ထရိုယက်စ်ဘက်ကို ကိုက် ၃၀ ဝန်းကျင်လောက်ကနေ အဝေးကန်ချက်နဲ့လှပတဲ့သွင်းဂိုးတစ်ဂိုးပုံဖော်ပြခဲ့တဲ့ လီယိုနယ်မက်ဆီ

ထရိုယက်စ်နဲ့ကစားခဲ့တဲ့ လီဂူး-၁ပွဲစဉ်ဟာ ပီအက်စ်ဂျီအတွက်အလွန်ခက်ခဲခဲ့ပြီး ပြိုင်ဘက်က ၂-၁နဲ့ ဦးဆောင်ထားချိန်မှာ

မက်ဆီရဲ့ဒုတိယမြောက်ချေပဂိုးက အံ့အားသင့်စရာကောင်းပြီး လှပသေသပ်လွန်းခဲ့ပါတယ်။

ပြိုင်ဘက်ဟာ မထင်မှတ်တဲ့အနေအထားကနေ ပွဲချိန် ၃မိနစ်အတွင်းဦးဆောင်ဂိုးစရခဲ့ပြီး

ပထမပိုင်းမှာ ကားလို့စ်ဆိုလာကပြန်ချေပနိုင်ခဲ့ပေမဲ့ ၅၂မိနစ်မှာ ထရိုယက်စ်က နောက်ထပ်ဦးဆောင်ဂိုးထပ်ရခဲ့ပါတယ်။

ပွဲချိန် ၅၅မိနစ်အရောက်မှာတော့ မက်ဆီက ဂိုးပေါက်နဲ့ကိုက် ၃၀လောက်ကွာတဲ့အနေအထားက

ဂိုးကန်သွင်းခဲ့ပြီး ဂိုးသမားရဲ့ ညာဘက်အောက်ထောင့်ကနေ ဂိုးဝင်သွားခဲ့ပါတယ်။

၆၂မိနစ်မှာ နေမာက တတိယဂိုးသွင်းယူပြီး ၇၇မိနစ်မှာ အမ်ဘာပီကပင်နယ်တီနဲ့နောက်တစ်ဂိုးထပ်သွင်း ခဲ့ပေမဲ့

၈၈မိနစ်မှာ ပါလာဗာဆာက ထရိုယက်စ်အတွက် တတိယဂိုးသွင်းခဲ့လို့ ပွဲကနောက်ဆုံးမိနစ်အထိအသက်ဝင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ပီအက်စ်ဂျီပရိသတ် တွေဟာ ကိုက် ၃၀ အကွာအဝေးလောက်ကကန်သွင်းခဲ့တဲ့ မက်ဆီရဲ့သွင်းဂိုးကို ဆိုရှယ်မီဒီယာကနေ ချီးကျူးခဲ့ကြပါတယ်။

ပရိသတ်တစ်ယောက်က “GOAT ဘယ်လိုဂိုးသွင်းခဲ့လဲ” လို့ ချီးကျူးခဲ့သလို နောက်တစ်ယောက်က “ဒီရာသီရဲ့ အကောင်းဆုံးသွင်းဂိုးပါပဲ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

တတိယတစ်ယောက်ရဲ့မှတ်ချက်ကတော့ရိုးရှင်းလွန်းခဲ့ပြီး “အကောင်းဆုံးဆိုတာ အဲ့ဒီမှာ” လို့ ချီးကျူးသွားပါတယ်။

မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက်ပြိုင်ပွဲစုံ ၁၇ပွဲ ပါဝင်ကစားပေးထားပြီး

ထရိုယက်စ်နဲ့ပွဲစဉ်မှာတော့ သူ့ရဲ့ဒီရာသီ ၁၂ဂိုးမြောက်သွင်းဂိုးကို ရယူပေးခဲ့တာဖြစ်တယ်။

zawgyi

ထ႐ိုယက္စ္ဘက္ကို ကိုက္ ၃၀ ဝန္းက်င္ေလာက္ကေန အေဝးကန္ခ်က္နဲ႔လွပတဲ့သြင္းဂိုးတစ္ဂိုးပုံေဖာ္ျပခဲ့တဲ့ လီယိုနယ္မက္ဆီ

