တွမ်မီနေးက အင်တာဗျူးဖြေနေပြီး မက်ဂွိုင်းယားကတော့ ရှောင်လွှဲသွားလို့ ဘယ်မလဲ ကပ္ပတိန်လို့ ပရိသတ်တွေမေးနေကြ

မြို့ခံပြိုင်ဘက်ကို အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ရဲရဲဝံ့ဝံ့အင်တာဗျူးဖြေပေးခဲ့လို့

မန်ယူကွင်းလယ်လူတွမ်မီနေးဟာ အသင်းပရိသတ်တွေရဲ့ချီးကျူးခြင်းကို ခံနေရပါတယ်။

အဲဒီစကော့တလန်ကွင်းလယ်လူဟာ သူနဲ့သူ့အသင်းဖော်တွေ

ဘယ်နေရာမှာ အားနည်းခဲ့တယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပဲ ပြောသွားခဲ့တာပါ။

ဒီလိုအချိန်မှာ ရဲရဲဝံ့ဝံ့အင်တာဗျူးဖြေပေးလို့ တွမ်မီနေးဟာ

ချီးကျူးခံနေရပေမယ့် မက်ဂွိုင်းယားကတော့ အင်တာဗျူးဖြေဖို့တောင်

ရှေ့ထွက်မလာရဲဘူးလို့ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။

အဲဒီမန်ယူအသင်းခေါင်းဆောင်ဟာ မန်ချက်စတာဒါဘီပွဲမှာ

ဘယ်မန်ယူအသင်းဖော်ထက်မဆို ခြေစွမ်းအရ ပိုပြီးရုန်းကန်ခဲ့ရတာပါ။

ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် ဈေးအကြီးဆုံးနောက်ခံလူဖြစ်တဲ့

မက်ဂွိုင်းယားဟာ ဒီရာသီတစ်လျှောက်လုံးမှာ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း မန်ယူအသင်းပေးလိုက်ရတဲ့

ဂိုးတွေနဲ့ပတ်သက်လို့ သူ့ရဲ့အားနည်းမှုများစွာ ရှိခဲ့တာပါ။

ဒါကြောင့်လည်း အဲဒီပွဲပြီးတော့ ဆိုရှယ်မီဒီယာထက်မှာ

မက်ဂွိုင်းယားကို လှောင်ပြောင်မှုများစွာပြုလုပ်ခဲ့ကြပါတယ်။

အခုလည်း စိတ်ပျက်နေတဲ့ မန်ယူပရိသတ်တစ်ယောက်က

”တွမ်မီနေးက အင်တာဗျူးဖြေနေပြီး မက်ဂွိုင်းယားကတော့ ရှောင်လွှဲသွားခဲ့တယ်။

အံ့အားသင့်စရာမရှိဘူး”လို့ Twiitter ပေါ် ရေးတင်ခဲ့တာပါ။

နောက်ထပ်တစ်ယောက်ကလည်း ”အသင်းခေါင်းဆောင်က

အင်တာဗျူးမဖြေရဲတာ ရယ်စရာပါ”လို့ ဆိုပါတယ်။

အခြားမန်ယူပရိသတ်တစ်ယောက်ကလည်း တွမ်မီနေးဟာ

ခက်ခဲတဲ့မေးခွန်းတွေကို ကောင်းကောင်းဖြေနိုင်ခဲ့ကာ

အဲဒီနေရာမှာ မက်ဂွိုင်းယားရှိသင့်တယ်လို့ ဆိုခဲ့တာပါ။

zawgyi

တြမ္မီေနးက အင္တာဗ်ဴးေျဖေနၿပီး မက္ဂြိဳင္းယားကေတာ့ ေရွာင္လႊဲသြားလို႔ ဘယ္မလဲ ကပၸတိန္လို႔ ပရိသတ္ေတြေမးေနၾက

