ထရိန်နင်ပြန်ဆင်းနေပြီဖြစ်တဲ့ အာနိုးလ် ဝက်ဖို့ဒ်နဲ့ပွဲမှာတောင် ပြန်ပါလာနိုင်

လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်က ယနေ့အသင်းနဲ့အတူ

ထရိန်နင်အပြည့်ပြန်ဆင်းနိုင်ပြီဖြစ်တဲ့ ညာနောက်ခံလူ အာနိုးလ်
စနေနေ့မှာ ကစားရမယ့် ဝက်ဖို့ဒ်မှာ မပါနိုင်ဘူးလို့ အတည်မပြုခဲ့ရာ
မန်စီးတီးနဲ့ပွဲကိုတောင် လွဲချော်ရနိုင်တယ်လို့ သတင်းထွက်ခဲ့တဲ့
အာနိုးလ်အနေနဲ့ မနက်ဖြန်ပွဲမှာ အံ့အားသင့်ဖွယ် ပြန်လည်ပါဝင်လာနိုင်ပါတယ်။
လီဗာပူးဟာ စနေနေ့အစောပိုင်းပွဲအဖြစ် နည်းပြဟော့ဒ်ဆန်ရဲ့

ဝက်ဖို့ဒ်ကို ဧည့်ခံကစားရမှာဖြစ်ပြီး ရာသီကုန်ဖို့
၉ပွဲပဲ လိုတော့ချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးက
မန်စီးတီးကို ၁ မှတ်အကွာနဲ့ အနီးကပ်ဆုံးလိုက်ပါဖိအားပေးနေပါတယ်။
အာနိုးလ်ဟာ ပြီးခဲ့တဲ့လက အာဆင်နယ်ကို ဝ-၂ ဂိုးနဲ့
အနိုင်ရခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရခဲ့တာဖြစ်ပြီး

အဆိုပါဒဏ်ရာကြောင့် နော်တင်ဟမ်ဖောရက်စ်ကို
အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲကို လွဲချော်ခဲ့ရပါတယ်။
သူဟာ အင်္ဂလန်အသင်းရဲ့ခြေစမ်းပွဲတွေကိုပါ
လွဲချော်ခဲ့ပေမယ့် ဝက်ဖို့ဒ်နဲ့ပွဲမှာ ပြန်လည်ပါဝင်လာနိုင်ပါတယ်။
ယနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က

တကယ်လို့ ဝက်ဖို့ဒ်နဲ့ပွဲမှာ အာနိုးလ် မပါနိုင်ခဲ့ရင်လည်း
ဘင်ဖီကာ၊ မန်စီးတီးတို့နဲ့ ကစားရမယ့် အရေးကြီးပွဲတွေမှာ
ပြန်လည်ပါဝင်နိုင်လိမ့်မယ်လို့ ပြောပါတယ်။
”အာနိုးလ်ဟာ မနေ့က(ကြာသပတေးနေ့) ထရိန်နင်ပြန်ဆင်းခဲ့ပြီး
ဒီနေ့မှာလည်း ထရိန်နင် အပြည့်ဆင်းနိုင်ပါတယ်။

သူဟာ အင်္ဂလန်အသင်းမှာ ကစားချင်ခဲ့ပေမယ့် မပါနိုင်ခဲ့ပါဘူး။
ဓာတ်မှန်ရိုက်စစ်ဆေးမှုတွေအရ သူ ဘယ်မှမသွားနိုင်ဘူးလို့
အဖြေထွက်ပေမယ့် တစ်ခါတလေ ဒဏ်ရာတွေက အရမ်းမပြင်းပါဘူး။
မနက်ဖြန်ပွဲမှာ သူပြန်ပါနိုင်ဖို့က ဖြစ်နိုင်ခြေရှိပါတယ်။
အသင်းလိုက်ထရိန်နင်မှာ သူ ဘယ်လောက်လုပ်နိုင်လဲဆိုတဲ့အချက်အပေါ်

မူတည်ပြီး မနက်ဖြန်ပွဲအတွက် သူ့ကို စဉ်းစားသွားမှာပါ”လို့
ဂျာမနီနိုင်ငံသား ကလော့ပ်က ပြောပါတယ်။
လီဗာပူးဟာ ဧပြီလ ၁၀ ရက်နေ့မှာ မန်စီးတီးနဲ့အဝေးကွင်းပွဲကြီးပွဲကောင်း
ကစားရမှာဖြစ်ပြီး ကလော့ပ်က အသင်းရဲ့ပွဲတွေ
ရေးဆွဲထားမှုနဲ့ပတ်သက်လို့ ဘာကိုမှဂရုမစိုက်ကြောင်း ပြောပါတယ်။

”စီးတီးရဲ့ပွဲအများစုက ကျွန်တော်တို့အသင်း မကစားခင် ကစားရမှာပါ။
မနက်ဖြန်ပွဲကတော့ ကျွန်တော်တို့ အရင်ကစားရမှာပါ။
ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒါတွေကို ဂရုမစိုက်ပါဘူး”လို့
ကလော့ပ်က ဆက်ပြောပါတယ်။

Zawgyi

ထရိန္နင္ျပန္ဆင္းေနၿပီျဖစ္တဲ့ အာႏိုးလ္ ၀က္ဖုိ႔ဒ္နဲ႔ပြဲမွာေတာင္ ျပန္ပါလာႏိုင္
လီဗာပူးအသင္းနည္းျပ ယာဂင္ကေလာ့ပ္က ယေန႔အသင္းနဲ႔အတူ
ထရိန္နင္အျပည့္ျပန္ဆင္းႏိုင္ၿပီျဖစ္တဲ့ ညာေနာက္ခံလူ အာႏိုးလ္

