တောင်ပံကစားသမားတစ်ယောက်ရဖို့အတွက် ကစားသမား ၄ ယောက် ပစ်ရင်းတော့မယ့် မန်ယူ

အေဂျက်ဇ်တောင်ပံကစားသမား အန်တိုနီ မားသီယပ်စ်ကို ခေါ်ယူနိုင်ဖို့ မန်ယူအသင်း ပထမဆုံး စီစဉ်နေတာကတော့ အိုးလ်ထရက်ဖို့ဒ်မှာ နေရာမရ ဖြစ်နေတဲ့ ကစားသမား ၄ ဦးကို ထုတ်ရောင်းမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။

မန်ယူနည်းပြ အဲရစ်တန်ဟက်ဟာ နွေဈေးကွက် မပိတ်ခင်မှာ ကစားသမားအင် အားဖြည့်တင်းနိုင်ဖို့အတွက် ပစ်မှတ်မျိုးစုံ ချိန်ရွယ်ထားပြီး လက်ရှိမှာတော့ အေဂျက်ဇ်ရဲ့ အသက် ၂၂ နှစ်အရွယ် အန်တိုနီကို ချဉ်းကပ်နေပြီဖြစ်ပါတယ်။

လက်ရှိနွေဈေးကွက်အတွင်းမှာ မာလာစီယာနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ အတွက် ပေါင်သန်း ၇၀ လောက် သုံးထားပြီးဖြစ်တဲ့ မန်ယူဟာ ငွေကြေးအင်အား လုံလုံလောက်လောက်ရှိဖို့အတွက် အသင်းမှာရှိနေတဲ့ ကစားသမား တချို့ကို

ထုတ်ရောင်းဖို့ စီစဉ်နေရပြီဖြစ်ပါတယ်။ ကစားသမားသစ်တွေ ရောက်လာစေဖို့အတွက် အသင်းမှာရှိတဲ့ ကစားသမားတွေကို ထုတ်ရောင်း ရမယ်ဆိုတာကိုလည်း နည်းပြတန်ဟက် ကောင်းကောင်း နားလည်သဘော ပေါက်ထားပါတယ်။

အန်တိုနီရဲ့ ပြောင်းရွှေ့ကြေးအတွက် နယ်သာလန် ထိပ်သီးကလပ်က ပေါင်သန်း ၆၀ လို့ သတ်မှတ်ထားပေမယ့် ဒီအပြောင်းအရွှေ့ ဟာ ရိုးရှင်းလွယ်ကူတဲ့ အပြောင်းအရွှေ့မျိုးတော့ ဖြစ်လာနိုင်စရာ အကြောင်း မရှိဘူးလို့ Mirror သတင်းစာက ဖော်ပြပါတယ်။

လက်ရှိမှာ မန်ယူဟာ ရီးရဲလ် ကွင်းလယ်လူ ကက်စ်မီရိုကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူခဲ့ပြီးဖြစ်တာကြောင့် နောက်ထပ်ကစားသမား ခေါ်ယူဖို့အတွက် ဘဏ္ဍာရေးလိုအပ်ချက် ရှိလာနေပြီဖြစ်ပါတယ်။ ဒါကြောင့် အခု ထုတ်ရောင်းဖို့အတွက် စီစဉ်ထားတဲ့

ကစား သမားတွေကတော့ ဝမ်ဘစ်ဆာကာ (ပေါင် ၁၀ သန်း)၊ လင်ဒီလော့ဖ် (ပေါင် ၂၅ သန်း)၊ ဂျိမ်းစ်ဂါနာ (ပေါင် ၁၅ သန်း)နဲ့ ဒီယာလို (ပေါင် ၁၈ သန်း) တို့ ဖြစ်တယ် လို့ Mirror က ဖော်ပြခဲ့ပါတယ်။ အခုဖော်ပြခဲ့တဲ့ ကစားသမားတွေအတွက်

သင့်တော်ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာခဲ့မယ်ဆိုရင် မန်ယူက လက်ခံသွားမှာဖြစ်သလို အနှေးနဲ့အမြန် ရောင်းထုတ်သွားဖို့ ရှိနေပြီး တစ်ဖက်မှာ သူတို့ပစ်မှတ်ထားချိန်ရွယ်နေတဲ့ ကစားသမားကိုလည်း နွေဈေးကွက်မပိတ်ခင် အမိအရ ခေါ်ယူသွားဖို့ သရဲနီတို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

(zawgyi)

