ထရိန်နင်စင်တာမှာ စပရေးနဲ့ဖျန်းပြီး မက်ဆီ ထွက်ခွာဖို့ ပီအက်စ်ဂျီပရိသတ်တွေ တောင်းဆို

ချန်ပီယံလိဂ်ကနေ စောစောစီးစီးထွက်ခဲ့ရလို့

အခုချိန်အထိ ထိန်းမနိုင်သိမ်းမရဖြစ်နေဆဲဖြစ်တဲ့
ပီအက်စ်ဂျီအသင်းပရိသတ်တွေဟာ အသင်းရဲ့ထရိန်နင်စင်တာမှာလည်း
စပရေးတွေနဲ့ စာရေးသားကာ သူတို့ရဲ့စိတ်ပျက်နေမှုကိုဆက်လက်ပြသခဲ့ပါတယ်။
ပီအက်စ်ဂျီပရိသတ်တွေဟာ ပြီးခဲ့တဲ့အပတ် ကြားရက်အတွင်း
ရီးရဲလ်ကို အရေးနိမ့်ကာ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကနေ

ထွက်ခဲ့ရပြီးချိန်ကတည်းက ကြယ်ပွင့်တိုက်စစ်မှူး
မက်ဆီအပါအင် အသင်းသားတချို့ကို
ပစ်မှတ်ထားတိုက်ခိုက်နေပြီး ဘော်ဒိုးကို
၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဆီလည်း ဘောလုံးထိလိုက်တိုင်း
ကိုယ့်ပရိသတ်တွေရဲ့လှောင်ပြောင်အော်ဟစ်ခြင်း

ခံခဲ့ရသလို နေမာလည်း ဂိုးသွင်းနိုင်ခဲ့တာတောင်
လှောင်ပြောင်အော်ဟစ်ခြင်း ခံခဲ့ရပါတယ်။


ဒါ့အပြင် ပရိသတ်တွေဟာ အသင်းဥက္ကဋ္ဌ

အယ်လ်ခီလိုင်ဖီနဲ့ အားကစားဒါရိုက်တာ
လီယိုနာဒိုတို့ကိုလည်း ရာထူးကနေ
နုတ်ထွက်ဖို့ ဖိအားပေးတောင်းဆိုနေပြီး
အခုလည်း မက်ဆီနဲ့ အယ်လ်ခီလိုင်ဖီတို့
ထွက်သွားဖို့ တောင်းဆိုတဲ့စာအပါအဝင်

အသင်းရဲ့ထရိန်နင်စင်တာမှာ စပရေးဖြန်းကာ
သူတို့ရဲ့ဒေါသကို ပြသခဲ့ကြပါတယ်။
”အယ်လ်ခီလိုင်ဖီနဲ့ လီယိုတို့ ထွက်သွား”လို့
ရေးသားထားတဲ့စာလည်း ပါဝင်ခဲ့ပါတယ်။
ထရိန်နင်စင်တာတစ်ဝိုက်ရှိ မီတာ ၄၀အထိ

ရှည်လျားတဲ့ အဲဒီစာတွေထဲမှာ မက်ဆီကို
ပစ်မှတ်ထားတိုက်ခိုက်တာတွေက အများစုပါဝင်ခဲ့ပြီး
မက်ဆီနဲ့ အယ်လ်ခီလိုင်ဖီတို့ကို ဆဲဆိုထားတာတွေလည်း ပါဝင်ပါတယ်။

အဲဒီ စပရေးနဲ့ စာရေးထားတာတွေကို တနင်္ဂနွေနေ့ညက
တွေ့မြင်ခဲ့ရတာဖြစ်ပြီး ယနေ့မနက်မှာတော့
အသင်းဘက်က ရှင်းလင်းဖယ်ရှားလိုက်ပါတယ်။
ဘော်ဒိုးကိုအနိုင်ရခဲ့တဲ့ပွဲမှာ ပရိသတ်တွေရဲ့
အော်ဟစ်လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရတာ

မက်ဆီနဲ့ နေမာတို့နှစ်ယောက်တည်းမဟုတ်ဘဲ
ရီးရဲလ်နဲ့ပွဲမှာ ပါဝင်ခွင့်မရခဲ့တဲ့ ကွင်းလယ်လူ
ဝစ်ချ်နယ်ဒမ်းလည်း ပါဝင်ခဲ့ပါတယ်။