တော်ကီကြွယ်ပြခဲ့တဲ့ ကလော့ပ်ကို လီဗာပူးပရိသတ်တွေ အောက်ဖဲလှန်ပြီး ဝိုင်းဆော်ကုန်ပြီ

ရီးရဲလ်ကိုအိမ်ကွင်းမှာ အရှက်တကွဲရှုံးနိမ့်ပြီးနောက် လီဗာပူးပရိသတ်တွေဟာ

နည်းပြကလော့ပ်ကို အောက်ဖဲလှန်ပြီး လှောင်ပြောင်လာခဲ့ကြပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပရာ ပဲရစ်ကို

အရောက်လှမ်းနိုင်ခဲ့ပေမယ့် ရီးရဲလ်ကို ၁-၀ နဲ့ကပ်ရှုံးပြီး ဆုဖလားလက်လွှတ်ခဲ့ရပါတယ်။

ပွဲအပြီးမှာတော့ ကလော့ပ်ဟာ မာဆေးဆိုက်ပရိသတ်တွေကြွေဆင်းသွားလောက်အောင်

တော်ကီကြွယ်ပြခဲ့ပါတယ်။ ဒီရာသီဖိုင်နယ်ပွဲအတွက် အစ္စတန်ဘူလ်မှာ

ဟိုတယ်ဘိုကင်လုပ်ထားဖို့ မှတ်ချက်ပေးခဲ့တာပါ။ လက်ရှိအနေအထားအရတော့

လီဗာပူးဟာ ၁၆ သင်းအဆင့်ကထွက်ခွာပြီး ဖလားလက်မဲ့ရာသီတစ်ခုဖြတ်သန်းရဖို့

သေချာသလောက်ရှိနေခဲ့ပါတယ်။ ပဲရစ်က ဖိုင်နယ်ပွဲအပြီးမှာ ကလော့ပ်က

“ဗိုလ်လုပွဲရောက်တာက လိုချင်တဲ့အောင်မြင်မှုမဟုတ်ပေမယ့် အောင်မြင်တယ်လို့ဆိုရမယ်။

နောက်တစ်ကြိမ်ပြန်လာမယ်လို့ ဆန္ဒတွေပြင်းပြနေတယ်။ ကောင်လေးတွေက

ပြိုင်ဆိုင်မှုအားကောင်းသလို တကယ့်ထူးချွန်သူတွေဖြစ်လို့ နောက်ရာသီမှာ

ထပ်ဖြစ်လာဦးမှာပါ။ ငါတို့နောက်တစ်ကြိမ်သွားကြမယ်။ နောက်ရာသီက

ဘယ်မှာလဲ၊ အစ္စတန်ဘူလ်မှာလား၊ ဟိုတယ် ဘိုကင်လုပ်ထားလိုက်ပါ” လို့

တော်ကီကြွယ်ပြခဲ့တာဖြစ်တယ်။ အခုအခါမှာတော့ ပါပူးဖန်တွေက

“မိသားစုနဲ့အတူ ပွဲကြည့်ချင်လို့ထင်တယ်မလား” ၊ “သူကိုယ်တိုင်အတွက်

မဟုတ်ဘူး၊ အန်ဆလော့တီအတွက် ဘိုကင်လုပ်ပေးလိုက်ပါ” ၊

“တီဗီမှာကြည့်ရုံပုံ ဂျာဂင်” လို့ အသီးသီး လှောင်ပြောင်သွားခဲ့ကြပါတယ်။

zawgyi

ေတာ္ကီႂကြယ္ျပခဲ့တဲ့ ကေလာ့ပ္ကို လီဗာပူးပရိသတ္ေတြ ေအာက္ဖဲလွန္ၿပီး ဝိုင္းေဆာ္ကုန္ၿပီ

ရီးရဲလ္ကိုအိမ္ကြင္းမွာ အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္ လီဗာပူးပရိသတ္ေတြဟာ

နည္းျပကေလာ့ပ္ကို ေအာက္ဖဲလွန္ၿပီး ေလွာင္ေျပာင္လာခဲ့ၾကပါတယ္။

လီဗာပူးဟာ ၿပီးခဲ့တဲ့ရာသီမွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲက်င္းပရာ ပဲရစ္ကို

အေရာက္လွမ္းႏိုင္ခဲ့ေပမယ့္ ရီးရဲလ္ကို ၁-၀ နဲ႔ကပ္ရႈံးၿပီး ဆုဖလားလက္လႊတ္ခဲ့ရပါတယ္။

ပြဲအၿပီးမွာေတာ့ ကေလာ့ပ္ဟာ မာေဆးဆိုက္ပရိသတ္ေတြေႂကြဆင္းသြားေလာက္ေအာင္

ေတာ္ကီႂကြယ္ျပခဲ့ပါတယ္။ ဒီရာသီဖိုင္နယ္ပြဲအတြက္ အစၥတန္ဘူလ္မွာ

ဟိုတယ္ဘိုကင္လုပ္ထားဖို႔ မွတ္ခ်က္ေပးခဲ့တာပါ။ လက္ရွိအေနအထားအရေတာ့

လီဗာပူးဟာ ၁၆ သင္းအဆင့္ကထြက္ခြာၿပီး ဖလားလက္မဲ့ရာသီတစ္ခုျဖတ္သန္းရဖို႔

ေသခ်ာသေလာက္ရွိေနခဲ့ပါတယ္။ ပဲရစ္က ဖိုင္နယ္ပြဲအၿပီးမွာ ကေလာ့ပ္က

“ဗိုလ္လုပြဲေရာက္တာက လိုခ်င္တဲ့ေအာင္ျမင္မႈမဟုတ္ေပမယ့္ ေအာင္ျမင္တယ္လို႔ဆိုရမယ္။

ေနာက္တစ္ႀကိမ္ျပန္လာမယ္လို႔ ဆႏၵေတြျပင္းျပေနတယ္။ ေကာင္ေလးေတြက

ၿပိဳင္ဆိုင္မႈအားေကာင္းသလို တကယ့္ထူးခြၽန္သူေတြျဖစ္လို႔ ေနာက္ရာသီမွာ

ထပ္ျဖစ္လာဦးမွာပါ။ ငါတို႔ေနာက္တစ္ႀကိမ္သြားၾကမယ္။ ေနာက္ရာသီက

ဘယ္မွာလဲ၊ အစၥတန္ဘူလ္မွာလား၊ ဟိုတယ္ ဘိုကင္လုပ္ထားလိုက္ပါ” လို႔

ေတာ္ကီႂကြယ္ျပခဲ့တာျဖစ္တယ္။ အခုအခါမွာေတာ့ ပါပူးဖန္ေတြက

“မိသားစုနဲ႔အတူ ပြဲၾကည့္ခ်င္လို႔ထင္တယ္မလား” ၊ “သူကိုယ္တိုင္အတြက္

မဟုတ္ဘူး၊ အန္ဆေလာ့တီအတြက္ ဘိုကင္လုပ္ေပးလိုက္ပါ” ၊

“တီဗီမွာၾကည့္႐ုံပုံ ဂ်ာဂင္” လို႔ အသီးသီး ေလွာင္ေျပာင္သြားခဲ့ၾကပါတယ္။