





မက်ဆီဟာ ကမ္ဘာ့ဖလားကိုလက်ဝယ်ပိုင်ဆိုင်ခဲ့ပြီးတဲ့နောက်
ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ လိုအပ်တဲ့ဆုဖလားတွေအားလုံးကို





သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာတော့
ထာဝရအကောင်းဆုံးဆုဖလားဖန်ဆင်းရှင်ဖြစ်ဖို့အတွက်တော့
ဆက်ကြိုးစားရဦးမှာဖြစ်တယ်။ ဘရာဇီးသားဖြစ်ပြီး မက်ဆီရဲ့





ဘာစီလိုနာအသင်းဖော်ဟောင်း ဒန်နီအဲလ်ဗက်စ်ဟာ ပရော်ဖက်ရှင်နယ်ဘဝမှာ
ဆုဖလား ၄၃လုံး ပိုင်ဆိုင်ထားပြီး ပီအက်စ်ဂျီကြယ်ပွင့်ကတော့





ကာတာကမ္ဘာ့ဖလားအပါအဝင် ဆုဖလား ၄၂ လုံးသာ ရရှိထားတာဖြစ်တယ်။
ဒါကြောင့် လက်ကျန်ရာသီမှာ ပီအက်စ်ဂျီနဲ့အနိမ့်ဆုံးဆုဖလား
တစ်လုံးရယူနိုင်မှ အဲလ်ဗက်စ်ရဲ့စံချိန်နဲ့ထပ်တူကျမှာဖြစ်ပြီး





ကျော်ဖြတ်ဖို့အတွက်ဆိုရင်တော့ နောက်ထပ်ဆုဖလား ၂လုံး
ရယူနိုင်ဖို့လိုပါတယ်။ ဒါ့အပြင် အသင်း ၂သင်းသာ ကစားပြီး





ဆုဖလားရရှိတဲ့ Finalissima ပြိုင်ပွဲကိုဖယ်ထုတ်လိုက်မယ်ဆိုရင်
မက်ဆီရဲ့ဆုဖလား ရရှိမှုက ၄၁ကြိမ်သာရှိတဲ့အတွက် အဲလ်ဗက်စ်ကို
ကျော်ဖြတ်ဖို့ဆိုရင် နောက်ထပ်ဆုဖလား ၃လုံးအထိလိုအပ်ပါလိမ့်မယ်။





လက်ရှိအနေအထားမှာတော့ မက်ဆီအနေနဲ့ နောက်ထပ်ဆုဖလား ၃လုံး
သိမ်းပိုက်နိုင်မှသာ သမိုင်းတစ်လျှောက်အငြင်းပွားဖွယ်ရာမရှိတဲ့





အလှပဆုံးဘောလုံးသမားတစ်ယောက်ဖြစ်လာပါလိမ့်မယ်။
လတ်တလောမှာတော့ မက်ဆီဟာ ပီအက်စ်ဂျီနဲ့အတူ တက်ကြွတဲ့
ခြေစွမ်းပြသနေတာကြောင့် ဒီရာသီမှာ ဆုဖလား ၃လုံးရယူပြီး





အဲလ်ဗက်စ်ရဲ့ ထာဝရအကောင်းဆုံးဆုဖလားဖန်ဆင်းရှင်နေရာကို သိမ်းပိုက်နိုင်မလားစောင့်ကြည့်ရမှာပါ။





zawgyi
ထာဝရအေကာင္းဆုံး ဆုဖလားဖန္ဆင္းရွင္ေနရာအတြက္ ဘရာဇီးသားကို မက္ဆီ ေက်ာ္ျဖတ္ႏိုင္ဖို႔ လိုေသးတယ္
မက္ဆီဟာ ကမာၻ႔ဖလားကိုလက္ဝယ္ပိုင္ဆိုင္ခဲ့ၿပီးတဲ့ေနာက္





ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝမွာ လိုအပ္တဲ့ဆုဖလားေတြအားလုံးကို
သိမ္းပိုက္ႏိုင္ခဲ့ၿပီျဖစ္တယ္။ ဒါေပမဲ့ အျခားတစ္ဖက္မွာေတာ့





ထာဝရအေကာင္းဆုံးဆုဖလားဖန္ဆင္းရွင္ျဖစ္ဖို႔အတြက္ေတာ့
ဆက္ႀကိဳးစားရဦးမွာျဖစ္တယ္။ ဘရာဇီးသားျဖစ္ၿပီး မက္ဆီရဲ႕
ဘာစီလိုနာအသင္းေဖာ္ေဟာင္း ဒန္နီအဲလ္ဗက္စ္ဟာ ပေရာ္ဖက္ရွင္နယ္ဘဝမွာ





ဆုဖလား ၄၃လုံး ပိုင္ဆိုင္ထားၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္ကေတာ့
ကာတာကမာၻ႔ဖလားအပါအဝင္ ဆုဖလား ၄၂ လုံးသာ ရရွိထားတာျဖစ္တယ္။





ဒါေၾကာင့္ လက္က်န္ရာသီမွာ ပီအက္စ္ဂ်ီနဲ႔အနိမ့္ဆုံးဆုဖလား
တစ္လုံးရယူႏိုင္မွ အဲလ္ဗက္စ္ရဲ႕စံခ်ိန္နဲ႔ထပ္တူက်မွာျဖစ္ၿပီး
ေက်ာ္ျဖတ္ဖို႔အတြက္ဆိုရင္ေတာ့ ေနာက္ထပ္ဆုဖလား ၂လုံး





ရယူႏိုင္ဖို႔လိုပါတယ္။ ဒါ့အျပင္ အသင္း ၂သင္းသာ ကစားၿပီး
ဆုဖလားရရွိတဲ့ Finalissima ၿပိဳင္ပြဲကိုဖယ္ထုတ္လိုက္မယ္ဆိုရင္





မက္ဆီရဲ႕ဆုဖလား ရရွိမႈက ၄၁ႀကိမ္သာရွိတဲ့အတြက္ အဲလ္ဗက္စ္ကို
ေက်ာ္ျဖတ္ဖို႔ဆိုရင္ ေနာက္ထပ္ဆုဖလား ၃လုံးအထိလိုအပ္ပါလိမ့္မယ္။
လက္ရွိအေနအထားမွာေတာ့ မက္ဆီအေနနဲ႔ ေနာက္ထပ္ဆုဖလား ၃လုံး





သိမ္းပိုက္ႏိုင္မွသာ သမိုင္းတစ္ေလွ်ာက္အျငင္းပြားဖြယ္ရာမရွိတဲ့
အလွပဆုံးေဘာလုံးသမားတစ္ေယာက္ျဖစ္လာပါလိမ့္မယ္။





လတ္တေလာမွာေတာ့ မက္ဆီဟာ ပီအက္စ္ဂ်ီနဲ႔အတူ တက္ႂကြတဲ့
ေျခစြမ္းျပသေနတာေၾကာင့္ ဒီရာသီမွာ ဆုဖလား ၃လုံးရယူၿပီး
အဲလ္ဗက္စ္ရဲ႕ ထာဝရအေကာင္းဆုံးဆုဖလားဖန္ဆင္းရွင္ေနရာကို သိမ္းပိုက္ႏိုင္မလားေစာင့္ၾကည့္ရမွာပါ။




