ထပ်နားဦးမယ့် ရာမို့စ် (ဘေးလ်ဆီကများ ကူးလာသလား)

ပီအက်စ်ဂျီအသင်းနောက်ခံလူ ဆာဂျီယိုရာမို့စ်ဟာ ဒဏ်ရာထပ်မံရရှိသွားတာ

ကြောင့် ဒီကနေ့ လန်းစ်နဲ့ကစားရမယ့်ပွဲမှာပါဝင်နိုင်တော့မှာမဟုတ်ဘူးလို့

သိရပါတယ်။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ရာမို့စ်ဟာပြီးခဲ့တဲ့တစ်ပတ်ကမှာ

ပီအက်စ်ဂျီအတွက်ပွဲထွက်ကစားပေးပြီးနောက် ဒဏ်ရာထပ်ရသွားတာ

ဖြစ်ပါတယ်။ သူဟာပြီးခဲ့တဲ့နွေရာသီကမှ ၁၆ နှစ်ကြာနေခဲ့တဲ့ ရီးရဲလ်
မက်ဒရစ်ကနေပြောင်းလာတဲ့သူဖြစ်ပေမယ့် ခြေသလုံးကြွက်သားဒဏ်ရာကြောင့်

တောက်လျှောက်အနားယူခဲ့ရသူဖြစ်ပါတယ်။


ဒဏ်ရာပျောက်ကင်းသွားလို့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကမှ စိန့်အက်တီယန်ကို ၃-၁ နဲ့

နိုင်ခဲ့တဲ့အဝေးကွင်းပွဲမှာ ပီအက်စ်ဂျီအတွက်ပထမဆုံးပွဲထွက်ပြီး မိနစ် ၉၀

ပြည့်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့က နိုက်စ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ

မပါနိုင်ခဲ့တဲ့အပြင်အခုလည်း လန်းစ်နဲ့ပွဲကိုထပ်လွဲဦးမှာပါ။

ကလပ်ဘက်ကထုတ်ပြန်ခဲ့ရာမှာတော့ ရာမို့စ်ဟာ ကြွက်သားဒဏ်ရာထပ်မံရရှိ

ထားပြီးအမြန်သက်သာစေဖို့အတွက် အထူးလေ့ကျင့်ခန်းတွေကိုပြုလုပ်ရမှာ

ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ သူဟာပီအက်စ်ဂျီကိုရောက်ပြီးနောက်

၅ လကြအနားယူခဲ့ရပြီးတစ်ပွဲသာကစားပြီးတဲ့နောက် ဒဏ်ရာထပ်ရခဲ့တာပါ။

သူ့ရဲ့ကြံ့ခိုင်မှုပိုင်းဟာ သံသယဖြစ်စရာတွေရှိနေပြီး ရာသီကုန်တဲ့အထိ

၂ ပွဲဆက်ကစားနိုင်လောက်တဲ့ အခြေအနေမရှိနိုင်တော့ဘူးလို့လည်း ဆိုနေကြပါတယ်။

သူဟာ စိန့်အက်တီယန်နဲ့ပွဲမကစားခင်မှာ ၂၀၇ ရက်တိတိအနားယူခဲ့ရပြီး ၂၂ ပွဲ

လွဲချော်ထားပြီးဖြစ်လို့ပီအက်စ်ဂျီအသင်းမှာ အနားယူဖို့ရောက်လာတာလား

ကစားဖို့ရောက်လာတာလား ဆိုပြီး အွန်လိုင်းကနေလှောင်ပြောင်မှုတွေရှိနေပါတယ်။

ရာမို့စ်ဟာ ရီးရဲလ်မှာရှိနေကတည်းကကြံ့ခိုင်မှုပိုင်းပြဿနာနဲ့ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး

၂၀၂၁ အတွင်းမှာ ၈ ပွဲသာကစားနိုင်ခဲ့တာပါ။ သူဟာ ရီးရဲလ်အတွက် ၅ ပွဲ၊

စပိန်အသင်းအတွက် ၂ပွဲနဲ့ ပီအက်စ်ဂျီအတွက် တစ်ပွဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း

ရီးရဲလ်က ပီအက်စ်ဂျီကို ဂျင်းထည့်လိုက်တာလို့တောင်ယူဆနေကြသူတွေရှိနေပါတယ်။

ပီအက်စ်ဂျီအသင်းဟာလက်ရှိမှာ ဒဏ်ရပြဿနာတွေအများကြီးရှိနေပြီး

ဒရက်စ်လာ၊ ဟာရဲရားနဲ့ နေမာတို့လည်း ဒဏ်ရာကိုယ်စီရှိနေကြပါတယ်။

Zawgyi

ထပ္နားဦးမယ့္ ရာမို႔စ္ (ေဘးလ္ဆီကမ်ား ကူးလာသလား)

