ထင်ထားတာထက် ပိုပြီးဒေါသထွက်နေတဲ့ တူချယ်

ဒီအပတ်အတွင်းမှာပဲ ကလပ်ရဲ့နောက်ကွယ်မှာ အငြင်းပွားဖွယ်

အင်တာဗျူးလုပ်ခဲ့တဲ့ လူကာကူရဲ့အပြုအမူနဲ့ပတ်သက်လို့

အဲဒီဘယ်လ်ဂျီယံသားကို လီဗာပူးနဲ့ပွဲအတွက် ချဲလ်ဆီးလူစာရင်းကနေ

ချန်လှပ်ဖို့ နည်းပြတူချယ်က စဉ်းစားနေကြောင်း သတင်းတွေထွက်ပေါ်လာပါတယ်။

နည်းပြရဲ့နည်းဗျူဟာပိုင်းကို ဝေဖန်မှုလုပ်ခဲ့တာကြောင့် တူချယ်ဟာ

လူကာကူကို အရန်စာရင်းထဲမှာတောင် ထည့်သွင်းဖွယ်မရှိပါဘူး။

ဒီအင်တာဗျူးလုပ်ခဲ့တာနဲ့ပတ်သက်လို့ ကလပ်ဘက်ကရော

ကစားသမားရဲ့ကိုယ်စားလှယ်တွေကပါ မသိခဲ့ကြကြောင်း ထွက်ပေါ်လာပါတယ်။

ကြည့်ရတာ လူကာကူဟာ လန်ဒန်က Sky Sports ဂျာနယ်လစ်နဲ့

တိုက်ရိုက်ဆက်သွယ်ပြီး စီစဉ်ခဲ့ပုံရပါတယ်။

အဲဒီအင်တာဗျူးမှာ သူပွင့်ပွင့်လင်းလင်းပြောခဲ့တာတွေဟာ

ချဲလ်ဆီးပရိသတ်တွေကို ဒေါသထွက်စေခဲ့တာပါ။

တူချယ်ကလည်း လူကာကူပြောခဲ့တာတွေနဲ့ပတ်သက်လို့ သူကျေနပ်မှုမရှိကြောင်း

သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တူချယ်ဟာ အဲဒီကိစ္စမှာ ထင်ထားတာထက် ပိုပြီးဒေါသထွက်နေကြောင်း

အတွင်းသတင်းတွေက ဆိုတာပါ။

အဲဒီဘယ်လ်ဂျီယံသားဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ

အင်တာကနေ ပေါင် ၉၇.၅ သန်းနဲ့ ချဲလ်ဆီးကို ပြန်ရောက်လာခဲ့တာပါ။

ကိုဗစ်ကနေ ပြန်လာပြီးနောက်ပိုင်း ၂ ပွဲမှာ ၂ ဂိုးသွင်းထားတဲ့

လူကာကူအတွက် ချိန်သားကိုက်မဟုတ်ဘူးလို့ ဆိုရပါမယ်။

လက်ရှိအချိန်မှာ ကိုဗစ်ကြောင့် အချိန်တစ်ခုကြာနားခဲ့ရတဲ့ ကိုင်ဟာဗက်ဇ်ဟာ

လူကာကူနေရာအစားဝင်နိုင်စွမ်း ရှိပါတယ်။

ဒါ့အပြင် ချဲလ်ဆီးတိုက်စစ်မှာ တီမိုဝါနာလည်း ပြန်ပါဖို့ရှိပေမယ့်

ကိုဗစ်ကနေ အပြည့်အဝပြန်မကောင်းသေးဘူးလို့ သိရပါတယ်။

zawgyi

ထင္ထားတာထက္ ပိုၿပီးေဒါသထြက္ေနတဲ့ တူခ်ယ္

ဒီအပတ္အတြင္းမွာပဲ ကလပ္ရဲ႕ေနာက္ကြယ္မွာ အျငင္းပြားဖြယ္

အင္တာဗ်ဴးလုပ္ခဲ့တဲ့ လူကာကူရဲ႕အျပဳအမူနဲ႔ပတ္သက္လို႔

အဲဒီဘယ္လ္ဂ်ီယံသားကို လီဗာပူးနဲ႔ပြဲအတြက္ ခ်ဲလ္ဆီးလူစာရင္းကေန

ခ်န္လွပ္ဖို႔ နည္းျပတူခ်ယ္က စဥ္းစားေနေၾကာင္း သတင္းေတြထြက္ေပၚလာပါတယ္။

နည္းျပရဲ႕နည္းဗ်ဴဟာပိုင္းကို ေဝဖန္မႈလုပ္ခဲ့တာေၾကာင့္ တူခ်ယ္ဟာ

လူကာကူကို အရန္စာရင္းထဲမွာေတာင္ ထည့္သြင္းဖြယ္မရွိပါဘူး။

ဒီအင္တာဗ်ဴးလုပ္ခဲ့တာနဲ႔ပတ္သက္လို႔ ကလပ္ဘက္ကေရာ

ကစားသမားရဲ႕ကိုယ္စားလွယ္ေတြကပါ မသိခဲ့ၾကေၾကာင္း ထြက္ေပၚလာပါတယ္။

ၾကည့္ရတာ လူကာကူဟာ လန္ဒန္က Sky Sports ဂ်ာနယ္လစ္နဲ႔

တိုက္႐ိုက္ဆက္သြယ္ၿပီး စီစဥ္ခဲ့ပုံရပါတယ္။

အဲဒီအင္တာဗ်ဴးမွာ သူပြင့္ပြင့္လင္းလင္းေျပာခဲ့တာေတြဟာ

ခ်ဲလ္ဆီးပရိသတ္ေတြကို ေဒါသထြက္ေစခဲ့တာပါ။

တူခ်ယ္ကလည္း လူကာကူေျပာခဲ့တာေတြနဲ႔ပတ္သက္လို႔ သူေက်နပ္မႈမရွိေၾကာင္း

သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

တူခ်ယ္ဟာ အဲဒီကိစၥမွာ ထင္ထားတာထက္ ပိုၿပီးေဒါသထြက္ေနေၾကာင္း

အတြင္းသတင္းေတြက ဆိုတာပါ။

အဲဒီဘယ္လ္ဂ်ီယံသားဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ

အင္တာကေန ေပါင္ ၉၇.၅ သန္းနဲ႔ ခ်ဲလ္ဆီးကို ျပန္ေရာက္လာခဲ့တာပါ။

ကိုဗစ္ကေန ျပန္လာၿပီးေနာက္ပိုင္း ၂ ပြဲမွာ ၂ ဂိုးသြင္းထားတဲ့

လူကာကူအတြက္ ခ်ိန္သားကိုက္မဟုတ္ဘူးလို႔ ဆိုရပါမယ္။

လက္ရွိအခ်ိန္မွာ ကိုဗစ္ေၾကာင့္ အခ်ိန္တစ္ခုၾကာနားခဲ့ရတဲ့ ကိုင္ဟာဗက္ဇ္ဟာ

လူကာကူေနရာအစားဝင္ႏိုင္စြမ္း ရွိပါတယ္။

ဒါ့အျပင္ ခ်ဲလ္ဆီးတိုက္စစ္မွာ တီမိုဝါနာလည္း ျပန္ပါဖို႔ရွိေပမယ့္

ကိုဗစ္ကေန အျပည့္အဝျပန္မေကာင္းေသးဘူးလို႔ သိရပါတယ္။