ထရစ်ပီယာကို မခေါ်နိုင်ခဲ့တာဟာ ယူနိုက်တက်ရဲ့ အမှားတစ်ခုပါ

အက်စတွန် ဗီလာ နဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်း ဂါဘရီရယ် အဘွန်လဟော် က

ယူနိုက်တက် အနေနဲ့ ကီရန် ထရစ်ပီယာ ကို အရ မခေါ်ယူဘဲ

နယူးကာဆယ် အသင်းထံ ပြောင်းရွှေ့ခွင့် ပြုလိုက်တာဟာ

ကြီးမားတဲ့ အလွဲတစ်ခု ဖြစ်ပြီး ထရစ်ပီယာ ဟာ ရော်နယ်ဒို ကို

အကောင်းဆုံး ပံ့ပိုး ပေးနိုင်မယ့် ကစားသမား ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ်။

“ခင်ဗျားတို့ သတိထားမိ သလားတော့ မသိဘူးဗျ။ ယူနိုက်တက် ပွဲတွေ

ကျွန်တော် ကြည့်လိုက်တိုင်းမှာ ရော်နယ်ဒို က ညာခြမ်း နဲ့ ပတ်သက်ပြီး

အတော်လေး စိတ်ပျက် နေတတ်တာ ကို သတိ ထားမိခဲ့ တယ် ။

ဝမ် ဘစ်ဆာကာ ရဲ့ ခံစစ် ကစားပုံကို ကျွန်တော် ကြိုက်ပါတယ် ။

ဒါပေမယ့် သူက ဖြတ်တင်ဘော မလုပ်တတ် ဘူးလေ”

“ဝုဗ် နဲ့ ပွဲမှာ တုန်းက ဆိုရင် ရော်နယ်ဒို ကြိုးစားပမ်းစား လိုက်ဆယ် ထားတဲ့

ဘောလုံး ကို ဝမ်ဘစ်ဆာကာ ဖြတ်တင်ဖို့ လုပ်ရင်း သူ့ဘယ်ခြေ ထိပ်နဲ့

ပြန်ထိုးမိပြီး ဘေးချော် ထွက်သွား ရတယ် မလား ။

ယူနိုက်တက် လို အသင်းမျိုး အတွက် ဆိုရင်တော့ ဝမ်ဘစ်ဆာကာ က

လုံလောက်မှု မရှိသေးဘူး လို့ ပဲ ပြောရမှာပါ ။

ကျွန်တော် နားမလည် နိုင်တာက ယူနိုက်တက် ဘာလို့ ထရစ်ပီယာ ကို

နယူးကာဆယ် ဆီ အရောက် ခံခဲ့သလဲ ဆိုတာ ပါပဲ”

“သူက ယူနိုက်တက် ညာနောက်ခံလူ နေရာ အတွက် အကောင်းဆုံး ဖြစ်လာ နိုင်ပါတယ် ။

ပေါင် ၁၂ သန်း လောက်က ယူနိုက်တက် အတွက် ဘာမှ မဖြစ်ပါဘူး ၊

နယူးကာဆယ် က ပေးတဲ့ လုပ်ခ လည်း ယူနိုက်တက် ပေးနိုင်ပါတယ်”

