
ယူနိုက်တက် နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်မှာ ပွဲထွက် ကစားသမားတွေနဲ့
နည်းဗျူဟာပိုင်းကို အကြံပေးမှုတွေအများဆုံးလုပ်ခဲ့တဲ့ မက်ကန်နာကို အက်ဝစ်
တောင်း အသင်းက နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း တရားဝင်ထုတ်ပြန်
ကြေငြာခဲ့ပါတယ်။ အက်ဝစ်တောင်း အသင်းဟာ လက်ရှိမှာ လိဂ်ဝမ်း မှာ ကစား
နေတဲ့အသင်းဖြစ်ပြီး (၂၂)ပွဲကစားပြီးချိန်မှာ ရမှတ် (၂၈)မှတ် နဲ့ အဆင့် (၁၂)မှာ
ရပ်တည်နေတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။
မက်ကန်နာကို နည်းပြအဖွဲ့ဝင်အနေနဲ့ ရန်းနစ်ကဆက်ရှိနေစေချင်ပေမယ့် သူက
တော့ ယူနိုက်တက်အသင်းကနေထွက်ခွာပြီး အတွေ့အကြုံအသစ်တွေ ရယူလို
နေတာကြောင့်သာ ဖြစ်တယ်လို့သိရပါတယ်။ မက်ကန်နာ နဲ့အတူ အခြားလေ့
ကျင့်ရေးနည်းပြတစ်ဦးဖြစ်တဲ့ မာတင်ပတ် ကလည်း အက်ဝစ်တောင်းကို
လိုက်ပါသွားလိုတဲ့ ဆန္ဒရှိနေပြီး ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေလုပ်နေပါတယ်။
မက်ကန်နာ ဟာ ပွဲအတွင်းမှာဆိုရင် ဆိုးလ်ရှားနဲ့အဓိကစကားပြော ဆွေးနွေးနေ
တာမြင်ရသလို ဆိုးလ်ရှားယူနိုက်တက်အသင်းမှာ မအောင်မြင်မှုတွေရဲ့ နောက်
ကွယ်ကတာဝန်ရှိသူတစ်ယောက်လို့လည်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို
ခံနေရသူတစ်ဦးလည်းဖြစ်ပါတယ်။ ဆိုးလ်ရှားလက်ထက်မှာ နည်းစနစ်ပိုင်းကို
အဓိက အကြံပေးတာ မက်ကန်နာနဲ့ ကားရစ် နှစ်ဦးလို့ဆိုပေမယ့် အနေအေးတဲ့
ကားရစ်ထက် မက်ကန်နာရဲ့ လွှမ်းမိုးမှုက ဆိုးလ်ရှားအပေါ်ပိုရှိနေပါလိမ့်မယ်။
ဆိုးလ်ရှားထွက်ပြီးနောက် ကားရစ်က ယာယီနည်းပြအနေနဲ့ (၃)ပွဲကိုင်တွယ်ခဲ့
ရာမှာ ဆိုးရှားနဲ့လုံးဝကွဲလွဲတဲ့ နည်းစနစ်ကိုမြင်ခဲ့ရတာကြောင့်လည်း ဆိုးလ်ရှား
လက်ခံခဲ့တဲ့ ကစားသမားတွေနဲက ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ နည်းစနစ်
တွေဟာ မက်ကန်နာရဲ့ အကြံပြုမှုတွေလို့ပဲ သုံးသပ်ရတော့မှာပါ။ မက်ကန်နာကော
ကားရစ်ပါ အသင်းကနေအသီးသီးထွက်ခွာသွားခဲ့ကြတာကြောင့် ယူနိုက်တက်မှာ
ဆိုးလ်ရှား လက်ထက်ကခန့်အပ်ခဲ့တဲ့နည်းပြအဖွဲ့ဝင်တွေထဲမှာ နောက်ထပ်
