တော်ဝင်လေတပ်မှာ တာဝန်ထမ်းဆောင်လို့ မကြီးကြပ်နိုင်ခဲ့တဲ့ နည်းပြနဲ့ အရေးကြီးပွဲ ရှုံးသွားတဲ့ ဝုဗ်အမျိုးသမီးအသင်း

 

ဝုဗ်အမျိုးသမီးအသင်းနည်းပြ ဒန်မက်နာမာရာဟာ ဗြိတိန်တော်ဝင်လေတပ်ရဲ့
အထူးလျှို့ဝှက်စစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်နေရလို့
စနေညက ကစားခဲ့တဲ့ တန်းတက်ပလေးအော့်ဖ်ဗိုလ်လုပွဲအဖြစ်
ဆောက်သမ်တန်နဲ့ပွဲမှာ ပါဝင်မကြီးကြပ်နိုင်ခဲ့ဘဲ အသင်းကလည်း

၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရလို့ ဒုတိယတန်းကို တန်းတက်ခွင့်
ဆုံးရှုံးသွားခဲ့ရပြီး တတိယတန်းမှာ ဆက်လက်ကစားရတော့မှာဖြစ်ပါတယ်။
ဝုဗ်အမျိုးသမီးအသင်းဟာ အဲဒီပွဲမှာ အနိုင်ရရင်
ချန်ပီယံရှစ်ပြိုင်ပွဲကို တန်းတက်ခွင့်ရရှိမှာဖြစ်သလို အသင်းသားတွေလည်း
လစာရတဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတွေဖြစ်လာဖို့

အခွင့်အရေးပိုများလာမှာဖြစ်ပါတယ်။
ဗြိတိန်တပ်မတော်မှာ တာဝန်ထမ်းဆောင်တာ ၁၄ နှစ်
ရှိနေပြီဖြစ်တဲ့ မက်နာမာရာဟာ ဇန်နဝါရီလကတည်းက
စစ်ရေးတာဝန်တွေကြောင့် အသင်းရဲ့အရေးကြီးတဲ့
အစိတ်အပိုင်းတစ်ရပ်ကို လွဲချော်ရလိမ့်မယ်လို့

အထက်အရာရှိတွေက သူ့ကို အကြောင်းကြားခဲ့ပေမယ့်
ကာယကံရှင်ဖြစ်သူကတော့ အဲဒီသတင်းကို
အသင်းသားတွေဆီ ချက်ချင်းအသိမပေးခဲ့ပါဘူး။
ဝုဗ်အသင်းဟာ National League Northern Premier Division
ချန်ပီယံဖြစ်ခဲ့ရာမှာ တစ်ရာသီလုံး ၂၆ပွဲအနက် ၁ပွဲပဲ

အရေးနိမ့်ခဲ့ပြီး ၂၀၁၇ က အသင်းစတင်တည်ထောင်ခဲ့တဲ့
ဆောက်သမ်တန်ကလည်း National League Southern Premier Division
ချန်ပီယံဖြစ်ခဲ့လို့ သူတို့နှစ်သင်း တန်းတက်ခွင့်အတွက်
ပလေးအော့ဖ်ပွဲကစားခဲ့ရာမှာ ဆောက်သမ်တန်က ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
မက်နာမာရာဟာ ဗြိတိန်တော်ဝင်လေတပ်မှာ

နည်းပညာရှင်အဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး
နေရာမဖော်ပြတဲ့ ဒေသမှာ အထူးစစ်ဆင်ရေး
တစ်ရပ် ဆောင်ရွက်ရမှာဖြစ်လို့ ဗိုလ်လုပွဲကို
မကြီးကြပ်နိုင်ခဲ့တာဖြစ်ပြီး သြဂုတ်လအစောပိုင်းမှာတော့
ဝုဗ်အမျိုးသမီးအသင်းနဲ့ ပြန်လည်ပူးပေါင်းဖွယ်ရှိနေပါတယ်။

Zawgyi

ေတာ္၀င္ေလတပ္မွာ တာ၀န္ထမ္းေဆာင္လို႔ မႀကီးၾကပ္ႏိုင္ခဲ့တဲ့ နည္းျပနဲ႔ အေရးႀကီးပြဲ ရံႈးသြားတ့ဲ ၀ုဗ္အမ်ိဳးသမီးအသင္း
၀ုဗ္အမ်ိဳးသမီးအသင္းနည္းျပ ဒန္မက္နာမာရာဟာ ၿဗိတိန္ေတာ္၀င္ေလတပ္ရဲ႕