“ထရစ်ပီယာ သာ ညာခြမ်းမှာ ဆိုရင် ရော်နယ်ဒို နဲ့ ကာဗာနီ တို့ဆီက

ရလာ နိုင်မယ့် ဂိုးတွေကို စိတ်ကူးယဉ် ကြည့်လိုက်စမ်းပါ ။

ဝမ် ဘစ်ဆာကာ က ခေတ်သစ် နောက်ခံ အစွန်လူ

တစ်ယောက်ပုံစံမျိုး မဟုတ်ပါဘူး ။

အထူးသဖြင့် ထိပ်တန်း အသင်းကြီးတွေ အတွက် မသင့်တော်တဲ့ သူပါ ။

ကျွန်တော့ အမြင် ပြောရရင်တော့ ထရစ်ပီယာ ကို မခေါ်နိုင်ခဲ့ တာဟာ

ယူနိုက်တက် ရဲ့ အမှားတစ်ခုပါပဲ” လို့ အဘွန်လဟော် က ပြောဆို သွားခဲ့ ပါတယ် ။

zawgyi

ထရစ္ပီယာကို မေခၚႏိုင္ခဲ့တာဟာ ယူႏိုက္တက္ ရဲ႕ အမွားတစ္ခုပါ

အက္စတြန္ ဗီလာ နဲ႔ အဂၤလန္ တိုက္စစ္မႉးေဟာင္း ဂါဘရီရယ္ အဘြန္လေဟာ္ က

ယူႏိုက္တက္ အေနနဲ႔ ကီရန္ ထရစ္ပီယာ ကို အရ မေခၚယူဘဲ

နယူးကာဆယ္ အသင္းထံ ေျပာင္းေ႐ႊ႕ခြင့္ ျပဳလိုက္တာဟာ

ႀကီးမားတဲ့ အလြဲတစ္ခု ျဖစ္ၿပီး ထရစ္ပီယာ ဟာ ေရာ္နယ္ဒို ကို

အေကာင္းဆုံး ပံ့ပိုး ေပးႏိုင္မယ့္ ကစားသမား ျဖစ္တယ္လို႔ ေျပာဆို သြားခဲ့ ပါတယ္။

“ခင္ဗ်ားတို႔ သတိထားမိ သလားေတာ့ မသိဘူးဗ်။ ယူႏိုက္တက္ ပြဲေတြ

ကြၽန္ေတာ္ ၾကည့္လိုက္တိုင္းမွာ ေရာ္နယ္ဒို က ညာျခမ္း နဲ႔ ပတ္သက္ၿပီး

အေတာ္ေလး စိတ္ပ်က္ ေနတတ္တာ ကို သတိ ထားမိခဲ့ တယ္ ။

ဝမ္ ဘစ္ဆာကာ ရဲ႕ ခံစစ္ ကစားပုံကို ကြၽန္ေတာ္ ႀကိဳက္ပါတယ္ ။

ဒါေပမယ့္ သူက ျဖတ္တင္ေဘာ မလုပ္တတ္ ဘူးေလ”

“ဝုဗ္ နဲ႔ ပြဲမွာ တုန္းက ဆိုရင္ ေရာ္နယ္ဒို ႀကိဳးစားပမ္းစား လိုက္ဆယ္ ထားတဲ့

ေဘာလုံး ကို ဝမ္ဘစ္ဆာကာ ျဖတ္တင္ဖို႔ လုပ္ရင္း သူ႔ဘယ္ေျခ ထိပ္နဲ႔

ျပန္ထိုးမိၿပီး ေဘးေခ်ာ္ ထြက္သြား ရတယ္ မလား ။

ယူႏိုက္တက္ လို အသင္းမ်ိဳး အတြက္ ဆိုရင္ေတာ့ ဝမ္ဘစ္ဆာကာ က

လုံေလာက္မႈ မရွိေသးဘူး လို႔ ပဲ ေျပာရမွာပါ ။

ကြၽန္ေတာ္ နားမလည္ ႏိုင္တာက ယူႏိုက္တက္ ဘာလို႔ ထရစ္ပီယာ ကို

နယူးကာဆယ္ ဆီ အေရာက္ ခံခဲ့သလဲ ဆိုတာ ပါပဲ”

“သူက ယူႏိုက္တက္ ညာေနာက္ခံလူ ေနရာ အတြက္ အေကာင္းဆုံး ျဖစ္လာ ႏိုင္ပါတယ္ ။

ေပါင္ ၁၂ သန္း ေလာက္က ယူႏိုက္တက္ အတြက္ ဘာမွ မျဖစ္ပါဘူး ၊

နယူးကာဆယ္ က ေပးတဲ့ လုပ္ခ လည္း ယူႏိုက္တက္ ေပးႏိုင္ပါတယ္”

“ထရစ္ပီယာ သာ ညာျခမ္းမွာ ဆိုရင္ ေရာ္နယ္ဒို နဲ႔ ကာဗာနီ တို႔ဆီက

ရလာ ႏိုင္မယ့္ ဂိုးေတြကို စိတ္ကူးယဥ္ ၾကည့္လိုက္စမ္းပါ ။

ဝမ္ ဘစ္ဆာကာ က ေခတ္သစ္ ေနာက္ခံ အစြန္လူ

တစ္ေယာက္ပုံစံမ်ိဳး မဟုတ္ပါဘူး ။

အထူးသျဖင့္ ထိပ္တန္း အသင္းႀကီးေတြ အတြက္ မသင့္ေတာ္တဲ့ သူပါ ။

ကြၽန္ေတာ့ အျမင္ ေျပာရရင္ေတာ့ ထရစ္ပီယာ ကို မေခၚႏိုင္ခဲ့ တာဟာ

ယူႏိုက္တက္ ရဲ႕ အမွားတစ္ခုပါပဲ” လို႔ အဘြန္လေဟာ္ က ေျပာဆို သြားခဲ့ ပါတယ္ ။