
ကွင်းလယ်လူတွမ်မီနေးဟာ တစ်နေ့နေ့မှာ မန်ယူရဲ့ကပ္ပတိန်လက်ပတ်ကို
ဝတ်ဆင်မယ့်သူဖြစ်ကြောင်း နည်းပြရန်းနစ်က တစ်ပေးပြောကြားလိုက်ပါတယ်။
အဲဒီစကော့တလန်လက်ရွေးစင်ဟာ တနင်္လာညက အိုးလ်ထရက်ဖို့ဒ်မှာ
ကစားခဲ့တဲ့ ဗီလာနဲ့အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်မှာ
မန်ယူအတွက် တစ်လုံးတည်းသောဂိုးကို သွင်းယူခဲ့တာပါ။
တွမ်မီနေးဟာ ပွဲအစ ၈ မိနစ်မှာပဲ ဖရက်ဒ်ရဲ့ဖြတ်တင်ဘောကနေ
မန်ယူအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ခေါင်းတိုက်သွင်းပေးခဲ့တာပါ။
အဲဒီပွဲမှာ ဗီလာဟာ ဒုတိယပိုင်းအရောက် ၂ ကြိမ်တိုင်
ဂိုးပေါက်ထဲထည့်နိုင်ခဲ့ပေမယ့် ၂ ကြိမ်စလုံး လူကျွံဘောအဖြစ်နဲ့ ပယ်ချခံခဲ့ရပါတယ်။
ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၃ ပွဲမှာ မန်ယူအသင်းရခဲ့တဲ
၄ ဂိုးထဲက ၂ ဂိုးကို တွမ်မီနေးက သွင်းယူခဲ့တာပါ။
သူဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလကုန် အိုးလ်ထရက်ဖို့ဒ်မှာပဲ
ဘန်လေကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ မန်ယူအတွက် အဖွင့်ဂိုးသွင်းခဲ့သေးတာပါ။
”တွမ်မီနေးဟာ အကယ်ဒမီထွက်တစ်ယောက်ပါ။
သူ့စွမ်းအင်ကလည်း အံ့အားသင့်စရာပါ။
အခုဆို သူ ဂိုးတွေစသွင်းနေပြီး ခေါင်းဆောင်မှုစကေးအချို့လည်း တွေ့နေရပါတယ်။
တစ်နေ့ကျရင် ဒီအသင်းရဲ့ကပ္ပတိန်လက်ပတ်သူဝတ်ရမယ်ဆိုရင်
ကျွန်တော်အံ့သြမိမှာ မဟုတ်ပါဘူး”လို့ ရန်းနစ်က
တွမ်မီနေးနဲ့ပတ်သက်ပြီး ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
ဗီလာနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့တွမ်မီနေးဟာ မန်ယူအသင်းဝက်ဘ်ဆိုဒ်မှာ
ပရိသတ်တွေက ရွေးတဲ့ Man of the Match ဆုကိုလည်း ရခဲ့ပါတယ်။
၂၅ နှစ်အရွယ် တွမ်မီနေးဟာ အသက် ၅ နှစ်အရွယ်ကတည်းက
မန်ယူအကယ်ဒမီကိုရောက်နေတာဖြစ်ပြီး သူ့ရဲ့လူငယ်ကစားသမားဘ၀
အစောပိုင်းနှစ်တွေမှာ ဗဟိုတိုက်စစ်မှုးတစ်ယောက်အဖြစ် ကစားခဲ့ပေမယ့်
နောက်ပိုင်းမှ ဗဟိုကွင်းလယ်လူတစ်ယောက်အဖြစ် ပြောင်းလဲကစားခဲ့တာပါ။
zawgyi