ၿမိဳ႕ခံၿပိဳင္ဘက္ကို အရွက္တကြဲရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီးမွာ ရဲရဲဝံ့ဝံ့အင္တာဗ်ဴးေျဖေပးခဲ့လို႔

မန္ယူကြင္းလယ္လူတြမ္မီေနးဟာ အသင္းပရိသတ္ေတြရဲ႕ခ်ီးက်ဴးျခင္းကို ခံေနရပါတယ္။

အဲဒီစေကာ့တလန္ကြင္းလယ္လူဟာ သူနဲ႔သူ႔အသင္းေဖာ္ေတြ

ဘယ္ေနရာမွာ အားနည္းခဲ့တယ္ဆိုတာ ပြင့္ပြင့္လင္းလင္းပဲ ေျပာသြားခဲ့တာပါ။

ဒီလိုအခ်ိန္မွာ ရဲရဲဝံ့ဝံ့အင္တာဗ်ဴးေျဖေပးလို႔ တြမ္မီေနးဟာ

ခ်ီးက်ဴးခံေနရေပမယ့္ မက္ဂြိဳင္းယားကေတာ့ အင္တာဗ်ဴးေျဖဖို႔ေတာင္

ေရွ႕ထြက္မလာရဲဘူးလို႔ ပရိသတ္ေတြက ေဝဖန္ေနၾကပါတယ္။

အဲဒီမန္ယူအသင္းေခါင္းေဆာင္ဟာ မန္ခ်က္စတာဒါဘီပြဲမွာ

ဘယ္မန္ယူအသင္းေဖာ္ထက္မဆို ေျခစြမ္းအရ ပိုၿပီး႐ုန္းကန္ခဲ့ရတာပါ။

ကမာၻ႔ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ေဈးအႀကီးဆုံးေနာက္ခံလူျဖစ္တဲ့

မက္ဂြိဳင္းယားဟာ ဒီရာသီတစ္ေလွ်ာက္လုံးမွာ ႐ုန္းကန္ေနရတာ ျဖစ္ပါတယ္။

မန္စီးတီးကို ဂိုးျပတ္ရႈံးနိမ့္ခဲ့တဲ့ပြဲမွာလည္း မန္ယူအသင္းေပးလိုက္ရတဲ့

ဂိုးေတြနဲ႔ပတ္သက္လို႔ သူ႔ရဲ႕အားနည္းမႈမ်ားစြာ ရွိခဲ့တာပါ။

ဒါေၾကာင့္လည္း အဲဒီပြဲၿပီးေတာ့ ဆိုရွယ္မီဒီယာထက္မွာ

မက္ဂြိဳင္းယားကို ေလွာင္ေျပာင္မႈမ်ားစြာျပဳလုပ္ခဲ့ၾကပါတယ္။

အခုလည္း စိတ္ပ်က္ေနတဲ့ မန္ယူပရိသတ္တစ္ေယာက္က

”တြမ္မီေနးက အင္တာဗ်ဴးေျဖေနၿပီး မက္ဂြိဳင္းယားကေတာ့ ေရွာင္လႊဲသြားခဲ့တယ္။

အံ့အားသင့္စရာမရွိဘူး”လို႔ Twiitter ေပၚ ေရးတင္ခဲ့တာပါ။

ေနာက္ထပ္တစ္ေယာက္ကလည္း ”အသင္းေခါင္းေဆာင္က

အင္တာဗ်ဴးမေျဖရဲတာ ရယ္စရာပါ”လို႔ ဆိုပါတယ္။

အျခားမန္ယူပရိသတ္တစ္ေယာက္ကလည္း တြမ္မီေနးဟာ

ခက္ခဲတဲ့ေမးခြန္းေတြကို ေကာင္းေကာင္းေျဖႏိုင္ခဲ့ကာ

အဲဒီေနရာမွာ မက္ဂြိဳင္းယားရွိသင့္တယ္လို႔ ဆိုခဲ့တာပါ။