ထရစ်ပီယာ ခြေသန်းကျိုးဒဏ်ရာရရှိသွားခဲ့တာ နယူးကာဆယ်အတွက် သတင်းဆိုးတစ်ခုပါပဲ

ကီရန်ထရစ်ပီယာဟာခြေချောင်းရိုးကျိုးဒဏ်ရာကြောင့်

ခြောက်ပတ်ကြာအနားယူရတော့မှာဖြစ်ကြောင်းသိရပါတယ်။

အဆိုပါသတင်းဟာတန်းမဆင်းရရေးတိုက်ပွဲဝင်နေတဲ့

နယူးကာဆယ်အတွက်သတင်းဆိုးဖြစ်နေပါတယ်။

အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟာတနင်္ဂနွေနေ့တုန်းက

အက်စတွန်ဗီလာကို၁-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ

ခြေသန်းကျိုးဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

ယင်းပွဲတွင်နယူးကာဆယ်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကို

ဖရီးကစ်မှသွင်းယူခဲ့တဲ့ထရစ်ပီယာဟာခြောက်ပတ်ကြာအနားယူရပါမယ်။

သူဟာပွဲအပြီးတွင်ဆေးရုံသို့သွားရောက်ကာ X-Ray ရိုက်ခဲ့ရာ

ခြေသန်းကျိုးနေကြောင်းသိခဲ့ရတာလည်းဖြစ်ပါတယ်။

ထရစ်ပီယာဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်

အက်သလက်တီကိုမှပြောင်းလာပြီးနောက် နယူးကာဆယ်အသင်း

တန်းမဆင်းရရေး အဓိကနေရာမှကူညီနေသူလည်းဖြစ်ပါတယ်။

သူဟာနောက်ဆုံးနှစ်ပွဲတွင်နယူးကာဆယ်အတွက်

အနိုင်ဂိုးများကိုသွင်းယူခဲ့သူဖြစ်ပြီး ဗီလာနှင့်ပွဲတွင်

အသင်းခေါင်းဆောင်အဖြစ်ပါတာဝန်ယူခဲ့ပါတယ်။

နယူးကာဆယ်ဟာနောက်ဆုံးကစားတဲ့၄ပွဲရှုံးပွဲမရှိမှတ်တမ်းရရှိထားပြီး

ပေးဂိုး၂ဂိုးတည်းသာရှိကာ ရမှတ်၁၀မှတ်အထိရရှိထားမှုနဲ့အတူ

တန်းဆင်းဇုန်မှရုန်းကန်ထွက်နိုင်ခဲ့ပါတယ်။

zawgyi



















နယူးကာဆယ်ဟာနောက်ဆုံးကစားတဲ့၎ပွဲရှုံးပွဲမရှိမှတ်တမ်းရရှိထားပြီး