ပီအက္စ္ဂ်ီအသင္းေနာက္ခံလူ ဆာဂ်ီယိုရာမို႔စ္ဟာ ဒဏ္ရာထပ္မံရရွိသြားတာ

ေၾကာင့္ ဒီကေန႔ လန္းစ္နဲ႔ကစားရမယ့္ပြဲမွာပါဝင္ႏိုင္ေတာ့မွာမဟုတ္ဘူးလို႔

သိရပါတယ္။ အသက္ ၃၅ ႏွစ္ရွိၿပီျဖစ္တဲ့ ရာမို႔စ္ဟာၿပီးခဲ့တဲ့တစ္ပတ္ကမွာ

ပီအက္စ္ဂ်ီအတြက္ပြဲထြက္ကစားေပးၿပီးေနာက္ ဒဏ္ရာထပ္ရသြားတာ

ျဖစ္ပါတယ္။ သူဟာၿပီးခဲ့တဲ့ေႏြရာသီကမွ ၁၆ ႏွစ္ၾကာေနခဲ့တဲ့ ရီးရဲလ္
မက္ဒရစ္ကေနေျပာင္းလာတဲ့သူျဖစ္ေပမယ့္ ေျခသလုံးႂကြက္သားဒဏ္ရာေၾကာင့္

ေတာက္ေလွ်ာက္အနားယူခဲ့ရသူျဖစ္ပါတယ္။

ဒဏ္ရာေပ်ာက္ကင္းသြားလို႔ ၿပီးခဲ့တဲ့တနဂၤေႏြေန႔ကမွ စိန႔္အက္တီယန္ကို ၃-၁ နဲ႔

ႏိုင္ခဲ့တဲ့အေဝးကြင္းပြဲမွာ ပီအက္စ္ဂ်ီအတြက္ပထမဆုံးပြဲထြက္ၿပီး မိနစ္ ၉၀

ျပည့္ကစားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဗုဒၶဟူးေန႔က ႏိုက္စ္နဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ

မပါႏိုင္ခဲ့တဲ့အျပင္အခုလည္း လန္းစ္နဲ႔ပြဲကိုထပ္လြဲဦးမွာပါ။

ကလပ္ဘက္ကထုတ္ျပန္ခဲ့ရာမွာေတာ့ ရာမို႔စ္ဟာ ႂကြက္သားဒဏ္ရာထပ္မံရရွိ

ထားၿပီးအျမန္သက္သာေစဖို႔အတြက္ အထူးေလ့က်င့္ခန္းေတြကိုျပဳလုပ္ရမွာ

ျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ သူဟာပီအက္စ္ဂ်ီကိုေရာက္ၿပီးေနာက္

၅ လၾကအနားယူခဲ့ရၿပီးတစ္ပြဲသာကစားၿပီးတဲ့ေနာက္ ဒဏ္ရာထပ္ရခဲ့တာပါ။

သူ႔ရဲ႕ႀကံ့ခိုင္မႈပိုင္းဟာ သံသယျဖစ္စရာေတြရွိေနၿပီး ရာသီကုန္တဲ့အထိ
၂ ပြဲဆက္ကစားႏိုင္ေလာက္တဲ့ အေျခအေနမရွိႏိုင္ေတာ့ဘူးလို႔လည္း ဆိုေနၾကပါတယ္။

သူဟာ စိန႔္အက္တီယန္နဲ႔ပြဲမကစားခင္မွာ ၂၀၇ ရက္တိတိအနားယူခဲ့ရၿပီး ၂၂ ပြဲ

လြဲေခ်ာ္ထားၿပီးျဖစ္လို႔ပီအက္စ္ဂ်ီအသင္းမွာ အနားယူဖို႔ေရာက္လာတာလား

ကစားဖို႔ေရာက္လာတာလား ဆိုၿပီး အြန္လိုင္းကေနေလွာင္ေျပာင္မႈေတြရွိေနပါတယ္။

 

ရာမို႔စ္ဟာ ရီးရဲလ္မွာရွိေနကတည္းကႀကံ့ခိုင္မႈပိုင္းျပႆနာနဲ႔ရင္ဆိုင္ခဲ့ရသူျဖစ္ၿပီး

၂၀၂၁ အတြင္းမွာ ၈ ပြဲသာကစားႏိုင္ခဲ့တာပါ။ သူဟာ ရီးရဲလ္အတြက္ ၅ ပြဲ၊

စပိန္အသင္းအတြက္ ၂ပြဲနဲ႔ ပီအက္စ္ဂ်ီအတြက္ တစ္ပြဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း

ရီးရဲလ္က ပီအက္စ္ဂ်ီကို ဂ်င္းထည့္လိုက္တာလို႔ေတာင္ယူဆေနၾကသူေတြရွိေနပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာလက္ရွိမွာ ဒဏ္ရျပႆနာေတြအမ်ားႀကီးရွိေနၿပီး

ဒရက္စ္လာ၊ ဟာရဲရားနဲ႔ ေနမာတို႔လည္း ဒဏ္ရာကိုယ္စီရွိေနၾကပါတယ္။