ဘာစီလိုနာအသင်းနဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတို့ရဲ့
စပိန်လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် ပွဲဦးထွက်အဖြစ်
ပါဝင်ကစားခွင့် ရရှိခဲ့ပြီး အကောင်းဆုံး ခြေစွမ်းတွေကိုပါ
ပြသသွားနိုင်ခဲ့တဲ့ တောင်ပံကစားသမား အဒမ်မာထရာအိုရေးကို
ဘာစီလိုနာနည်းပြ ဇာဗီက သူ့အတွက် ပြီးပြည့်စုံတဲ့
တောင်ပံကစားသမားတစ်ဦးလို့ ချီးကျူး အမွှမ်းတင် ပြောဆိုသွားခဲ့ပါတယ်။
ဇာဗီ က ” အဒါမာ အတွက် တကယ့်ကို ကောင်းမွန်တဲ့ ပွဲဦးထွက်ပါပဲ ။
သူက တောင်ပံ ကစားသမား စစ်စစ်ပါ။
ကျွန်တော်တို့ အတွက် တကယ့်ကို ကောင်းမွန်တဲ့ ခေါ်ယူမှု တစ်ခုပါပဲ ။ ”
” သူက ဘယ်အချိန်မှာ ကစားသမားကို ဘယ်လို ကျော်ဖြတ် ရမလဲ ၊
ဘယ်အချိန်မှာ လူပေးရမလဲ ကောင်းကောင်း သိသူပါ ၊
ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အနေအထား ကလည်း
တကယ့်ကို ပြိုင်ဘက်ကင်း ပါပဲဗျာ ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။
ဝုဗ်အသင်းအတွက် ပရီးမီးယားလိဂ်နောက်ဆုံးပွဲ ၂၀ မှာ
ဂိုးဖန်တီးမှုတစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့တဲ့
ထရာအိုရေးဟာ ဘာစီလိုနာကို အရောက်မှာတော့
ပထမဆုံးကစားတဲ့ ၂၁ မိနစ်မှာတင် ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါပြီ။
ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်း ထရာအိုရေးကို
ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး
အငှားစာချုပ် ပြည့်မြောက်ချိန်မှာလည်း
အပြီးသတ် ခေါ်ယူနိုင်ခွင့်ကို ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။
အခုလို အသင်းနဲ့ ပွဲဦးထွက်မှာ စွမ်းဆောင်ရည်ကောင်းတွေ
ပြသနိုင်ခဲ့တဲ့ ထရာအိုရေးကို ဘာစီလိုနာအသင်းက
သေချာပေါက် အပြီးသတ် ခေါ်ယူဖွယ် ရှိနိုင်တယ်လို့ သိရှိရပါတယ်။
zawgyi
ထရာအိုရေးကို ပြီးပြည့်စုံတဲ့ တောင်ပံကစားသမားတစ်ဦးလို့ ချီးကျူး အမွှမ်းတင် ပြောဆိုသွားခဲ့တဲ့ ဇာဗီ