အဓိကကျတဲ့သူဆိုလို့ မိုက်ဖီလန်နဲ့ ဖလက်ချာတို့နှစ်ဦးသာကျန်ပါတော့တယ်။
ရန်နစ်ဟာ နည်းစနစ်ဒါရိုက်တာ တာဝန်ယူထားတဲ့ ဖလက်ချာနဲ့ပတ်သက်လို့
အထွေအထူးပြောဆိုထားတာမရှိပေမယ့် ကစားသမားတွေကို လေ့ကျင့်ပေးရတဲ့
အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပေမယ့် ဆိုးရှားလက်ထက်ကတည်းက အသင်းရဲ့
လေ့ကျင့်ရေးအစီအစဉ်တွေကို လာရောက်လေ့မရှိဘူးဆိုပြီး မိုက်ဖီလန် နဲ့ ပတ်သက်
လို့တော့ သဘောမကျတဲ့မှတ်ချက်ပေးထားပါတယ်။
မိုက်ဖီလန်ဟာ ဆာအဲလက်စ်လက်ထက်ထဲက နည်းပြအဖွဲ့ဝင်တစ်ဦးဖြစ်သလို
ယူနိုက်တက်အသင်းနဲ့ပတ်သက်လို့လည်း အတွေ့အကြုံနည်းလှတာမဟုတ်ပါဘူး။
ဒါပေမယ့် သိပ်မကြာခင်မှာ မိုက်ဖီလန်လည်း ယူနိုက်တက် နည်းပြ အဖွဲ့ထဲကနေ
နှုတ်ထွက်သွားလိမ့်မယ်လို့ ပရိသတ်တွေက သုံးသပ်ထားနေကြပါတယ်။
အသင်းတွင်း ကစားသမားတွေအကြားမှာ စည်းလုံးမှုရှိဖို့လိုအပ်သလို နည်းပြတွေရဲ့
စည်းလုံးမှုကလဲ အသင်းအပေါ် အကျိုးသက်ရောက်မှု အများကြီး ရှိစေတာကြောင့်
ရန်နစ်အနေနဲ့ နည်းပြအဖွဲ့အတွင်းစည်းကိုပါ ပြင်ဆင်ထားဖို့လိုအပ်နေပါပြီ။
Zawgyi
ထပ္မံထြက္ခြာသြားတဲ့ ဆိုးလ္ရွားလက္ထက္က နည္းျပအဖြဲ႕၀င္တစ္ဦး
ယူႏိုက္တက္ နည္းျပေဟာင္း ဆိုးလ္ရွားလက္ထက္မွာ ပြဲထြက္ ကစားသမားေတြနဲ႔
နည္းဗ်ဴဟာပိုင္းကို အႀကံေပးမႈေတြအမ်ားဆုံးလုပ္ခဲ့တဲ့ မက္ကန္နာကို အက္ဝစ္
ေတာင္း အသင္းက နည္းျပသစ္အျဖစ္ ခန႔္အပ္လိုက္ေၾကာင္း တရားဝင္ထုတ္ျပန္
ေၾကျငာခဲ့ပါတယ္။ အက္ဝစ္ေတာင္း အသင္းဟာ လက္ရွိမွာ လိဂ္ဝမ္း မွာ ကစား
ေနတဲ့အသင္းျဖစ္ၿပီး (၂၂)ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ (၂၈)မွတ္ နဲ႔ အဆင့္ (၁၂)မွာ
ရပ္တည္ေနတဲ့အသင္းတစ္သင္းျဖစ္ပါတယ္။
မက္ကန္နာကို နည္းျပအဖြဲ႕ဝင္အေနနဲ႔ ရန္းနစ္ကဆက္ရွိေနေစခ်င္ေပမယ့္ သူက
ေတာ့ ယူႏိုက္တက္အသင္းကေနထြက္ခြာၿပီး အေတြ႕အႀကဳံအသစ္ေတြ ရယူလို
ေနတာေၾကာင့္သာ ျဖစ္တယ္လို႔သိရပါတယ္။ မက္ကန္နာ နဲ႔အတူ အျခားေလ့
က်င့္ေရးနည္းျပတစ္ဦးျဖစ္တဲ့ မာတင္ပတ္ ကလည္း အက္ဝစ္ေတာင္းကို
လိုက္ပါသြားလိုတဲ့ ဆႏၵရွိေနၿပီး ယူႏိုက္တက္အသင္းနဲ႔ ေဆြးေႏြးမႈေတြလုပ္ေနပါတယ္။
