တွန့်ဆုတ်သွေးကြောင်နေြခင်းမရှိ တပ်ထဲ၀င်ခဲ့တဲ့ ရှရစ်ဖ်အသင်းနည်းပြ

ဒီရာသီချန်ပီယံလိဂ်မှာ ရီးရဲလ်ကိုသမိုင်းဝင်နိုင်ပွဲရအောင်စွမ်းဆောင်ပြခဲ့တဲ့

ရှရစ်ဖ်တီရာစပူးလ် အသင်းနည်းပြ ယူရီဗာနီဒက်ဘ်ဟာ သူ့နိုင်ငံကို

ကာကွယ်ဖို့အတွက် ယူကရိန်းစစ်တပ်ထဲဝင်ရောက်သွားပြီဖြစ်ပါတယ်။

ယူကရိန်း နိုင်ငံသားဖြစ်တဲ့ ဗာနီဒက်ဘ် ဟာပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက

သူကိုင်တွယ်ခဲ့တဲ့ မော်လ်ဒိုဗာကလပ် ရှရစ်ဖ်နဲ့အတူ အဝေးကွင်းမှာ

ရီးရဲလ်ကိူအနိုင်ရအောင်စွမ်းဆောင်ပြနိုင်ခဲ့တာပါ။

အဲဒီပွဲဟာချန်ပီယံလိဂ်အုပ်စုအဆင့်ဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကို ၁၃ ကြိမ်

ရယူခဲ့ဘူးတဲ့ ရီးရဲလ်ကို အိမ်ကွင်းမှာတင်အနိုင်ရခဲ့တဲ့အတွက် ပြိုင်ပွဲသမိုင်းမှာ

အကြီးမားဆုံးသောကမောက်ကမ ဖြစ်မှုတစ်ခုအဖြစ်လည်း မှတ်တမ်းဝင်စေခဲ့သူပါ။

ရှရစ်ဖ်ဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကိုပထမဆုံးအကြိမ်တက်လှမ်းနိုင်ခဲ့တာဖြစ်ပေမယ့်

ရီးရဲလ်ကိုအဝေးကွင်းမှာနိုင်လိုက်လို့ အားလုံး ကအံ့ဩတုန်လှုပ်ခဲ့ရပါတယ်။

အဲဒီတုန်းက ရှရစ်ဖ်ဟာ မိနစ် ၉၀ မှာသွင်းယူခဲ့တဲ့ဂိုးနဲ့ ၂-၁ နဲ့နိုင်ခဲ့တာပါ။ ဒါပေမယ့်

သူတို့ဟာ အုပ်စုအဆင့်မှာ တတိယ သာရခဲ့လို့ ယူရိုပါလိဂ်ကိုဆင်းကစားခဲ့ရပြီး

၃၂ သင်းအဆင့်မှာ ဘရာဂါနဲ့တွေ့ကာ ပင်နယ်တီအဆုံးအဖြတ်နဲ့အရေးနိမ့်ခဲ့ပြီး

ထွက်ခဲ့ရပါတယ်။ လက်ရှိမှာ ရုရှားဟာယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေလို့

ယူရိုပါလိဂ်ကထွက်ရပြီးတစ်ပတ်တောင်မကြာခင်မှာဘဲ ဗာနီဒက်ဘ် ကသူ့နိုင်ငံကို

ကာကွယ်ဖို့အတွက် စစ်တပ်ထဲဝင်ရောက်ဖို့ဆုံးဖြတ်လိုက်တာပါ။ ဒါကြောင့်

လည်းအသင်းခေါင်းဆောင် ဒူလန်တိုက” ကျွန်တော့်ရဲ့ ယူရီကိုဘုရားသခင်

ကာကွယ်စောင့်ရှောက်ပါစေ။ သူဟာယူကရိန်းကိုကာကွယ်ဖို့ထွက်သွားခဲ့သူပါ” လို့

တွစ်တာကနေပို့စ်တင်ခဲ့ပါတယ်။

ဗာနီဒက်ဘ်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၁၇ နှစ်ကြာခဲ့သူဖြစ်ပြီး

ရုရှားကလပ် ဇင်းနစ်နဲ့အတူ ကစားသမားဘဝကိုအဆုံးသတ်ခဲ့သူပါ။ သူဟာ

ဇင်းနစ်မှာ ၃ ရာသီကစားခဲ့ပြီး ရုရှားရှုံးထွက်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ သူဟာ

