တံကောက်ဒဏ်ရာကြောင့် မန်စီးတီးနဲ့ပွဲအမီ ကြံ့ခိုင်မှုအပြည့်ရဖို့ ရုန်းကန်နေရတဲ့ အာနိုးလ်

လီဗာပူးအသင်းညာနောက်ခံလူ အာနိုးလ်ဟာ

တံကောက်ကြောဒဏ်ရာကြောင့် မန်စီးတီးနဲ့
ကစားရမယ့် အဆုံးအဖြတ်ပွဲမှာ ပါဝင်နိုင်ရေးအတွက်
ကြံ့ခိုင်မှုအပြည့်ရဖို့ ရုန်းကန်နေရပါတယ်။
လီဗာပူးနည်းပြ ကလော့ပ်နဲ့ အင်္ဂလန်အသင်းနည်းပြ
ဆောက်ဂိတ်တို့အတွက် အာနိုးလ်ဒဏ်ရာရသွားတဲ့သတင်းက

ထိုးနှက်ချက်ဖြစ်လာပြီး အင်္ဂလန်အသင်းအနေနဲ့
ယခုလထဲကစားရမယ့် ဆွစ်ဇာလန်၊ အိုင်ဗရီကို့စ်တို့နဲ့
ခြေစမ်းပွဲတွေမှာ အာနိုးလ်ကို အသုံးပြုနိုင်မှာမဟုတ်တော့ဘဲ
ကလော့ပ်က အာနိုးလ်အနေနဲ့ ရက်သတ္တပတ်အနည်းငယ်ကြာ
အနားယူရလိမ့်မယ်လို့ အတည်ပြုပါတယ်။

အာနိုးလ်ဟာ ယခုရာသီမှာ ဆက်လက်ခြေစွမ်းပြနေပေမယ့်
ဗုဒ္ဓဟူးညက အာဆင်နယ်ကို ဝ-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
အဆိုပါဒဏ်ရာရခဲ့တာဖြစ်ပြီး အသေးစိတ်
စစ်ဆေးခဲ့ပြီးနောက် နော်တင်ဟမ်နဲ့ကစားရမယ့်
အက်ဖ်အေဖလား အဝေးကွင်းပွဲမတိုင်ခင်

ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကလော့ပ်က
အာနိုးလ်ရဲ့ဒဏ်ရာအတိမ်အနက်ကို ဖွင့်ဟခဲ့တာပါ။
အသက် ၂၃ နှစ်အရွယ်ရှိ အာနိုးလ်ဟာ အက်ဖ်အေဖလားပွဲနဲ့
အင်္ဂလန်ရဲ့ခြေစမ်းပွဲတွေအပြင် ဧပြီလ ၂ ရက်နေ့မှာ
ကစားရမယ့် ဝက်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်ပွဲကိုပါ လွဲချော်ဖွယ်ရှိနေပြီး

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပ-အကျော့ပွဲကိုပါ လွဲချော်ရဖို့များနေပါတယ်။
လီဗာပူးဟာ ဘင်ဖီကာနဲ့ချန်ပီယံလိဂ်ပွဲအပြီး ဧပြီလ
၁၀ ရက်နေ့မှာ မန်စီးတီးနဲ့ အဝေးကွင်းပွဲကျပ်ကစားရမှာဖြစ်ပြီး
နော်တင်ဟမ်နဲ့ပွဲမှာ အာနိုးလ်အစား ဘရက်လေကို
သုံးဖို့ များနေတဲ့ ကလော့ပ်က အဆိုပါသတင်းကို ဖွင့်ဟခဲ့တာပါ။

”သူ ဘယ်လောက်ကြာကြာ နားရမလဲဆိုတာ စောင့်ကြည့်ရမှာပါ။
သူ့နေရာမှာ အစားထိုးဖို့ ခက်ခဲတာမှန်ပေမယ့်
ဖြစ်နိုင်ခြေကတော့ရှိပါတယ်။
ကျွန်တော်တို့အသင်းဟာ ဂျိုးဂိုမက်ဇ်လည်းရှိပါသေးတယ်။
ပြီးတော့ နည်းစနစ်ပိုင်း ပြောင်းလဲတာတွေလည်းရှိပါတယ်။

အသင်းမှာ ရွေးချယ်စရာတွေရှိနေတာမှန်ပေမယ့်
အာနိုးလ် ဒဏ်ရာရသွားတာက သတင်းဆိုးဖြစ်ပါတယ်”လို့ ကလော့ပ်က ပြောပါတယ်။

