တောင်ကိုရီးယားရဲ့ လူနေထူထပ်တဲ့ အီထယ်ဝန်ခရိုင်က လူအုပ်ပိမိပြီး လူအတော်များများသေဆုံးနိုင်ခြေရှိတဲ့ ဟောလိုးဝင်းပွဲတော်

တောင်ကိုရီးယားရဲ့ လူစည်ကားရာ အီထယ်ဝန်ခရိုင်က Hamilton ဟော်တယ် အနီးမှာ ကျင်းပနေတဲ့ ဟောလိုးဝင်းပွဲတော်မှာ

လူဦးရေများလွန်းခဲ့ပြီး အချင်းချင်းပိမိကာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း သေဆုံးသူဦးရေဟာ ၅၉ ဦးကနေ ၁၂၀ ဦးအထိ တိုးလာခဲ့ပြီး

ဒဏ်ရာရသူလည်း ၁၀၀ ကျော်ရှိနေတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြနေကြပါတယ်။

ဒါဇင်နဲ့ချီတဲ့လူအုပ်တွေဟာ အသက်ရှူကြပ်တဲ့ပုံစံဖြစ်ခဲ့သလို လူ ၈၁ ယောက်လောက်ဟာ

ရုတ်တရက် နှလုံးဖောက်ပြန်ပြီးမေ့လဲခဲ့ကြတယ်လို့ သတင်တွေမှာ ဖော်ပြနေကြပါတယ်။

မြို့တော်ဆိုးလ်ရဲ့ လမ်းမထက်မှာ သေဆုံးသူတွေကို ထည့်ထားတဲ့ အိပ်တွေကိုလည်း တွေ့နေရသလို

အရေးပေါ် CPR လုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အောက်မှာပိနေသေးတဲ့

လူတွေကို ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေတာတွေကိုလည်း ဗီဒီယိုတွေမှာတွေ့နေရပါတယ်။

အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေတဲ့ သတင်းထောက် Mr Lee က

” လူနာတင်ကားတွေ အများကြီးနဲ့ အလောင်းတွေကို တစ်ယောက်ပြီးတစ်ယောက် သယ်ယူသွားတာကို တွေ့ခဲ့တယ်။

ဟောလိုးဝင်း ဝတ်စုံတွေ ဝတ်ဆင်ထားကြတဲ့ လူငယ်တွေလည်း စုရုံးရောက်နေခဲ့ကြတာကိုတွေ့ရသလို

ဒီဖြစ်ရပ်ကို မြင်ရတာက ကြေကွဲ ဝမ်းနည်းစရာကောင်းလွန်းပါတယ်” လို့ ပြောထားပါတယ်။

ဒီဖြစ်စဉ်ရဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေအတော်များများဟာ ဆိုရှယ်မီဒီယာတွေပေါ် ဆက်တိုက ပြန်နှံလျှက်ရှိနေပြီး

လမ်းမပေါ်မှာ သတိလစ်နေသူတွေ လူအုပ်တွေကြားထဲမှာ အရေးပေါ်ကုသရေးအဖွဲ့က လိုက်လံကုသပေးနေတာကိုတွေ့ရပါတယ်။

သမ္မတကိုယ်တိုင်က ဒီဟော်လိုးဝင်းပွဲ တော်အတွက် စုဝေးရာနေရာကို ကယ်ဆယ်ရေးအဖွဲ့တွေစေလွှတ်ထားပေးမယ့်

မထင်မှတ်တဲ့အခြေအနေတစ်ရပ်နဲ့ကြုံကြိုက်ခဲ့ရတာဖြစ်တယ်။

အခုအချိန်ထိတော့ ဘယ်လောက်အထိသေဆုံးပြီး ဘယ်နှစ်ယောက်ဒဏ်ရာရသလဲဆိုတာ အတိအကျမသိရသေးပါဘူး။

ညနေပိုင်းကတည်းက လူမှုကွန်ယက်ပေါ်မှာတက်လာတဲ့ သတင်းတွေအရ ထိုနေရာမှာ လူအတော်များနေပြီး လုံခြုံမှုမရှိဘူး အန္တရာယ်ရှိနိုင်တယ်လို့ ရေးသားပြောဆိုမှုတွေရှိခဲ့ပါတယ်။

ကပ်ရောဂါနောက်ပိုင်း အကွာအကွယ်မဲ့အဖြစ် ပထမဆုံးပြန်လည်ကျင်းပခဲ့တဲ့ ဟောလိုးဝင်းပွဲတော်ကို လာရောက်တဲ့လူဦးရေ တစ်သိန်းဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။

ဒေသတွင်း သတင်းတစ်ခုကတော့ အဲ့သည့်နေရာမှာနေထိုင်သူတွေရဲ့ ဖုန်းတွေဆီကို အရေးပေါ်ကြေငြာချက်ပေးပို့ခဲ့ပြီး

စာထဲမှာ ဟာမီလ်တန် ဟိုတယ်အနီးဖြစ်ပွားခဲ့တဲ့ မတော်တဆမှုကြီးကြောင့် နေအိမ်တွေဆီကို အမြန်ဆုံးပြန်ကြရန် တိုက်တွန်းထားတယ်လို့ ဖော်ပြထားပါတယ်။

zawgyi

ေတာင္ကိုရီးယားရဲ႕ လူေနထူထပ္တဲ့ အီထယ္ဝန္ခ႐ိုင္က လူအုပ္ပိမိၿပီး လူအေတာ္မ်ားမ်ားေသဆုံးႏိုင္ေျခရွိတဲ့ ေဟာလိုးဝင္းပြဲေတာ္