ရှရစ်ဖ်ကိုမကိုင်တွယ်ခင်မှာ ယူကရိန်းကလပ် ဇော်ယာ ကိုတာဝန်ယူခဲ့ပါသေးတယ်။

ရုရှားကျူးကျော်မှုကြောင့် ယူကရိန်းအားကစားလောက ကလူတွေဟာနိုင်ငံကို

ကာကွယ်ဖို့အတွက်စစ်ထဲဝင်ရောက်ခဲ့ကြပြီး ဒီအထဲမှာ ကလစ်ချ်ကိုညီအစ်ကိုဟာ

ထင်ရှားတဲ့သူတွေဖြစ်ကြပါတယ်။

Zawgyi

တြန္႔ဆုတ္ေသြးေၾကာင္ေျနခင္းမရွိ တပ္ထဲ၀င္ခဲ့တဲ့ ရွရစ္ဖ္အသင္းနည္းျပ

ဒီရာသီခ်န္ပီယံလိဂ္မွာ ရီးရဲလ္ကိုသမိုင္းဝင္ႏိုင္ပြဲရေအာင္စြမ္းေဆာင္ျပခဲ့တဲ့

ရွရစ္ဖ္တီရာစပူးလ္ အသင္းနည္းျပ ယူရီဗာနီဒက္ဘ္ဟာ သူ႔ႏိုင္ငံကို

ကာကြယ္ဖို႔အတြက္ ယူကရိန္းစစ္တပ္ထဲဝင္ေရာက္သြားၿပီျဖစ္ပါတယ္။

ယူကရိန္း ႏိုင္ငံသားျဖစ္တဲ့ ဗာနီဒက္ဘ္ ဟာၿပီးခဲ့တဲ့ႏိုဝင္ဘာလတုန္းက

သူကိုင္တြယ္ခဲ့တဲ့ ေမာ္လ္ဒိုဗာကလပ္ ရွရစ္ဖ္နဲ႔အတူ အေဝးကြင္းမွာ

ရီးရဲလ္ကိူအႏိုင္ရေအာင္စြမ္းေဆာင္ျပႏိုင္ခဲ့တာပါ။

 

အဲဒီပြဲဟာခ်န္ပီယံလိဂ္အုပ္စုအဆင့္ျဖစ္ၿပီး ခ်န္ပီယံလိဂ္ဖလားကို ၁၃ ႀကိမ္

ရယူခဲ့ဘူးတဲ့ ရီးရဲလ္ကို အိမ္ကြင္းမွာတင္အႏိုင္ရခဲ့တဲ့အတြက္ ၿပိဳင္ပြဲသမိုင္းမွာ

အႀကီးမားဆုံးေသာကေမာက္ကမ ျဖစ္မႈတစ္ခုအျဖစ္လည္း မွတ္တမ္းဝင္ေစခဲ့သူပါ။

ရွရစ္ဖ္ဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကိုပထမဆုံးအႀကိမ္တက္လွမ္းႏိုင္ခဲ့တာျဖစ္ေပမယ့္

ရီးရဲလ္ကိုအေဝးကြင္းမွာႏိုင္လိုက္လို႔ အားလုံး ကအံ့ဩတုန္လႈပ္ခဲ့ရပါတယ္။

အဲဒီတုန္းက ရွရစ္ဖ္ဟာ မိနစ္ ၉၀ မွာသြင္းယူခဲ့တဲ့ဂိုးနဲ႔ ၂-၁ နဲ႔ႏိုင္ခဲ့တာပါ။ ဒါေပမယ့္

သူတို႔ဟာ အုပ္စုအဆင့္မွာ တတိယ သာရခဲ့လို႔ ယူ႐ိုပါလိဂ္ကိုဆင္းကစားခဲ့ရၿပီး

၃၂ သင္းအဆင့္မွာ ဘရာဂါနဲ႔ေတြ႕ကာ ပင္နယ္တီအဆုံးအျဖတ္နဲ႔အေရးနိမ့္ခဲ့ၿပီး

ထြက္ခဲ့ရပါတယ္။ လက္ရွိမွာ ႐ုရွားဟာယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္ေနလို႔

ယူ႐ိုပါလိဂ္ကထြက္ရၿပီးတစ္ပတ္ေတာင္မၾကာခင္မွာဘဲ ဗာနီဒက္ဘ္ ကသူ႔ႏိုင္ငံကို

ကာကြယ္ဖို႔အတြက္ စစ္တပ္ထဲဝင္ေရာက္ဖို႔ဆုံးျဖတ္လိုက္တာပါ။ ဒါေၾကာင့္

လည္းအသင္းေခါင္းေဆာင္ ဒူလန္တိုက” ကြၽန္ေတာ့္ရဲ႕ ယူရီကိုဘုရားသခင္

ကာကြယ္ေစာင့္ေရွာက္ပါေစ။ သူဟာယူကရိန္းကိုကာကြယ္ဖို႔ထြက္သြားခဲ့သူပါ” လို႔

တြစ္တာကေနပို႔စ္တင္ခဲ့ပါတယ္။

 

ဗာနီဒက္ဘ္ဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘဝ ၁၇ ႏွစ္ၾကာခဲ့သူျဖစ္ၿပီး

႐ုရွားကလပ္ ဇင္းနစ္နဲ႔အတူ ကစားသမားဘဝကိုအဆုံးသတ္ခဲ့သူပါ။ သူဟာ

ဇင္းနစ္မွာ ၃ ရာသီကစားခဲ့ၿပီး ႐ုရွားရႈံးထြက္ဖလားကို ရယူႏိုင္ခဲ့ပါတယ္။ သူဟာ

ရွရစ္ဖ္ကိုမကိုင္တြယ္ခင္မွာ ယူကရိန္းကလပ္ ေဇာ္ယာ ကိုတာဝန္ယူခဲ့ပါေသးတယ္။

႐ုရွားက်ဴးေက်ာ္မႈေၾကာင့္ ယူကရိန္းအားကစားေလာက ကလူေတြဟာႏိုင္ငံကို

ကာကြယ္ဖို႔အတြက္စစ္ထဲဝင္ေရာက္ခဲ့ၾကၿပီး ဒီအထဲမွာ ကလစ္ခ်္ကိုညီအစ္ကိုဟာ

ထင္ရွားတဲ့သူေတြျဖစ္ၾကပါတယ္။