တူရကီငလျင်ဒဏ်ကြောင့် သေဆုံးသွားခဲ့တဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်း အက်ဆုရဲ့ရုပ်အလောင်းပြန်လည်တွေ့ရှိ
ချဲလ်ဆီးနဲ့ နယူးကာဆယ်ကြယ်ပွင့်ဟောင်း ခရစ္စတီယန်အက်ဆုဟာ
ပြင်းထန်တဲ့တူရကီငလျင်ဒဏ်ကြားမှာ နှစ်ပတ်နီးပါးအထိ
ကြေကွဲစရာကောင်းလောက်အောင်ပျောက်ဆုံးနေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ အသက် ၃၁နှစ်အရွယ် ပရီးမီးယားလိဂ်
ကြယ်ပွင့်ဟောင်းကို အပျက်အစီးတွေကြားမှာ သေဆုံးလျက်
တွေ့ရှိခဲ့တယ်လို့ Daily Star သတင်းစာကဖော်ပြလိုက်ပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့မှာတော့ တူရကီနဲ့ ဆီးရီးယားနိုင်ငံတွေမှာ
ငလျင်လှုပ်ခတ်ခဲ့ပြီး ဂါနာသားပျောက်ဆုံးနေခဲ့တယ်လို့
သတင်းတွေထွက်ပေါ်ခဲ့တာပါ။ လွန်ခဲ့တဲ့သီတင်းပတ်မှာတော့
ဒဏ်ရာကြောင့်ဆေးရုံပို့ဆောင်ပြီး ကယ်ဆယ်ထားတယ်လို့
မမှန်ကန်တဲ့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့
သူ့ရဲ့အေးဂျင့် နာနာဆီချီရီက ပယ်ချခဲ့ပြီး သေဆုံးမှုကိုအတည်ပြု
ပေးလိုက်တာဖြစ်တယ်။ ယနေ့(စနေနေ့)နံနက်ပိုင်းမှာတော့
သူ့ရဲ့တွစ်တာစာမျက်နှာကတစ်ဆင့် နာနာဆီချီရီက “ဝမ်းနည်းစွာနဲ့ပဲ
ခရစ္စတီယန်အက်ဆုရဲ့ရုပ်အလောင်းကို ဒီနေ့မနက်မှာရှာဖွေတွေ့ရှိခဲ့လို့
မိသားစုဝင်တွေအပါအဝင် ချစ်ရသူတွေနဲ့ထပ်တူဝမ်းနည်းကြောင်း
အသိပေးလိုပါတယ်။ ဒီအခွင့်အရေးအတွက်ဆုတောင်းပေးခဲ့ကြသူ
အားလုံးကိုကျေးဇူးတင်ပါတယ်။ လိုအပ်သလိုစီစဉ်ဆောင်ရွက်ပေးဖို့
တောင်းဆိုပါတယ်၊ ဒီလိုခက်ခဲတဲ့အချိန်မျိုးမှာတော့
မိသားစုနဲ့ပက်သတ်တဲ့လျှို့ဝှက်မှုတွေအတွက် လူတိုင်းကို
လေးစားလိုက်နာစေချင်ပါတယ်” လို့ အသိပေးရေးသားခဲ့ပါတယ်။
zawgyi