တူရကီမှာလည်း အသင်းနည်းပြနဲ့ ငြိလို ရောင်းထုတ်ခံလိုက်ရပြန်တဲ့ ဘာလော့တယ်လီ

အင်တာမှာ မော်ရင်ဟိုနဲ့အတူ ချန်ပီယံလိဂ်အပါအဝင် ဆုဖလားတွေရယူနိုင်ခဲ့တဲ့ ဘာလော့တယ်လီဟာ

မန်စီးတီးမှာတုန်းက မန်ချီနီနဲ့ ပြဿနာတွေဖြစ်ခဲ့တဲ့ကစားသမားတစ်ယောက်ပါ။

ပရိသတ်တွေရဲ့ ဦးတည်တိုက်ခိုက်ပြောဆိုမှုတွေခံခဲ့ရသလို သူ့ဘက်ကလည်း

“why always me” ဆိုပြီး မေးခွန်းပြန်ထုတ်ခဲ့လို့ ပွဲဖြစ်ခဲ့ပါသေးတယ်။

သူဟာ ဒီအဖြစ်တွေကြောင့်လည်း ခြေစွမ်းထက်ပါရက်နဲ့ ဘောလုံးလူဆိုးတစ်ယောက်အဖြစ်

မီဒီယာတွေရဲ့ ပုံဖော်ခြင်းကိုခံခဲ့ရပါတယ်။ အခုတစ်ခါမှာလည်း ဘာလော့တယ်လီဟာ

တူရကီကလပ် အေဒါနာဒီမာစပေါ် နည်းပြ မွန်တဲလ်လားနဲ့ကွင်းအတွင်းပြဿနာတက်ခဲ့ပြီး

နောက်ရက်အနည်းငယ်အကြာမှာ ဆွစ်ဇာလန်ကလပ် အက်ဖ်စီဆီယွန်ဆီကို

ပြောင်းရွှေ့ကြေး ပေါင်(၂.၃)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတော့တယ်။

၂၀၂၁ခုနှစ်၊ ဇူလိုင်လတုန်းက အေဒါနာဒီမာစပေါ်ဆီ သုံးနှစ်စာချုပ်နဲ့ ပြောင်းခဲ့ပေမဲ့

(၁၃)လအကြာမှာပဲ နည်းပြမွန်တဲလ်လားနဲ့ အချင်းများကာထွက်ခွာလာခဲ့ရပါပြီ။

စနေနေ့တုန်းကအူမရာနီယီကို (၁-ဝ)ဂိုးနဲ့အနိုင်ရတဲ့ပွဲအပြီးမှာ နည်းပြမွန်တဲလ်လားနဲ့ ကွင်းအတွင်းမှာ စကားအခြေအတင် ပြောဆိုခဲ့ရာကနေ

မွန်တဲလ်လားက အကြီးအကျယ်ဒေါသထွက်ကာ ကိုယ်ထိလက်ရောက်ကျူးလွန်မယ့်အခြေအနေအထိဖြစ်လာခဲ့တာကြောင့်

နည်းပြအဖွဲ့ဝင်တစ်ဦးက ဝင်ထိန်းခဲ့ရပါတယ်။

ဘာလော့တယ်လီဟာ ဒီမာစပေါ်အသင်း အတွက် ပြီးခဲ့တဲ့ရာသီတုန်းက (၁၉)ဂိုးအထိသွင်းယူနိုင်ခဲ့သူဖြစ်ပြီး

၂၀၁၇-၁၈ရာသီတုန်းက နိုက်စ်မှာ (၂၄)ဂိုးသွင်းခဲ့ပြီးနောက်ပိုင်း

သူ့ရဲ့ ဒုတိယအကောင်းဆုံးရာသီ တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

zawgyi

အင္တာမွာ ေမာ္ရင္ဟိုနဲ႔အတူ ခ်န္ပီယံလိဂ္အပါအဝင္ ဆုဖလားေတြရယူႏိုင္ခဲ့တဲ့ ဘာေလာ့တယ္လီဟာ

မန္စီးတီးမွာတုန္းက မန္ခ်ီနီနဲ႔ ျပႆနာေတြျဖစ္ခဲ့တဲ့ကစားသမားတစ္ေယာက္ပါ။

ပရိသတ္ေတြရဲ႕ ဦးတည္တိုက္ခိုက္ေျပာဆိုမႈေတြခံခဲ့ရသလို သူ႔ဘက္ကလည္း

“why always me” ဆိုၿပီး ေမးခြန္းျပန္ထုတ္ခဲ့လို႔ ပြဲျဖစ္ခဲ့ပါေသးတယ္။

သူဟာ ဒီအျဖစ္ေတြေၾကာင့္လည္း ေျခစြမ္းထက္ပါရက္နဲ႔ ေဘာလုံးလူဆိုးတစ္ေယာက္အျဖစ္

မီဒီယာေတြရဲ႕ ပုံေဖာ္ျခင္းကိုခံခဲ့ရပါတယ္။ အခုတစ္ခါမွာလည္း ဘာေလာ့တယ္လီဟာ

တူရကီကလပ္ ေအဒါနာဒီမာစေပၚ နည္းျပ မြန္တဲလ္လားနဲ႔ကြင္းအတြင္းျပႆနာတက္ခဲ့ၿပီး

ေနာက္ရက္အနည္းငယ္အၾကာမွာ ဆြစ္ဇာလန္ကလပ္ အက္ဖ္စီဆီယြန္ဆီကို

ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၂.၃)သန္းနဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့ပါေတာ့တယ္။

၂၀၂၁ခုႏွစ္၊ ဇူလိုင္လတုန္းက ေအဒါနာဒီမာစေပၚဆီ သုံးႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းခဲ့ေပမဲ့

(၁၃)လအၾကာမွာပဲ နည္းျပမြန္တဲလ္လားနဲ႔ အခ်င္းမ်ားကာထြက္ခြာလာခဲ့ရပါၿပီ။

စေနေန႔တုန္းကအူမရာနီယီကို (၁-ဝ)ဂိုးနဲ႔အႏိုင္ရတဲ့ပြဲအၿပီးမွာ နည္းျပမြန္တဲလ္လားနဲ႔ ကြင္းအတြင္းမွာ စကားအေျခအတင္ ေျပာဆိုခဲ့ရာကေန

မြန္တဲလ္လားက အႀကီးအက်ယ္ေဒါသထြက္ကာ ကိုယ္ထိလက္ေရာက္က်ဴးလြန္မယ့္အေျခအေနအထိျဖစ္လာခဲ့တာေၾကာင့္

နည္းျပအဖြဲ႕ဝင္တစ္ဦးက ဝင္ထိန္းခဲ့ရပါတယ္။

ဘာေလာ့တယ္လီဟာ ဒီမာစေပၚအသင္း အတြက္ ၿပီးခဲ့တဲ့ရာသီတုန္းက (၁၉)ဂိုးအထိသြင္းယူႏိုင္ခဲ့သူျဖစ္ၿပီး

၂၀၁၇-၁၈ရာသီတုန္းက ႏိုက္စ္မွာ (၂၄)ဂိုးသြင္းခဲ့ၿပီးေနာက္ပိုင္း

သူ႔ရဲ႕ ဒုတိယအေကာင္းဆုံးရာသီ တစ္ခုကို ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။