
ဘာစီလိုနာကနေ အက်စတွန်ဗီလာကို အငှားနဲ့ပြောင်းရွှေ့လာခဲ့တဲ့
ကော်တင်ဟိုဟာ ဘာစီလိုနာကနေ သူ ရရှိမယ့် လုပ်ခလစာကို
ရယူသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။
အသက်(၂၁)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား
ဖယ်ရန်တောရက်စ်က ဆောင်းဈေးကွက် အစပိုင်းမှာပဲ
မန်စီးတီးအသင်းကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကြေး
ယူရို(၅၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပေမယ့် ဘာစီလိုနာအသင်းရဲ့
ကစားသမား လုပ်ခလစာ ဖောင်းပွမှုနဲ့ လာလီဂါပြိုင်ပွဲကနေ
သတ်မှတ်ထားတဲ့ လစာသတ်မှတ်ချက်တွေကြောင့် တောရက်စ်ကို
ဘာစီလိုနာ ကစားသမားအဖြစ် စာရင်းမသွင်းနိုင်သေးတာ ဖြစ်ပါတယ်။
ဗီလာကို ပြောင်းရွှေ့ခဲ့တဲ့ ကော်တင်ဟိုက အသင်းသစ်မှာ
လစာငွေရဲ့ ၆၅% ကိုသာ ရရှိမှာပါ။ ပေါင် ၁၂၀၀၀၀ သာရရှိမှာဖြစ်ပြီး
ကျန် ၃၅% ကို ဘာစီလိုနာက ပေးချေရမှာပါ။ ဒါပေမယ့် ကော်တင်ဟိုကတော့
အသင်းဟောင်းဘာကာက အသစ်ခေါ်ယူထားတဲ့
တောရက်စ်ကို ကစားသမားအဖြစ် မှတ်ပုံတင်နိုင်စေဖို့
သူရမယ့် လစာ ၃၅% ကို မယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
လီဗာပူးမှာ ခြေစွမ်းပြခဲ့ပြီးနောက် ပေါင် ၁၄၂သန်းအထိ ပေးချေကာ
ဘာစီလိုနာက ကော်တင်ဟိုကို ခေါ်ယူခဲ့ပေမယ့် ထင်မှတ်သလိုတော့မဖြစ်ခဲ့ပါဘူး။
ဒါကြောင့်လည်း ကော်တင်ဟိုဟာ ဘိုင်ယန်မြူးနစ်ကို
အငှားနဲ့ထွက်ကစားခဲ့ရသလို အခုအခါ ဒုတိယအကြိမ်မြောက်အဖြစ်
အငှားထပ်မံကစားရတော့မှာဖြစ်ပြီး သူ ကျင်လည်ခဲ့ဖူးရာ
အင်္ဂလန်ကို ပြန်ခြေချတော့မှာဖြစ်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ လီဗာပူးအသင်းဖော်ဟောင်းဂျရတ်က
နည်းပြအဖြစ်ကိုင်တွယ်နေတဲ့ ဗီလာကို ရောက်ရှိမှာဖြစ်ကာ
နည်းပြနဲ့ ကစားသမားအဖြစ် သူတို့နှစ်ဦး ပြန်ဆုံကြတော့မှာဖြစ်ပါတယ်။
zawgyi
ေတာရက္စ္ကို ကစားသမားအျဖစ္ မွတ္ပုံတင္ႏိုင္ေစဖို႔ သူ ရရွိမယ့္ လုပ္ခလစာကို မယူသြားတဲ့ ေကာ္တင္ဟို
ဘာစီလိုနာကေန အက္စတြန္ဗီလာကို အငွားနဲ႔ေျပာင္းေ႐ႊ႕လာခဲ့တဲ့
ေကာ္တင္ဟိုဟာ ဘာစီလိုနာကေန သူ ရရွိမယ့္ လုပ္ခလစာကို
ရယူသြားမွာမဟုတ္ဘူးလို႔ သိရပါတယ္။
အသက္(၂၁)ႏွစ္အ႐ြယ္ရွိ စပိန္လက္ေ႐ြးစင္ တိုက္စစ္ကစားသမား
ဖယ္ရန္ေတာရက္စ္က ေဆာင္းေဈးကြက္ အစပိုင္းမွာပဲ
မန္စီးတီးအသင္းကေန ဘာစီလိုနာအသင္းဆီကို ေျပာင္းေ႐ႊ႕ေၾကး
ယူ႐ို(၅၅)သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တာ ျဖစ္ေပမယ့္ ဘာစီလိုနာအသင္းရဲ႕
ကစားသမား လုပ္ခလစာ ေဖာင္းပြမႈနဲ႔ လာလီဂါၿပိဳင္ပြဲကေန
သတ္မွတ္ထားတဲ့ လစာသတ္မွတ္ခ်က္ေတြေၾကာင့္ ေတာရက္စ္ကို
ဘာစီလိုနာ ကစားသမားအျဖစ္ စာရင္းမသြင္းႏိုင္ေသးတာ ျဖစ္ပါတယ္။
ဗီလာကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ေကာ္တင္ဟိုက အသင္းသစ္မွာ
လစာေငြရဲ႕ ၆၅% ကိုသာ ရရွိမွာပါ။ ေပါင္ ၁၂၀၀၀၀ သာရရွိမွာျဖစ္ၿပီး
က်န္ ၃၅% ကို ဘာစီလိုနာက ေပးေခ်ရမွာပါ။ ဒါေပမယ့္ ေကာ္တင္ဟိုကေတာ့
အသင္းေဟာင္းဘာကာက အသစ္ေခၚယူထားတဲ့
ေတာရက္စ္ကို ကစားသမားအျဖစ္ မွတ္ပုံတင္ႏိုင္ေစဖို႔
သူရမယ့္ လစာ ၃၅% ကို မယူဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
လီဗာပူးမွာ ေျခစြမ္းျပခဲ့ၿပီးေနာက္ ေပါင္ ၁၄၂သန္းအထိ ေပးေခ်ကာ
ဘာစီလိုနာက ေကာ္တင္ဟိုကို ေခၚယူခဲ့ေပမယ့္ ထင္မွတ္သလိုေတာ့မျဖစ္ခဲ့ပါဘူး။
ဒါေၾကာင့္လည္း ေကာ္တင္ဟိုဟာ ဘိုင္ယန္ျမဴးနစ္ကို
အငွားနဲ႔ထြက္ကစားခဲ့ရသလို အခုအခါ ဒုတိယအႀကိမ္ေျမာက္အျဖစ္
အငွားထပ္မံကစားရေတာ့မွာျဖစ္ၿပီး သူ က်င္လည္ခဲ့ဖူးရာ
အဂၤလန္ကို ျပန္ေျခခ်ေတာ့မွာျဖစ္ပါတယ္။
ဒီတစ္ႀကိမ္မွာေတာ့ လီဗာပူးအသင္းေဖာ္ေဟာင္းဂ်ရတ္က
နည္းျပအျဖစ္ကိုင္တြယ္ေနတဲ့ ဗီလာကို ေရာက္ရွိမွာျဖစ္ကာ
နည္းျပနဲ႔ ကစားသမားအျဖစ္ သူတို႔ႏွစ္ဦး ျပန္ဆုံၾကေတာ့မွာျဖစ္ပါတယ္။