ေတာင္ကိုရီးယားရဲ႕ လူစည္ကားရာ အီထယ္ဝန္ခ႐ိုင္က Hamilton ေဟာ္တယ္ အနီးမွာ က်င္းပေနတဲ့ ေဟာလိုးဝင္းပြဲေတာ္မွာ

လူဦးေရမ်ားလြန္းခဲ့ၿပီး အခ်င္းခ်င္းပိမိကာ လူေပါင္း ၁၀၀ ေက်ာ္ ေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ နာရီပိုင္းအတြင္း ေသဆုံးသူဦးေရဟာ ၅၉ ဦးကေန ၁၂၀ ဦးအထိ တိုးလာခဲ့ၿပီး

ဒဏ္ရာရသူလည္း ၁၀၀ ေက်ာ္ရွိေနတယ္လို႔ ေဒသတြင္း မီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။

ဒါဇင္နဲ႔ခ်ီတဲ့လူအုပ္ေတြဟာ အသက္ရႉၾကပ္တဲ့ပုံစံျဖစ္ခဲ့သလို လူ ၈၁ ေယာက္ေလာက္ဟာ

႐ုတ္တရက္ ႏွလုံးေဖာက္ျပန္ၿပီးေမ့လဲခဲ့ၾကတယ္လို႔ သတင္ေတြမွာ ေဖာ္ျပေနၾကပါတယ္။

ၿမိဳ႕ေတာ္ဆိုးလ္ရဲ႕ လမ္းမထက္မွာ ေသဆုံးသူေတြကို ထည့္ထားတဲ့ အိပ္ေတြကိုလည္း ေတြ႕ေနရသလို

အေရးေပၚ CPR လုပ္ေဆာင္ေနတဲ့ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေအာက္မွာပိေနေသးတဲ့

လူေတြကို ကယ္ထုတ္ႏိုင္ဖို႔ ႀကိဳးစားေနတာေတြကိုလည္း ဗီဒီယိုေတြမွာေတြ႕ေနရပါတယ္။

အခင္းျဖစ္ပြားရာေနရာကို ေရာက္ရွိေနတဲ့ သတင္းေထာက္ Mr Lee က

” လူနာတင္ကားေတြ အမ်ားႀကီးနဲ႔ အေလာင္းေတြကို တစ္ေယာက္ၿပီးတစ္ေယာက္ သယ္ယူသြားတာကို ေတြ႕ခဲ့တယ္။

ေဟာလိုးဝင္း ဝတ္စုံေတြ ဝတ္ဆင္ထားၾကတဲ့ လူငယ္ေတြလည္း စု႐ုံးေရာက္ေနခဲ့ၾကတာကိုေတြ႕ရသလို

ဒီျဖစ္ရပ္ကို ျမင္ရတာက ေၾကကြဲ ဝမ္းနည္းစရာေကာင္းလြန္းပါတယ္” လို႔ ေျပာထားပါတယ္။

ဒီျဖစ္စဥ္ရဲ႕ ဓာတ္ပုံေတြနဲ႔ ဗီဒီယိုေတြအေတာ္မ်ားမ်ားဟာ ဆိုရွယ္မီဒီယာေတြေပၚ ဆက္တိုက ျပန္ႏွံလွ်က္ရွိေနၿပီး

လမ္းမေပၚမွာ သတိလစ္ေနသူေတြ လူအုပ္ေတြၾကားထဲမွာ အေရးေပၚကုသေရးအဖြဲ႕က လိုက္လံကုသေပးေနတာကိုေတြ႕ရပါတယ္။

သမၼတကိုယ္တိုင္က ဒီေဟာ္လိုးဝင္းပြဲ ေတာ္အတြက္ စုေဝးရာေနရာကို ကယ္ဆယ္ေရးအဖြဲ႕ေတြေစလႊတ္ထားေပးမယ့္

မထင္မွတ္တဲ့အေျခအေနတစ္ရပ္နဲ႔ႀကဳံႀကိဳက္ခဲ့ရတာျဖစ္တယ္။

အခုအခ်ိန္ထိေတာ့ ဘယ္ေလာက္အထိေသဆုံးၿပီး ဘယ္ႏွစ္ေယာက္ဒဏ္ရာရသလဲဆိုတာ အတိအက်မသိရေသးပါဘူး။

ညေနပိုင္းကတည္းက လူမႈကြန္ယက္ေပၚမွာတက္လာတဲ့ သတင္းေတြအရ ထိုေနရာမွာ လူအေတာ္မ်ားေနၿပီး လုံၿခဳံမႈမရွိဘူး အႏၲရာယ္ရွိႏိုင္တယ္လို႔ ေရးသားေျပာဆိုမႈေတြရွိခဲ့ပါတယ္။

ကပ္ေရာဂါေနာက္ပိုင္း အကြာအကြယ္မဲ့အျဖစ္ ပထမဆုံးျပန္လည္က်င္းပခဲ့တဲ့ ေဟာလိုးဝင္းပြဲေတာ္ကို လာေရာက္တဲ့လူဦးေရ တစ္သိန္းဝန္းက်င္ေလာက္ရွိတယ္လို႔ သိရပါတယ္။

ေဒသတြင္း သတင္းတစ္ခုကေတာ့ အဲ့သည့္ေနရာမွာေနထိုင္သူေတြရဲ႕ ဖုန္းေတြဆီကို အေရးေပၚေၾကျငာခ်က္ေပးပို႔ခဲ့ၿပီး

စာထဲမွာ ဟာမီလ္တန္ ဟိုတယ္အနီးျဖစ္ပြားခဲ့တဲ့ မေတာ္တဆမႈၾကီးေၾကာင့္ ေနအိမ္ေတြဆီကို အျမန္ဆံုးျပန္ၾကရန္ တိုက္တြန္းထားတယ္လို႕ ေဖာ္ျပထားပါတယ္။