Zawgyi

တံေကာက္ဒဏ္ရာေၾကာင့္ မန္စီးတီးနဲ႔ပြဲအမီ ႀကံ့ခုိင္မႈအျပည့္ရဖို႔ ရုန္းကန္ေနရတဲ့ အာႏိုးလ္
လီဗာပူးအသင္းညာေနာက္ခံလူ အာႏိုးလ္ဟာ
တံေကာက္ေၾကာဒဏ္ရာေၾကာင့္ မန္စီးတီးနဲ႔
ကစားရမယ့္ အဆုံးအျဖတ္ပြဲမွာ ပါ၀င္ႏိုင္ေရးအတြက္
ႀက့ံခုိင္မႈအျပည့္ရဖုိ႔ ရုန္းကန္ေနရပါတယ္။

လီဗာပူးနည္းျပ ကေလာ့ပ္နဲ႔ အဂၤလန္အသင္းနည္းျပ
ေဆာက္ဂိတ္တုိ႔အတြက္ အာႏိုးလ္ဒဏ္ရာရသြားတဲ့သတင္းက
ထိုးႏွက္ခ်က္ျဖစ္လာၿပီး အဂၤလန္အသင္းအေနနဲ႔
ယခုလထဲကစားရမယ့္ ဆြစ္ဇာလန္၊ အိုင္ဗရီကို႔စ္တုိ႔နဲ႔
ေျခစမ္းပြဲေတြမွာ အာႏိုးလ္ကို အသုံးျပဳႏိုင္မွာမဟုတ္ေတာ့ဘဲ

ကေလာ့ပ္က အာႏိုးလ္အေနနဲ႔ ရက္သတၱပတ္အနည္းငယ္ၾကာ
အနားယူရလိမ့္မယ္လုိ႔ အတည္ျပဳပါတယ္။
အာႏိုးလ္ဟာ ယခုရာသီမွာ ဆက္လက္ေျခစြမ္းျပေနေပမယ့္
ဗုဒၶဟူးညက အာဆင္နယ္ကို ၀-၂ ဂိုးနဲ႔အႏုိင္ရခဲ့တဲ့ပြဲမွာ
အဆုိပါဒဏ္ရာရခဲ့တာျဖစ္ၿပီး အေသးစိတ္

စစ္ေဆးခဲ့ၿပီးေနာက္ ေနာ္တင္ဟမ္နဲ႔ကစားရမယ့္
အက္ဖ္ေအဖလား အေ၀းကြင္းပြဲမတုိင္ခင္
ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ ကေလာ့ပ္က
အာႏိုးလ္ရဲဲ႕ဒဏ္ရာအတိမ္အနက္ကို ဖြင့္ဟခဲ့တာပါ။
အသက္ ၂၃ ႏွစ္အရြယ္ရွိ အာႏုိးလ္ဟာ အက္ဖ္ေအဖလားပြဲနဲ႔

အဂၤလန္ရဲ႕ေျခစမ္းပြဲေတြအျပင္ ဧၿပီလ ၂ ရက္ေန႔မွာ
ကစားရမယ့္ ၀က္ဖို႔ဒ္နဲ႔ ပရီးမီးယားလိဂ္ပြဲကိုပါ လြဲေခ်ာ္ဖြယ္ရွိေနၿပီး
ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ပ-အေက်ာ့ပြဲကိုပါ လြဲေခ်ာ္ရဖုိ႔မ်ားေနပါတယ္။
လီဗာပူးဟာ ဘင္ဖီကာနဲ႔ခ်န္ပီယံလိဂ္ပြဲအၿပီး ဧၿပီလ
၁၀ ရက္ေန႔မွာ မန္စီးတီးနဲ႔ အေ၀းကြင္းပြဲက်ပ္ကစားရမွာျဖစ္ၿပီး

ေနာ္တင္ဟမ္နဲ႔ပြဲမွာ အာႏိုးလ္အစား ဘရက္ေလကို
သုံးဖို႔ မ်ားေနတဲ့ ကေလာ့ပ္က အဆုိပါသတင္းကို ဖြင့္ဟခဲ့တာပါ။
”သူ ဘယ္ေလာက္ၾကာၾကာ နားရမလဲဆုိတာ ေစာင့္ၾကည့္ရမွာပါ။
သူ႕ေနရာမွာ အစားထိုးဖို႔ ခက္ခဲတာမွန္ေပမယ့္
ျဖစ္ႏိုင္ေျခကေတာ့ရွိပါတယ္။

ကၽြန္ေတာ္တုိ႔အသင္းဟာ ဂ်ိဳးဂိုမက္ဇ္လည္းရွိပါေသးတယ္။
ၿပီးေတာ့ နည္းစနစ္ပိုင္း ေျပာင္းလဲတာေတြလည္းရွိပါတယ္။
အသင္းမွာ ေရြးခ်ယ္စရာေတြရွိေနတာမွန္ေပမယ့္
အာႏုိးလ္ ဒဏ္ရာရသြားတာက သတင္းဆုိးျဖစ္ပါတယ္”လုိ႔ ကေလာ့ပ္က ေျပာပါတယ္။