ထ႐ိုယက္စ္နဲ႔ကစားခဲ့တဲ့ လီဂူး-၁ပြဲစဥ္ဟာ ပီအက္စ္ဂ်ီအတြက္အလြန္ခက္ခဲခဲ့ၿပီး ၿပိဳင္ဘက္က ၂-၁နဲ႔ ဦးေဆာင္ထားခ်ိန္မွာ

မက္ဆီရဲ႕ဒုတိယေျမာက္ေခ်ပဂိုးက အံ့အားသင့္စရာေကာင္းၿပီး လွပေသသပ္လြန္းခဲ့ပါတယ္။

ၿပိဳင္ဘက္ဟာ မထင္မွတ္တဲ့အေနအထားကေန ပြဲခ်ိန္ ၃မိနစ္အတြင္းဦးေဆာင္ဂိုးစရခဲ့ၿပီး

ပထမပိုင္းမွာ ကားလို႔စ္ဆိုလာကျပန္ေခ်ပႏိုင္ခဲ့ေပမဲ့ ၅၂မိနစ္မွာ ထ႐ိုယက္စ္က ေနာက္ထပ္ဦးေဆာင္ဂိုးထပ္ရခဲ့ပါတယ္။

ပြဲခ်ိန္ ၅၅မိနစ္အေရာက္မွာေတာ့ မက္ဆီက ဂိုးေပါက္နဲ႔ကိုက္ ၃၀ေလာက္ကြာတဲ့အေနအထားက

ဂိုးကန္သြင္းခဲ့ၿပီး ဂိုးသမားရဲ႕ ညာဘက္ေအာက္ေထာင့္ကေန ဂိုးဝင္သြားခဲ့ပါတယ္။

၆၂မိနစ္မွာ ေနမာက တတိယဂိုးသြင္းယူၿပီး ၇၇မိနစ္မွာ အမ္ဘာပီကပင္နယ္တီနဲ႔ေနာက္တစ္ဂိုးထပ္သြင္း ခဲ့ေပမဲ့

၈၈မိနစ္မွာ ပါလာဗာဆာက ထ႐ိုယက္စ္အတြက္ တတိယဂိုးသြင္းခဲ့လို႔ ပြဲကေနာက္ဆုံးမိနစ္အထိအသက္ဝင္ခဲ့ပါတယ္။

ပြဲအၿပီးမွာေတာ့ ပီအက္စ္ဂ်ီပရိသတ္ ေတြဟာ ကိုက္ ၃၀ အကြာအေဝးေလာက္ကကန္သြင္းခဲ့တဲ့ မက္ဆီရဲ႕သြင္းဂိုးကို ဆိုရွယ္မီဒီယာကေန ခ်ီးက်ဴးခဲ့ၾကပါတယ္။

ပရိသတ္တစ္ေယာက္က “GOAT ဘယ္လိုဂိုးသြင္းခဲ့လဲ” လို႔ ခ်ီးက်ဴးခဲ့သလို ေနာက္တစ္ေယာက္က “ဒီရာသီရဲ႕ အေကာင္းဆုံးသြင္းဂိုးပါပဲ” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

တတိယတစ္ေယာက္ရဲ႕မွတ္ခ်က္ကေတာ့႐ိုးရွင္းလြန္းခဲ့ၿပီး “အေကာင္းဆုံးဆိုတာ အဲ့ဒီမွာ” လို႔ ခ်ီးက်ဴးသြားပါတယ္။

မက္ဆီဟာ ဒီရာသီမွာ ပီအက္စ္ဂ်ီအတြက္ၿပိဳင္ပြဲစုံ ၁၇ပြဲ ပါဝင္ကစားေပးထားၿပီး

ထ႐ိုယက္စ္နဲ႔ပြဲစဥ္မွာေတာ့ သူ႔ရဲ႕ဒီရာသီ ၁၂ဂိုးေျမာက္သြင္းဂိုးကို ရယူေပးခဲ့တာျဖစ္တယ္။