စေနေန႔မွာ ကစားရမယ့္ ၀က္ဖို႔ဒ္မွာ မပါႏိုင္ဘူးလုိ႔ အတည္မျပဳခဲ့ရာ
မန္စီးတီးနဲ႔ပြဲကိုေတာင္ လြဲေခ်ာ္ရႏုိင္တယ္လုိ႔ သတင္းထြက္ခဲ့တဲ့
အာႏိုးလ္အေနနဲ႔ မနက္ျဖန္ပြဲမွာ အံ့အားသင့္ဖြယ္ ျပန္လည္ပါ၀င္လာႏိုင္ပါတယ္။
လီဗာပူးဟာ စေနေန႔အေစာပိုင္းပြဲအျဖစ္ နည္းျပေဟာ့ဒ္ဆန္ရဲ႕
၀က္ဖို႔ဒ္ကို ဧည့္ခံကစားရမွာျဖစ္ၿပီး ရာသီကုန္ဖုိ႔

၉ပြဲပဲ လုိေတာ့ခ်ိန္မွာ အမွတ္ေပးဇယားထိပ္ဆုံးက
မန္စီးတီးကို ၁ မွတ္အကြာနဲ႔ အနီးကပ္ဆုံးလုိက္ပါဖိအားေပးေနပါတယ္။
အာႏိုးလ္ဟာ ၿပီးခဲ့တဲ့လက အာဆင္နယ္ကို ၀-၂ ဂိုးနဲ႔
အႏိုင္ရခဲ့တဲ့ပြဲမွာ တံေကာက္ေၾကာဒဏ္ရာရခဲ့တာျဖစ္ၿပီး
အဆုိပါဒဏ္ရာေၾကာင့္ ေနာ္တင္ဟမ္ေဖာရက္စ္ကို

အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလား ကြာတားဖုိင္နယ္ပြဲကို လြဲေခ်ာ္ခဲ့ရပါတယ္။
သူဟာ အဂၤလန္အသင္းရဲ႕ေျခစမ္းပြဲေတြကိုပါ
လြဲေခ်ာ္ခဲ့ေပမယ့္ ၀က္ဖုိ႔ဒ္နဲ႔ပြဲမွာ ျပန္လည္ပါ၀င္လာႏိုင္ပါတယ္။
ယေန႔ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ကေလာ့ပ္က
တကယ္လုိ႔ ၀က္ဖုိ႔ဒ္နဲ႔ပြဲမွာ အာႏိုးလ္ မပါႏုိင္ခဲ့ရင္လည္း

ဘင္ဖီကာ၊ မန္စီးတီးတို႔နဲ႔ ကစားရမယ့္ အေရးႀကီးပြဲေတြမွာ
ျပန္လည္ပါ၀င္ႏိုင္လိမ့္မယ္လုိ႔ ေျပာပါတယ္။
”အာႏိုးလ္ဟာ မေန႔က(ၾကာသပေတးေန႔) ထရိန္နင္ျပန္ဆင္းခဲ့ၿပီး
ဒီေန႔မွာလည္း ထရိန္နင္ အျပည့္ဆင္းႏုိင္ပါတယ္။
သူဟာ အဂၤလန္အသင္းမွာ ကစားခ်င္ခဲ့ေပမယ့္ မပါႏိုင္ခဲ့ပါဘူး။

ဓာတ္မွန္ရိုက္စစ္ေဆးမႈေတြအရ သူ ဘယ္မွမသြားႏိုင္ဘူးလုိ႔
အေျဖထြက္ေပမယ့္ တစ္ခါတေလ ဒဏ္ရာေတြက အရမ္းမျပင္းပါဘူး။
မနက္ျဖန္ပြဲမွာ သူျပန္ပါႏိုင္ဖို႔က ျဖစ္ႏိုင္ေျခရွိပါတယ္။
အသင္းလုိက္ထရိန္နင္မွာ သူ ဘယ္ေလာက္လုပ္ႏိုင္လဲဆုိတဲ့အခ်က္အေပၚ
မူတည္ၿပီး မနက္ျဖန္ပြဲအတြက္ သူ႕ကို စဥ္းစားသြားမွာပါ”လုိ႔

ဂ်ာမနီႏုိင္ငံသား ကေလာ့ပ္က ေျပာပါတယ္။
လီဗာပူးဟာ ဧၿပီလ ၁၀ ရက္ေန႔မွာ မန္စီးတီးနဲ႔အေ၀းကြင္းပြဲႀကီးပြဲေကာင္း
ကစားရမွာျဖစ္ၿပီး ကေလာ့ပ္က အသင္းရဲ႕ပြဲေတြ
ေရးဆြဲထားမႈနဲ႔ပတ္သက္လုိ႔ ဘာကိုမွဂရုမစိုက္ေၾကာင္း ေျပာပါတယ္။
”စီးတီးရဲ႕ပြဲအမ်ားစုက ကၽြန္ေတာ္တုိ႔အသင္း မကစားခင္ ကစားရမွာပါ။

မနက္ျဖန္ပြဲကေတာ့ ကၽြန္ေတာ္တုိ႔ အရင္ကစားရမွာပါ။
ဒါေပမဲ့ ကၽြန္ေတာ္ကေတာ့ အဲဒါေတြကို ဂရုမစိုက္ပါဘူး”လုိ႔
ကေလာ့ပ္က ဆက္ေျပာပါတယ္။