ေအဂ်က္ဇ္ေတာင္ပံကစားသမား အန္တိုနီ မားသီယပ္စ္ကို ေခၚယူႏိုင္ဖို႔ မန္ယူအသင္း ပထမဆုံး စီစဥ္ေနတာကေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ ေနရာမရ ျဖစ္ေနတဲ့ ကစားသမား ၄ ဦးကို ထုတ္ေရာင္းမယ့္ အစီအစဥ္ပဲ ျဖစ္ပါတယ္။ မန္ယူနည္းျပ အဲရစ္တန္ဟက္ဟာ ေႏြေဈးကြက္ မပိတ္ခင္မွာ

ကစားသမားအင္ အားျဖည့္တင္းႏိုင္ဖို႔အတြက္ ပစ္မွတ္မ်ိဳးစုံ ခ်ိန္႐ြယ္ထားၿပီး လက္ရွိမွာေတာ့ ေအဂ်က္ဇ္ရဲ႕ အသက္ ၂၂ ႏွစ္အ႐ြယ္ အန္တိုနီကို ခ်ဥ္းကပ္ေနၿပီျဖစ္ပါတယ္။ လက္ရွိေႏြေဈးကြက္အတြင္းမွာ မာလာစီယာနဲ႔ လီဆန္ဒ႐ိုမာတီနက္ဇ္တို႔ အတြက္ ေပါင္သန္း ၇၀ ေလာက္ သုံးထားၿပီးျဖစ္တဲ့ မန္ယူဟာ

ေငြေၾကးအင္အား လုံလုံေလာက္ေလာက္ရွိဖို႔အတြက္ အသင္းမွာရွိေနတဲ့ ကစားသမား တခ်ိဳ႕ကို ထုတ္ေရာင္းဖို႔ စီစဥ္ေနရၿပီျဖစ္ပါတယ္။ ကစားသမားသစ္ေတြ ေရာက္လာေစဖို႔အတြက္ အသင္းမွာရွိတဲ့ ကစားသမားေတြကို ထုတ္ေရာင္း ရမယ္ဆိုတာကိုလည္း နည္းျပတန္ဟက္

ေကာင္းေကာင္း နားလည္သေဘာ ေပါက္ထားပါတယ္။ အန္တိုနီရဲ႕ ေျပာင္းေ႐ႊ႕ေၾကးအတြက္ နယ္သာလန္ ထိပ္သီးကလပ္က ေပါင္သန္း ၆၀ လို႔ သတ္မွတ္ထားေပမယ့္ ဒီအေျပာင္းအေ႐ႊ႕ ဟာ ႐ိုးရွင္းလြယ္ကူတဲ့ အေျပာင္းအေ႐ႊ႕မ်ိဳးေတာ့ ျဖစ္လာႏိုင္စရာ အေၾကာင္း မရွိဘူးလို႔ Mirror သတင္းစာက

ေဖာ္ျပပါတယ္။ လက္ရွိမွာ မန္ယူဟာ ရီးရဲလ္ ကြင္းလယ္လူ ကက္စ္မီ႐ိုကို ေပါင္သန္း ၆၀ နဲ႔ ေခၚယူခဲ့ၿပီးျဖစ္တာေၾကာင့္ ေနာက္ထပ္ကစားသမား ေခၚယူဖို႔အတြက္ ဘ႑ာေရးလိုအပ္ခ်က္ ရွိလာေနၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ အခု ထုတ္ေရာင္းဖို႔အတြက္ စီစဥ္ထားတဲ့ ကစား သမားေတြကေတာ့

ဝမ္ဘစ္ဆာကာ (ေပါင္ ၁၀ သန္း)၊ လင္ဒီေလာ့ဖ္ (ေပါင္ ၂၅ သန္း)၊ ဂ်ိမ္းစ္ဂါနာ (ေပါင္ ၁၅ သန္း)နဲ႔ ဒီယာလို (ေပါင္ ၁၈ သန္း) တို႔ ျဖစ္တယ္ လို႔ Mirror က ေဖာ္ျပခဲ့ပါတယ္။ အခုေဖာ္ျပခဲ့တဲ့ ကစားသမားေတြအတြက္ သင့္ေတာ္ေကာင္းမြန္တဲ့ ကမ္းလွမ္းမႈေတြ ရွိလာခဲ့မယ္ဆိုရင္

မန္ယူက လက္ခံသြားမွာျဖစ္သလို အေႏွးနဲ႔အျမန္ ေရာင္းထုတ္သြားဖို႔ ရွိေနၿပီး တစ္ဖက္မွာ သူတို႔ပစ္မွတ္ထားခ်ိန္႐ြယ္ေနတဲ့ ကစားသမားကိုလည္း ေႏြေဈးကြက္မပိတ္ခင္ အမိအရ ေခၚယူသြားဖို႔ သရဲနီတို႔ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။