ထရိန်နင်မှာ ရော်နယ်ဒို ဂိုးသွင်းတဲ့ဗီဒီယိုဖိုင် တင်ခဲ့လို့ ယူနိုက်တက် ဝေဖန်ခံနေရ

ယူနိုက်တက်အသင်းပရိသတ်တွေဟာ အသင်းဘက်က

ပွဲတွေအနိုင်ရဖို့ အာရုံစိုက်ရမယ့်အစား ထရိန်နင်မှာ
တိုက်စစ်မှူး ရော်နယ်ဒို ဂိုးသွင်းတဲ့ဗီဒီယိုဖိုင် တင်ခဲ့မှုအပေါ်
ပြင်းထန်စွာဝေဖန်နေကြပါတယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့
အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး လိဂ်နောက်ဆုံး

၅ပွဲအနက် ၁ပွဲပဲ အနိုင်ရကာ စိတ်ပျက်ဖွယ်အနေအထားဖြစ်နေပါတယ်။
ရော်နယ်ဒိုကလည်း ဒဏ်ရာပြဿနာတွေကြောင့် အခုနောက်ပိုင်းမှာ
ပါလိုက်၊ မပါလိုက်ဖြစ်နေပြီး ယခုနှစ်အတွင်း
ပုံမှန်ဂိုးသွင်းစွမ်းရည်ပျောက်ဆုံးနေရာ ၄ဂိုးပဲ သွင်းယူထားပါတယ်။
ပြီးတော့ အဲဒီ ၄ဂိုးအနက် ၃ဂိုးက ပြီးခဲ့တဲ့လအတွင်း

စပါးကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ယနေ့နေ့လယ်ပိုင်းမှာ အသင်းရဲ့
ထရိန်နင်ဆင်းနေပုံကို ဗီဒီယိုဖိုင် တင်ခဲ့တာဖြစ်ပြီး
ရော်နယ်ဒိုက လူငယ်ကစားသမား မီဘရီကို
ခြေယောင်ပြ ကျော်ဖြတ်ကာ ဂိုးသွင်းလိုက်တာကို

ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်။
အဲဒီမှာ ယူနိုက်တက်ပရိသတ်တွေလည်း အသင်းအနေနဲ့
အခုလို ထရိန်နင်ဗီဒီယိုတွေ တင်နေမယ့်အစား
တကယ့်ပွဲတွေမှာ အနိုင်ရဖို့ပဲ ပိုမိုအာရုံစိုက်သင့်တယ်လို့ ထောက်ပြနေပါတယ်။
”ကျွန်တော်တို့က တကယ်ပဲ ထရိန်နင်ဗီဒီယိုတွေ၊

ဓာတ်ပုံတွေပဲ ထိုင်ကြည့်နေရတော့မှာလား”
”ဒါက ကျွန်တော်တို့ လိုအပ်နေတဲ့အရာမဟုတ်ပါဘူး။
ကျွန်တော်တို့ လိုအပ်နေတာက ရလဒ်ကောင်းတွေပါ”
”ဒါက ထရိန်နင်ကွင်းမှာ သွင်းခဲ့တာပါ။ ရော်နယ်ဒိုကို
တကယ့်ပွဲတွေမှာ အဲဒီလိုသွင်းပေးပါလားလို့ ပြောပေးပါ။

အခုဟာက ဘာမှဟုတ်တာလည်း မဟုတ်ဘူး”လို့
ယူနိုက်တက်ပရိသတ်တွေက အသီးသီးမှတ်ချက်ပေးခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီက ဂျူဗင်တပ်ကနေ
ပြန်လည်ရောက်လာပြီးနောက် အသင်းရဲ့ထိပ်တန်းဂိုးသွင်းဘုရင်အဖြစ်
ရပ်တည်နေပြီး ယခုရာသီမှာ ပြိုင်ပွဲစုံ ၁၈ဂိုးသွင်းယူထားပါတယ်။

Zawgyi

ထရိန္နင္မွာ ေရာ္နယ္ဒို ဂိုးသြင္းတဲ့ဗီဒီယိုဖုိင္ တင္ခဲ့လုိ႔ ယူႏုိက္တက္ ေ၀ဖန္ခံေနရ
ယူႏုိက္တက္အသင္းပရိသတ္ေတြဟာ အသင္းဘက္က

