

စပါးကို ၂-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ အသင္းအတြက္ အေရးပါတဲ့ သြင္းဂိုး ႏွစ္ဂိုးကို သြင္းယူေပးခဲ့တဲ့ တိုက္စစ္မႉး မိုဟာမက္ဆာလက္ရွ္အေပၚ လီဗာပူး နည္းျပ ဂ်ာဂင္ကေလာ့ပ္က ခ်ီးမြမ္းလိုက္ပါတယ္။

ဝႈိက္ဟတ္လိန္းမွာ ကစား ခဲ့တဲ့ ပြဲစဥ္မွာ အီဂ်စ္တိုက္စစ္မႉးဟာ ပထမပိုင္းမွာတင္ လွပေသသပ္တဲ့ သြင္း ဂိုးႏွစ္ဂိုးကို ရယူေပးၿပီး ႀကိဳးၾကာနီေတြကို သက္ေသာင့္သက္သာနဲ႔

ဦးေဆာင္ ေစခဲ့တာျဖစ္ပါတယ္။ စပါးက ဟယ္ရီကိန္းရဲ႕ သြင္းဂိုးတစ္ဂိုးနဲ႔ ေခ်ပႏိုင္ခဲ့ေပမဲ့ ပြဲအၿပီးမွာေတာ့ လီဗာပူးကသာ အႏိုင္ရခဲ့ၿပီး မာေဆးဆိုဒ္ကလပ္အတြက္

ဒီရာသီ ပထမဆုံး အေဝးကြင္းႏိုင္ပြဲ စတင္ရရွိခဲ့တာလည္း ျဖစ္ပါတယ္။ ၿပီးခဲ့ တဲ့ေဘာလုံးရာသီမွာ ေ႐ႊဖိနပ္ဆုကို ရယူႏိုင္ခဲ့တဲ့ ဆာလက္ရွ္ဟာ ရာသီအစမွာ သူ႔ရဲ႕

အေကာင္းဆုံးပုံစံ ေပ်ာက္ဆုံးေနေပမဲ့ လက္ရွိမွာေတာ့ ေနာက္ ဆုံးကစားခဲ့တဲ့ ၄ ပြဲမွာ ဂိုးသြင္းထားႏိုင္ပါတယ္။ ‘’အထေႏွးခဲ့တာေတာင္မွပဲ သူက ဥေရာပ ပြဲစဥ္ေတြမွာေတာ့

အခြင့္အေရးေတြ အမ်ားဆုံး ပါဝင္ပတ္ သက္ထားတဲ့ ကစားသမားပါ။ အဲဒီအခြင့္အေရးေတြကို သူကိုယ္တိုင္ မယူႏိုင္ခဲ့တာပဲျဖစ္ျဖစ္ ကြၽန္ေတာ္တို႔ ကိုယ္တိုင္ မယူႏိုင္ခဲ့တာပဲျဖစ္ျဖစ္ပါ။

ဒါေပမဲ့ ဒါက တိုက္စစ္မႉးတစ္ေယာက္အတြက္ေတာ့ ပုံမွန္ႀကဳံေနရတဲ့ ကိစၥတစ္ခုပါပဲ။ ဒါေပမဲ့ အဆုံးမွာအားလုံးသိၾကပါတယ္။ ၿပီးခဲ့တဲ့ ငါးႏွစ္ ေျခာက္ႏွစ္ ေလာက္က သူ႔ရဲ႕

ကစားသမားဘဝကို ျပန္ၾကည့္ၾကမယ္ဆိုရင္ လူတိုင္း ေတြ႕ ၾကပါလိမ့္မယ္။ ထာဝရ အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ေယာက္ ကို သူတို႔ ျမင္ေတြ႕ခဲ့ၾကရတယ္ဆိုတာ

အားလုံး သတိရၾကမွာ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔ရဲ႕ ကိန္းဂဏန္းေတြက ဖ်ားခ်င္စရာႀကီးပါ။ ဒီေန႔မွာ သူနဲ႔ပတ္သက္ၿပီး အေက်နပ္ဆုံး အရာ ကေတာ့ ႏွစ္ဂိုး သြင္းတာပါပဲ။

ဒါေပမဲ့ သူက အသင္းလိုက္ ကစားသမားတစ္ ေယာက္လို ကစားသြားတာလည္း ႀကိဳက္တယ္။ ဒါနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ မအံ့ၾသပါဘူး။ ဒါေပမဲ့ ဒါကေတာ့ အေရးပါတယ္ေနာ္။

အထေႏွးလို႔ပဲျဖစ္ျဖစ္၊ ဘာပဲျဖစ္ျဖစ္ သူဟာ ဒီလိုေမးခြန္းေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္ခဲ့ရတာ။ ေနာက္ၿပီး ဟက္ထရစ္သြင္းရင္သြင္း၊ မသြင္းရင္လည္း အလားတူေပါ့။ ဒါေပမဲ့ အခုေတာ့ သူဟာ

သူ႔ရဲ႕ အခြင့္အေရးကို ေနာက္တစ္ခါ ျပန္ရသြားပါၿပီ။ သူ႔အတြက္ အရမ္းကို ေပ်ာ္ပါတယ္။ တကယ့္ ထိပ္တန္း စြမ္းေဆာင္ရည္မ်ိဳးျဖစ္ၿပီး တစ္မူ ထူူးျခားလြန္းတဲ့

စိတ္ဓာတ္ေရးရာကိုလည္း ျပသသြားခဲ့သူျဖစ္ပါတယ္’’ လို႔ နည္းျပ ကေလာ့ပ္က စပါးနဲ႔ ပြဲစဥ္အၿပီးမွာ ေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။ ဆာလက္ရွ္ဟာ ဒီရာသီမွာ

လီဗာပူးအတြက္ ၿပိဳင္ပြဲစုံ ၁၄ ဂိုး သြင္းယူေပးထား သူျဖစ္ၿပီး ပြဲေပါင္း ၂၀ ပါဝင္ကစားေပထားပါတယ္။ ပရီးမီးယားလိဂ္မွာေတာ့ ၁၃ ပြဲ ကစားထားပါတယ္။