မက်ဆီနဲ့ မာရာဒိုနာအကြား ဘယ်သူထာဝရအကောင်းဆုံးလဲ
ဆိုတာနဲ့ပတ်သတ်လို့ ဖခင်ဖြစ်သူနဲ့ အတိုက်အခံပြောဆိုနေရတယ်လို့
အာဂျင်တီးနားကွင်းလယ်လူ မက်အဲလစ္စတာက ဖွင့်ဟလိုက်ပါတယ်။
ဘရိုက်တန်ကွင်းလယ်လူဟာ အာဂျင်တီးနားနဲ့အတူ သမိုင်းဝင်
အောင်မြင်မှုရဖို့အတွက် ခြေတစ်လှမ်းသာလိုအပ်တော့တာဖြစ်တယ်။
ဒီလိုအချိန်မှာ ပရိသတ်အများဆုက မက်ဆီကို ထာဝရအကောင်းဆုံးအဖြစ်
ချန်ပီယံဆုဖလားကိုင်မြှောက်နိုင်ရေးအတွက် စိတ်အားထက်သန်
နေကြပါတယ်။ ဒီခေါင်းစဉ်နဲ့ပတ်သတ်လို့တော့ မက်အဲလစ္စတာတို့ရဲ့
အိမ်ထောင်စုထဲမှာအခြေအတင်ဖြစ်နေကြတာပါ။ မက်အဲလစ္စတာရဲ့ ဖခင်
ကားလို့စ်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး
အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားဖူးသူဖြစ်ပါတယ်။
ဘိုကာဂျူနီယာကစားသမားဟောင်းဖြစ်တဲ့ ကားလို့စ်ဟာ မာရာဒိုနာနဲ့
တွဲဖက်ကစားဖူးသူဖြစ်ပြီး သူ့ရဲ့လက်တွဲဖော်ဟာ GOAT ဖြစ်ကြောင်း
အမြဲတစေပြောဆိုလေ့ရှိပါတယ်။ ဒါပေမဲ့ မက်အဲလစ္စတာကတော့
ဖခင်ရဲ့အဆိုကိုသဘောမတူခဲ့ပါဘူး။ “ကျွန်တော့်အတွက်တော့ မက်ဆီပါပဲ။
ဒါပေမဲ့ ဒီဆွေးနွေးမှုကအဆုံးသတ်မယ်မထင်ပါဘူး” လို့ ဘရိုက်တန်
ကွင်းလယ်လူက ဖွင့်ဟလိုက်တာဖြစ်တယ်။ ဘယ်လိုပဲဖြစ်ပါစေ…
တနင်္ဂနွေပွဲစဉ်မှာ အာဂျင်တီးနားသာချန်ပီယံဖြစ်မယ်ဆိုရင်တော့
မက်အဲလစ္စတာတို့မိသားစုကြားမှာပါတီပွဲတွေနဲ့အလုပ်ရှုပ်ဦးမှာတော့သေချာနေပါတယ်။
zawgyi
ထာဝရအကောင်းဆုံးနဲ့ပတ်သတ်လို့ မက်အဲလစ္စတာနဲ့ သူ့ရဲ့ဖခင်ကြားအတိုက်အခံ ငြင်းခုန်နေ