ပြဲေတြအႏိုင္ရဖို႔ အာရုံစုိက္ရမယ့္အစား ထရိန္နင္မွာ
တုိ္က္စစ္မွဴး ေရာ္နယ္ဒို ဂိုးသြင္းတဲ့ဗီဒီယိုဖိုင္ တင္ခဲ့မႈအေပၚ
ျပင္းထန္စြာေ၀ဖန္ေနၾကပါတယ္။
ယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားရဲ႕
အဆင့္ ၇ ေနရာမွာ ရပ္တည္ေနၿပီး လိဂ္ေနာက္ဆုံး

၅ပြဲအနက္ ၁ပြဲပဲ အႏိုင္ရကာ စိတ္ပ်က္ဖြယ္အေနအထားျဖစ္ေနပါတယ္။
ေရာ္နယ္ဒိုကလည္း ဒဏ္ရာျပႆနာေတြေၾကာင့္ အခုေနာက္ပိုင္းမွာ
ပါလုိက္၊ မပါလုိက္ျဖစ္ေနၿပီး ယခုႏွစ္အတြင္း
ပုံမွန္ဂိုးသြင္းစြမ္းရည္ေပ်ာက္ဆုံးေနရာ ၄ဂုိးပဲ သြင္းယူထားပါတယ္။
ၿပီးေတာ့ အဲဒီ ၄ဂိုးအနက္ ၃ဂိုးက ၿပီးခဲ့တဲ့လအတြင္း

စပါးကို ၃-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပဲြမွာ သြင္းယူခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ ယေန႔ေန႔လယ္ပိုင္းမွာ အသင္းရဲ႕
ထရိန္နင္ဆင္းေနပုံကို ဗီဒီယိုဖိုင္ တင္ခဲ့တာျဖစ္ၿပီး
ေရာ္နယ္ဒိုက လူငယ္ကစားသမား မီဘရီကို
ေျခေယာင္ျပ ေက်ာ္ျဖတ္ကာ ဂိုးသြင္းလုိက္တာကို

ရိုက္ကူးထားတဲ့ဗီဒီယိုဖိုင္ျဖစ္ပါတယ္။
အဲဒီမွာ ယူႏုိက္တက္ပရိသတ္ေတြလည္း အသင္းအေနနဲ႔
အခုလို ထရိန္နင္ဗီဒီယိုေတြ တင္ေနမယ့္အစား
တကယ့္ပြဲေတြမွာ အႏိုင္ရဖို႔ပဲ ပိုမိုအာရုံစိုက္သင့္တယ္လုိ႔ ေထာက္ျပေနပါတယ္။
”ကၽြန္ေတာ္တုိ႔က တကယ္ပဲ ထရိန္နင္ဗီဒီယိုေတြ၊

ဓာတ္ပုံေတြပဲ ထုိင္ၾကည့္ေနရေတာ့မွာလား”
”ဒါက ကၽြန္ေတာ္တုိ႔ လိုအပ္ေနတဲ့အရာမဟုတ္ပါဘူး။
ကၽြန္ေတာ္တုိ႔ လိုအပ္ေနတာက ရလဒ္ေကာင္းေတြပါ”
”ဒါက ထရိန္နင္ကြင္းမွာ သြင္းခဲ့တာပါ။ ေရာ္နယ္ဒိုကို
တကယ့္ပြဲေတြမွာ အဲဒီလိုသြင္းေပးပါလားလုိ႔ ေျပာေပးပါ။

အခုဟာက ဘာမွဟုတ္တာလည္း မဟုတ္ဘူး”လုိ႔
ယူနိုက္တက္ပရိသတ္ေတြက အသီးသီးမွတ္ခ်က္ေပးခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ေႏြရာသီက ဂ်ဴဗင္တပ္ကေန
ျပန္လည္ေရာက္လာၿပီးေနာက္ အသင္းရဲ႕ထိပ္တန္းဂိုးသြင္းဘုရင္အျဖစ္
ရပ္တည္ေနၿပီး ယခုရာသီမွာ ၿပိဳင္ပြဲစုံ ၁၈ဂိုးသြင္းယူထားပါတယ္။