တြမ္မီေနးဟာ မန္ယူရဲ႕အနာဂတ္ကပၸတိန္လို႔ တစ္ေပးလိုက္တဲ့ ရန္းနစ္
ကြင္းလယ္လူတြမ္မီေနးဟာ တစ္ေန႔ေန႔မွာ မန္ယူရဲ႕ကပၸတိန္လက္ပတ္ကို
ဝတ္ဆင္မယ့္သူျဖစ္ေၾကာင္း နည္းျပရန္းနစ္က တစ္ေပးေျပာၾကားလိုက္ပါတယ္။
အဲဒီစေကာ့တလန္လက္ေ႐ြးစင္ဟာ တနလၤာညက အိုးလ္ထရက္ဖို႔ဒ္မွာ
ကစားခဲ့တဲ့ ဗီလာနဲ႔အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္မွာ
မန္ယူအတြက္ တစ္လုံးတည္းေသာဂိုးကို သြင္းယူခဲ့တာပါ။
တြမ္မီေနးဟာ ပြဲအစ ၈ မိနစ္မွာပဲ ဖရက္ဒ္ရဲ႕ျဖတ္တင္ေဘာကေန
မန္ယူအတြက္ တစ္လုံးတည္းေသာအႏိုင္ဂိုးကို ေခါင္းတိုက္သြင္းေပးခဲ့တာပါ။
အဲဒီပြဲမွာ ဗီလာဟာ ဒုတိယပိုင္းအေရာက္ ၂ ႀကိမ္တိုင္
ဂိုးေပါက္ထဲထည့္ႏိုင္ခဲ့ေပမယ့္ ၂ ႀကိမ္စလုံး လူကြၽံေဘာအျဖစ္နဲ႔ ပယ္ခ်ခံခဲ့ရပါတယ္။
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ၃ ပြဲမွာ မန္ယူအသင္းရခဲ့တဲ
၄ ဂိုးထဲက ၂ ဂိုးကို တြမ္မီေနးက သြင္းယူခဲ့တာပါ။
သူဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလကုန္ အိုးလ္ထရက္ဖို႔ဒ္မွာပဲ
ဘန္ေလကို ၃-၁ နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ မန္ယူအတြက္ အဖြင့္ဂိုးသြင္းခဲ့ေသးတာပါ။
”တြမ္မီေနးဟာ အကယ္ဒမီထြက္တစ္ေယာက္ပါ။
သူ႔စြမ္းအင္ကလည္း အံ့အားသင့္စရာပါ။
အခုဆို သူ ဂိုးေတြစသြင္းေနၿပီး ေခါင္းေဆာင္မႈစေကးအခ်ိဳ႕လည္း ေတြ႕ေနရပါတယ္။
တစ္ေန႔က်ရင္ ဒီအသင္းရဲ႕ကပၸတိန္လက္ပတ္သူဝတ္ရမယ္ဆိုရင္
ကြၽန္ေတာ္အံ့ၾသမိမွာ မဟုတ္ပါဘူး”လို႔ ရန္းနစ္က
တြမ္မီေနးနဲ႔ပတ္သက္ၿပီး ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။
ဗီလာနဲ႔ပြဲမွာ ေျခစြမ္းျပခဲ့တဲ့တြမ္မီေနးဟာ မန္ယူအသင္းဝက္ဘ္ဆိုဒ္မွာ
ပရိသတ္ေတြက ေ႐ြးတဲ့ Man of the Match ဆုကိုလည္း ရခဲ့ပါတယ္။
၂၅ ႏွစ္အ႐ြယ္ တြမ္မီေနးဟာ အသက္ ၅ ႏွစ္အ႐ြယ္ကတည္းက
မန္ယူအကယ္ဒမီကိုေရာက္ေနတာျဖစ္ၿပီး သူ႔ရဲ႕လူငယ္ကစားသမားဘ၀
အေစာပိုင္းႏွစ္ေတြမွာ ဗဟိုတိုက္စစ္မႈးတစ္ေယာက္အျဖစ္ ကစားခဲ့ေပမယ့္
ေနာက္ပိုင္းမွ ဗဟိုကြင္းလယ္လူတစ္ေယာက္အျဖစ္ ေျပာင္းလဲကစားခဲ့တာပါ။