အထူးလွ်ိဳ႕၀ွက္စစ္ဆင္ေရးမွာ တာ၀န္ထမ္းေဆာင္ေနရလုိ႔
စေနညက ကစားခဲ့တဲ့ တန္းတက္ပေလးေအာ့္ဖ္ဗိုလ္လုပြဲအျဖစ္
ေဆာက္သမ္တန္နဲ႔ပြဲမွာ ပါ၀င္မႀကီးၾကပ္ႏိုင္ခဲ့ဘဲ အသင္းကလည္း
၁-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရလုိ႔ ဒုတိယတန္းကို တန္းတက္ခြင့္
ဆံုးရံႈးသြားခဲ့ရၿပီး တတိယတန္းမွာ ဆက္လက္ကစားရေတာ့မွာျဖစ္ပါတယ္။

၀ုဗ္အမ်ိဳးသမီးအသင္းဟာ အဲဒီပြဲမွာ အႏုိင္ရရင္
ခ်န္ပီယံရွစ္ၿပိဳင္ပြဲကို တန္းတက္ခြင့္ရရွိမွာျဖစ္သလို အသင္းသားေတြလည္း
လစာရတ့ဲ ပေရာ္ဖက္ရွင္နယ္ ကစားသမားေတြျဖစ္လာဖို႔
အခြင့္အေရးပိုမ်ားလာမွာျဖစ္ပါတယ္။
ၿဗိတိန္တပ္မေတာ္မွာ တာ၀န္ထမ္းေဆာင္တာ ၁၄ ႏွစ္

ရွိေနၿပီျဖစ္တဲ့ မက္နာမာရာဟာ ဇန္န၀ါရီလကတည္းက
စစ္ေရးတာ၀န္ေတြေၾကာင့္ အသင္းရဲ႕အေရးႀကီးတဲ့
အစိတ္အပိုင္းတစ္ရပ္ကို လြဲေခ်ာ္ရလိမ့္မယ္လုိ႔
အထက္အရာရွိေတြက သူ႕ကို အေၾကာင္းၾကားခဲ့ေပမယ့္
ကာယကံရွင္ျဖစ္သူကေတာ့ အဲဒီသတင္းကို

အသင္းသားေတြဆီ ခ်က္ခ်င္းအသိမေပးခဲ့ပါဘူး။
၀ုဗ္အသင္းဟာ National League Northern Premier Division
ခ်န္ပီယံျဖစ္ခဲ့ရာမွာ တစ္ရာသီလုံး ၂၆ပြဲအနက္ ၁ပြဲပဲ
အေရးနိမ့္ခဲ့ၿပီး ၂၀၁၇ က အသင္းစတင္တည္ေထာင္ခဲ့တဲ့
ေဆာက္သမ္တန္ကလည္း National League Southern Premier Division

ခ်န္ပီယံျဖစ္ခဲ့လုိ႔ သူတုိ႔ႏွစ္သင္း တန္းတက္ခြင့္အတြက္
ပေလးေအာ့ဖ္ပြဲကစားခဲ့ရာမွာ ေဆာက္သမ္တန္က ၁-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တာပါ။
မက္နာမာရာဟာ ၿဗိတိန္ေတာ္၀င္ေလတပ္မွာ
နည္းပညာရွင္အျဖစ္ တာ၀န္ထမ္းေဆာင္ေနတာျဖစ္ၿပီး
ေနရာမေဖာ္ျပတဲ့ ေဒသမွာ အထူးစစ္ဆင္ေရး

တစ္ရပ္ ေဆာင္ရြက္ရမွာျဖစ္လို႔ ဗိုလ္လုပြဲကို
မႀကီးၾကပ္ႏုိင္ခဲ့တာျဖစ္ၿပီး ၾသဂုတ္လအေစာပိုင္းမွာေတာ့
၀ုဗ္အမ်ိဳးသမီးအသင္းနဲ႔ ျပန္လည္ပူးေပါင္းဖြယ္ရွိေနပါတယ္။