မက္ကန္နာ ဟာ ပြဲအတြင္းမွာဆိုရင္ ဆိုးလ္ရွားနဲ႔အဓိကစကားေျပာ ေဆြးေႏြးေန
တာျမင္ရသလို ဆိုးလ္ရွားယူႏိုက္တက္အသင္းမွာ မေအာင္ျမင္မႈေတြရဲ႕ ေနာက္
ကြယ္ကတာဝန္ရွိသူတစ္ေယာက္လို႔လည္း ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြကို
ခံေနရသူတစ္ဦးလည္းျဖစ္ပါတယ္။ ဆိုးလ္ရွားလက္ထက္မွာ နည္းစနစ္ပိုင္းကို
အဓိက အႀကံေပးတာ မက္ကန္နာနဲ႔ ကားရစ္ ႏွစ္ဦးလို႔ဆိုေပမယ့္ အေနေအးတဲ့
ကားရစ္ထက္ မက္ကန္နာရဲ႕ လႊမ္းမိုးမႈက ဆိုးလ္ရွားအေပၚပိုရွိေနပါလိမ့္မယ္။
ဆိုးလ္ရွားထြက္ၿပီးေနာက္ ကားရစ္က ယာယီနည္းျပအေနနဲ႔ (၃)ပြဲကိုင္တြယ္ခဲ့
ရာမွာ ဆိုးရွားနဲ႔လုံးဝကြဲလြဲတဲ့ နည္းစနစ္ကိုျမင္ခဲ့ရတာေၾကာင့္လည္း ဆိုးလ္ရွား
လက္ခံခဲ့တဲ့ ကစားသမားေတြနဲက ပတ္သက္တဲ့အေၾကာင္းအရာေတြနဲ႔ နည္းစနစ္
ေတြဟာ မက္ကန္နာရဲ႕ အႀကံျပဳမႈေတြလို႔ပဲ သုံးသပ္ရေတာ့မွာပါ။ မက္ကန္နာေကာ
ကားရစ္ပါ အသင္းကေနအသီးသီးထြက္ခြာသြားခဲ့ၾကတာေၾကာင့္ ယူႏိုက္တက္မွာ
ဆိုးလ္ရွား လက္ထက္ကခန႔္အပ္ခဲ့တဲ့နည္းျပအဖြဲ႕ဝင္ေတြထဲမွာ ေနာက္ထပ္
အဓိကက်တဲ့သူဆိုလို႔ မိုက္ဖီလန္နဲ႔ ဖလက္ခ်ာတို႔ႏွစ္ဦးသာက်န္ပါေတာ့တယ္။
ရန္နစ္ဟာ နည္းစနစ္ဒါ႐ိုက္တာ တာဝန္ယူထားတဲ့ ဖလက္ခ်ာနဲ႔ပတ္သက္လို႔
အေထြအထူးေျပာဆိုထားတာမရွိေပမယ့္ ကစားသမားေတြကို ေလ့က်င့္ေပးရတဲ့
အဖြဲ႕ရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္ေနေပမယ့္ ဆိုးရွားလက္ထက္ကတည္းက အသင္းရဲ႕
ေလ့က်င့္ေရးအစီအစဥ္ေတြကို လာေရာက္ေလ့မရွိဘူးဆိုၿပီး မိုက္ဖီလန္ နဲ႔ ပတ္သက္
လို႔ေတာ့ သေဘာမက်တဲ့မွတ္ခ်က္ေပးထားပါတယ္။
မိုက္ဖီလန္ဟာ ဆာအဲလက္စ္လက္ထက္ထဲက နည္းျပအဖြဲ႕ဝင္တစ္ဦးျဖစ္သလို
ယူႏိုက္တက္အသင္းနဲ႔ပတ္သက္လို႔လည္း အေတြ႕အႀကဳံနည္းလွတာမဟုတ္ပါဘူး။
ဒါေပမယ့္ သိပ္မၾကာခင္မွာ မိုက္ဖီလန္လည္း ယူႏိုက္တက္ နည္းျပ အဖြဲ႕ထဲကေန
ႏႈတ္ထြက္သြားလိမ့္မယ္လို႔ ပရိသတ္ေတြက သုံးသပ္ထားေနၾကပါတယ္။
အသင္းတြင္း ကစားသမားေတြအၾကားမွာ စည္းလုံးမႈရွိဖို႔လိုအပ္သလို နည္းျပေတြရဲ႕
စည္းလုံးမႈကလဲ အသင္းအေပၚ အက်ိဳးသက္ေရာက္မႈ အမ်ားႀကီး ရွိေစတာေၾကာင့္
ရန္နစ္အေနနဲ႔ နည္းျပအဖြဲ႕အတြင္းစည္းကိုပါ ျပင္ဆင္ထားဖို႔လိုအပ္ေနပါၿပီ။